ဟေတီမှာ ရာဇဝတ်ဂိုဏ်းတွေ အကျဉ်းထောင်ကို ဝင်စီးလို့ အကျဉ်းသား လေးထောင်ကျော် လွတ်မြောက်

ပို့အော့ပရင့် ၊ မတ်-၄-၂၀၂၄
မျိုးဆက်(VOM)

ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင်ရှိ အဓိကအကျဉ်းထောင်တခုကို လက်နက်ကိုင်ဂိုဏ်းတွေ ဝင်ရောက်စီးနှင်းမှုကြောင့် အကျဉ်းသား လေးထောင်ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။

လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ သမ္မတ ဂျိုဗီနယ်မွိုင်ဆီကို ၂၀၂၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး စွဲချက်တင်ခံထားရတဲ့ ရာဇဝတ်ဂိုဏ်းသားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အမေရိကရဲ့ အဆင်းရဲဆုံးနို်ငငံဖြစ်တဲ့ ဟေတီမှာ မကြာသေးမီနှစ်တွေအတွင်း အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချဖို့ရည်မှန်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြို့တော် ပို့အော့ပရင်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

ကင်ညာဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေကို ဟေတီသို့ စေလွှတ်ပေးရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အေရီရယ် နိုင်ရိုဘီကို သွားရောက်စဉ်မှာ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်ရေးအတွက် ဒီစီးနှင်းတိုက်ခိုက်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ရာဇဝတ်ဂိုဏ်းခေါင်ဆောင် တယောက်ဖြစ်တဲ့ ဘာဘီကျူးက ကြေညာထားပါတယ်။ စီးနှင်းမှုပြီးနောက် မနေ့က မတ် ၃ ရက်ထိ အကျဉ်းထောင်တံခါးတွေ ပွင့်နေပြီး တာဝန်ရှိသူတွေရဲ့ အရိပ်အယောင်မတွေ့ရဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW