ကုလသမဂ္ဂ ရဟတ်ယာဉ်တစင်းနဲ့ လူရှစ်ယောက်ကို ဆိုမာလီ အယ်လ်ရှာဘတ်တို့ ဖမ်းဆီး

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဆိုမာလီရှိ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ အယ်လ်ရှာဘတ်တို့ဟာ ကုလသမဂ္ဂရဟတ်ယာဉ်တစင်း၊ ခရီးသည်နဲ့ အမှုထမ်းရှစ်ယောက်ကို ဖမ်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ဆိုမာလီအလယ်ပိုင်းရှိ အယ်လ်ရှာဘတ်တို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂက အတည်ပြုထားကာ ကုလသမဂ္ဂနဲ့ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးတွေလုပ်ဆောင်တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

အယ်လ်ရှာဘတ်တို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ခြင်းမရှိပေမယ့် တုံံ့ပြန်ရေးကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရဟတ်ယာဉ်ဟာ ဂျူဆန်မာရတ်အရှေ့တောင်ဘက် ကီလိုမီတာ ၇၀ အကွာမှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ကုလသမဂ္ဂဝန်ထမ်းတွေ မပါဝင်ဘဲ စာချုပ်နဲ့လုပ်တဲ့ တတိယအဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို အတိအကျဖော်ပြမထားပေမယ့် ခရီးသည်တယောင်သေဆုံးပြီး အခြားနှစ်ဦး ထွက်ပြေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားပြီး အယ်လ်ကေးဒါးနဲ့ ဆက်နွယ်နေကာ ဆိုမာလီမှာ နှစ်ပေါင်း ၂၀ ကျော် လက်နက်ကိုင်တိုက်ခိုက်နေပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW