စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ Calculator အသုံးပြုခွင့်ေပးပေမယ့် ကျောင်းသားတွေအတွက် ခက်ခဲနိုင်

  ရန်ကုန်၊ မတ်- ၂၀၂၄ GG ( VOM) မကြာမီ ဖြေဆိုရတော့မယ့် စနစ်သစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသူကျောင်းသားတွေကို Non programmable scientific calculator ကိုသုံးပြီး စာမေးပွဲဖြေဆိုခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနဦးစီးဌာနက အသိပေးလိုက်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပလာတဲ့သက်တမ်းတလျှောက်မှာ အရင်က သင်္ချာဘာရပ်အတွက်သာ Log scientific စာအုပ်ကိုသာအသုံးပြုခဲ့ပြီး အခုစနစ်သစ်စာမေးပွဲမှာမှCalculator သုံးပြီး စာမေးပွဲဖြေခွင့်ကို ပထမဆုံးအကြိမ်အဖြစ် စတင်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။ Non programmable scientific calculator အသုံးပြုခွင့်ပေးလိုက်တဲ့ ဘာသာရပ်တွေကတော့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်တွေ ဖြစ်ပြီး calculator ပေါ်မှာ မသမာမှုပြုလုပ်ဖို့ အမှတ်အသားပြုလုပ်ထားတာတွေရှိရင်တော့ calculator သိမ်းခံရမှာဖြစ်ပြီး စာမေးပွဲဖြေနေစဥ် စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဥ်းအရအရေးယူသွားမယ်လို့ စာစစ်ဌာနကသိရပါတယ်။ ” တချို့…

Read More

ရခိုင်မှာ တိုက်ပွဲတွေ မရပ်ဘူးလို့ AA ပြော

  မတ် ၄ – ၂၀၂၄ SN (VOM) တရုတ်ကြားဝင်ညှိနှိုင်းတဲ့ ဟိုင်ဂင်သဘောတူညီချက်ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ပဲ သက်ဆိုင်ပြီး ရခိုင်မှာတိုက်ပွဲတွေ မရပ်ဘူးလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်မှာ ပြုလုပ်တဲ့ AA ရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ဟိုင်ဂင်ကိစ္စဟာ ရှမ်းမြောက်မှာရှိတဲ့ AA နဲ့သာ သက်ဆိုင်တယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ညီနောင်သုံးဖွဲ့နဲ့ နစကဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဆွေးနွေးနေတာ သုံး၊ လေးကြိမ်လောက်ရှိပါပြီ။ ကျွန်တော်တို့ အခု အစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်ပြီး ဆွေးနွေးနေပါတယ်။ ပြီးရင် အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ဆက်ပြီး လုပ်နေပါတယ်။ နောက်တခုကတော့ အရင်သဘောတူညီချက်မှာ…

Read More

ကနီမြို့ပေါ်က တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးသူတွေများပြား

  မတ် ၊ ၄ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာ နစကတပ်ဖွဲ့တွေနဲ့ KIA – PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် သုံးရက်မြောက်တဲ့နေ့ဖြစ်ပြီး နှစ်ဘက်ထိခိုက် သေဆုံးတာတွေ များပြားလာတယ်လို့ ကနီတိုက်ပွဲရှောင် ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲရှောင်လာတဲ့ ကနီမြို့ခံတယောက်က ” မတ် ၂ ရက်နေ့ မနက်ပိုင်းစလို့ တိုက်ပွဲစဖြစ်တာ ဒီကနေ့အထိဖြစ်နေတုန်းပဲ ၊ မြို့ပေါ်မှာ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်နေတာဖြစ်တယ် ၊ မြို့ပေါ်က လူနေရပ်ကွက် သုံးခုရှိတယ် ၊ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ ကတော့ လူတယောက်မှ မရှိတော့ဘူး…

Read More

လွိုင်ကော်မြို့ပေါ် လေယာဉ်ကွင်းအနီး တိုက်ပွဲဖြစ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ များပြား

  မတ် ၊ ၄ ၊ ၂၀၂၄ TT (VOM) ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ လေယာဥ်ကွင်းအနီးမှာ မနေ့ မတ် ၃ ရက်က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက် သေဆုံးမှုတွေများပြားခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေဆီက သိရပါတယ်။ ” တိုက်ပွဲက လွိုင်ကော် လေယာဥ်ကွင်းအနီးမှာ ဖြစ်တာပါ ၊ အဲ့ဒီနားမှာ ထပ်မြင့် အဆောက်ဦးတွေနဲ့ ဟိုတယ်တွေရှိတယ် ၊ ဒေသတွင်းလက်နက်ကိုင် KNPP/KNDF အဖွဲ့တွေက အဲ့ဒီ ထပ်မြင့်အဆောက်ဦးတွေပေါ်ကနေ နစက လုံခြုံရေးအဖွဲ့တွေကို ပစ်တယ် ၊ အဲ့ဒီလို နေရာယူပြီး ပစ်ခတ်တာတွေကြောင့် နစက လုံခြုံရေး အဖွဲ့တွေက ဟိုတယ်တွေ အပါအဝင် ထပ်မြင့် အဆောက်ဦးတွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ် ၊ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုတွေရှိပြီး အသေအပျောက်တွေလည်း များတယ် ”…

Read More

ဘာကီနာဖာဆိုရှိ ရွာသုံးရွာကို သေနတ်သမားတွေ တိုက်ခိုက်မှု လူ ၁၇၀ ကျော် သတ်ဖြတ်ခံခဲ့ရ

  အူဂါဒိုဂူ၊ ဖေဖော်ဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) ဘာကီနာဖာဆိုနိုင်ငံရှိ ကျေးရွာသုံးရွာကို သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၇၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အစိုးရရှေ့နေတယောက်က ပြောပါတယ်။ ကွမ်ဆီဂါ၊ နော်ဒင်နဲ့ဆိုရို ကျေးရွာတို့ကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေကို ရှာဖွေရာမှာ ကူညီပေးဖို့ အာဏာပိုင်တွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ဒါဇင်များစွာ ပါဝင်နေပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။ ဘာကီနာဖာဆိုစစ်တပ်ဟာ ၂၀၂၂ ခုနှစ်က စစ်အာဏာသိမ်းခဲ့ပေမယ့် နိုင်ငံရဲ့ သုံးပုံတပုံကျော်ကို အစ္စလာမ္မစ်စစ်သွေးကြွတွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ လက်ရှိမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တဲ့အပေါ် ဘာကီနာဖာဆို စစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။ နှစ်ပေါင်းများစွာ နယ်မြေမလုံခြုံမှုကြောင့် ပြည်သူနှစ်သန်းကျော်ဟာ နေ့ရပ်စွန့်ခွာထွက်ပြေးနေရပြီး ငါးနှစ်အောက် ကလေးအားလုံးရဲ့…

Read More

မဲလ်ဘုန်းမှာ ကျင်းပတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲကို မြန်မာတွေ ဆန္ဒပြ

  မဲလ်ဘုန်း၊ မတ်-၄-၂၀၂၄ မျိုးဆက်(VOM) ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီနေ့ကျင်းပနေတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံနေချိန် မြန်မာတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ အာဆီယံ-ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲကို အသုံးချပြီး ဒေသတွင်းမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အာဏာပိုင်တွေကို ဖိအားပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ အာဆီယံ-ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသူတွေ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဲလ်ဘုန်းမြို့မှ လုံခြုံရေးအထူးတင်းကြပ်ထားပြီး လူနဲ့ယာဉ်တွေကို ရှာဖွေစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို အထူးအာဏာပေးထားပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို မြန်မာအသိုင်းအဝိုင်းက ဆန္ဒပြသူတွေအပြင် ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း နိုင်ငံရေးအရ စည်းလုံးညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ Ref:9News Photo:AP  

Read More

ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်ရှာရစ်ဖ် ဒုတိယသက်တမ်း ထပ်မံရွေးချယ်ခံရ

  အစ္စလာမ္မာဘတ်၊ မတ်-၄-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ် ရှာရစ်ဖ်ဟာ ဒုတိယသက်တမ်း ထမ်းဆောင်ခွင့်ရရှိပြီး ညွှန့်ပေါင်း အစိုးရသစ်ကို ဦးဆောင်ခွင့်ရရှိပြီဖြစ်ပါတယ်။ ပါကစ္စတန် PML-N ပါတီက အသက် ၇၂ နှစ်အရွယ် ရှာရစ်ဟာ ပါကစ္စတန်ပြည်သူ့ပါတီအပါအဝင် မဟာမိတ်တွေက လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲအပြီး တလအကြာ မတ် ၃ ရက်မှာ လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဒုတိယသက်တမ်း ထမ်းဆောင်ရမယ့် ရှာရစ်ဖ်ဟာ ပါကစ္စတန်နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ပါတယ်။ လူငယ်တွေအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးမယ်လို့ သူက ကတိပြုထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံ သုံးပုံတပုံနီးပါး ရေဘေးသင့်ခဲ့ပြီးနောက် စိုက်ပျိုးရေးနဲ့ အခြားကုန်ထုတ်လုပ်မှုတွေ ထိခိုက်ကာ ကုန်စျေးနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး စီးပွားရေး ကမောက်ကမ…

Read More

ဟေတီမှာ ရာဇဝတ်ဂိုဏ်းတွေ အကျဉ်းထောင်ကို ဝင်စီးလို့ အကျဉ်းသား လေးထောင်ကျော် လွတ်မြောက်

ပို့အော့ပရင့် ၊ မတ်-၄-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင်ရှိ အဓိကအကျဉ်းထောင်တခုကို လက်နက်ကိုင်ဂိုဏ်းတွေ ဝင်ရောက်စီးနှင်းမှုကြောင့် အကျဉ်းသား လေးထောင်ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ သမ္မတ ဂျိုဗီနယ်မွိုင်ဆီကို ၂၀၂၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး စွဲချက်တင်ခံထားရတဲ့ ရာဇဝတ်ဂိုဏ်းသားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အမေရိကရဲ့ အဆင်းရဲဆုံးနို်ငငံဖြစ်တဲ့ ဟေတီမှာ မကြာသေးမီနှစ်တွေအတွင်း အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချဖို့ရည်မှန်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြို့တော် ပို့အော့ပရင်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။ ကင်ညာဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေကို ဟေတီသို့ စေလွှတ်ပေးရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အေရီရယ် နိုင်ရိုဘီကို သွားရောက်စဉ်မှာ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်ရေးအတွက် ဒီစီးနှင်းတိုက်ခိုက်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ရာဇဝတ်ဂိုဏ်းခေါင်ဆောင် တယောက်ဖြစ်တဲ့ ဘာဘီကျူးက ကြေညာထားပါတယ်။ စီးနှင်းမှုပြီးနောက် မနေ့က မတ်…

Read More

ရွှေဘိုနဲ့ ကလေးမြို့ဘက်မှာ ပစ်ခတ်မှုတွေဖြစ်လို့ မနေ့က တရက်တည်းမှာ လူငါးယောက်သေဆုံး

မတ် ၊ ၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ တွင်းမကျေးရွာနဲ့ ကလေးခရိုင် ၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မနေ့ မတ် ၃ ရက် ၊ တနေ့တည်းမှာ အနည်းဆုံး လူငါးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ရွှေဘို နယ်ခံ ပရဟိတသမား တယောက်က ” တွင်းမကျေးရွာနားမှာ မနေ့က နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ နစက နယ်မြေရှင်းလင်းရေး လှုပ်ရှား စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ပစ်ခတ်မှုတွေဖြစ်ကြတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ သုံးယောက်သေတယ် ” လို့ ပြောပါတယ်။ အဲ့ဒီအပြင် ကလေးမြို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၂၀ ကျပ် ဝယ်ဈေး – ၃၅၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW