အမေရိကန်နိုင်ငံတဝန်းမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီး ဝင်ရောက်နေ

 

ဝါရှင်တန်၊ ဇန်နဝါရီ-၁၃-၂၀၂၄

မျိုးဆက်(VOM)

ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီးဟာ အမေရိကန်တဝန်းကို စတင်ဝင်ရောက်နေပြီး ယခုသီတင်းပတ်ကုန်မှာ အန္တရာယ်ရှိတဲ့ အအေးဒဏ်နဲ့ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်လာနိင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဆိုးရွားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေဆင်နှာမောင်းဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အမျိုးသားမိုးလေဝသဌာနက ပြည်နယ်တိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှာ ပြည်နယ်မဲဆွယ်ပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတဲ့ အိုင်အိုဝါပြည်နယ်မှာ အပူချိန် အနှုတ် ၄၂ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး သီတင်းပတ်အနည်းငယ်အတွင်း တတိယမြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။

မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူက ပြည်နယ်အနောက်ပိုင်းမှာ မုန်တိုင်းမဝင်ရောက်မီ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး မုန်တိုင်းဟာ တက္ကဆက်မှ နယူးယောက်ထိ တနာရီ မိုင် ၅၀ နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Reuters/AP

 

Related posts

Leave a Comment

VOM News

FREE
VIEW