စစ်အေးခေတ်နောက်ပိုင်း တပ်ဖွဲ့ဝင် ကိုးသောင်းနဲ့အတူ နေတိုးအဖွဲ့ အကြီးစား စစ်ရေးလေ့ကျင့်မယ်

 

ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၁၉-၂၀၂၄

မျိုးဆက်(VOM)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)ဟာ စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ပြီး ဒါဟာ ပဋိပက္ခဖြစ်ပွားလာခဲ့ရင် ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဥရောပမဟာမိတ်တွေကို အမေရိကန်က ဘယ်လိုကူညီနိုင်မလည်းဆိုတာ အစမ်းလေ့ကျင့်မှုဖြစ်နိုင်ကြောင်း အကဲခတ်တွေက ပြောပါတယ်။

မေလမှာပြုလုပ်မယ့် Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုမှာ နေတိုးတပ်ဖွဲ့ဝင် ကိုးသောင်းထိပါဝင်မယ်လို့ နေတိုးအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတယောက်ဖြစ်တဲ့ခရစ်ကာဗိုလီက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်သင်္ဘောတွေကနေ ဖျက်သင်္ဘောတွေထိ စစ်သင်္ဘောအစင်းကျော်၊ တိုက်လေယာဉ် ရဟတ်ယာဉ်နဲ့ ဒရုန်း ၈၀ ကျော်၊ တင့်ကား ၁၃၃ စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၅၃၃ စီးပါဝင်မှာဖြစ်တယ်လို့ နေတိုးက ထုတ်ပြန်ထားပါတယ်။

နေတိုးရဲ့ ထုတ်ပြန်ချက်မှာ ရုရှားကိုတိုက်ရိုက်ရည်ညွှန်းတာမျိုးမရှိပေမယ့် အဖွဲ့ရဲ့ မဟာဗျူဟာစာတမ်းမှာတော့ ရုရှားကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အထူးခြားဆုံးနဲ့ တိုက်ရိုက်ခြိမ်းခြောက်တဲ့နိုင်ငံလို့ ဖော်ပြထားပါတယ်။

Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုဟာ နေတိုးအဖွဲ့ရဲ့ မြောက်အမေရိကနဲ့ ဥရောပရဲ့ကာကွယ်ရေးကို အားဖြည့်ဖို့ မဟာမိတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဖြန့်ကြက်နိုင်စွမ်းအားကို ပြသနိုင်မှာဖြစ်ကြောင်း နေတိုးက ထုတ်ပြန်ထားပါတယ်။

Ref:Reuters

Photo:Reuters/ Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW