ရန်ကုန် ၊ ဧပြီ ၂၇ – ၂၀၂၄
GG(VOM)
ရခိုင်ပြည်နယ် ၊သံတွဲမြို့ကို လေကြောင်းအပြင် ဧရာဝတီတိုင်းကနေတဆင့် ကုန်းလမ်းကြောင်းမှဝင်ရောက်ခွင့်ပြုထားပေမယ့်လည်း ကားနဲ့ခရီးသွားခြင်းမှာ လူကိုသာ ထောက်ခံချက်နဲ့ဝင်ထွက်ခွင့်ပေးပြီး ကုန်ပစ္စည်းသယ်ယူခြင်းကိုတော့ တားမြစ်ခံထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” သံတွဲကို လေယာဥ်နဲ့လာလို့ရတယ်၊ ကားလေးနဲ့သွားလို့ရတယ်။သံတွဲကနေ ရေနံ့သာကိုသွားရတယ် ရေနံသာကလမ်းဆုံမှာလူကဲ့ကြတယ်။အဲဒီလိုသွားဖို့ဆိုရင် ထွေအုပ်ကိုစာတင်ပြီးထောက်ခံစာနဲ့သွားရတယ်၊ဘာကြောင့်သွားမယ် ဘာညာပေါ့ ၊ခွင့်ပြုမိန့်ကျမှသွားရတဲ့ပုံစံနဲ့သွားကြသူရှိတယ်။သူကလူပဲရတယ်၊ ပစ္စည်းတင်ရင်ဖမ်းတယ်၊မြို့နယ်တွင်းတောင် တနေရာနဲ့တနေရာသွားရင် ပစ္စည်းတွေက လူ တယောက်ကို ဘယ်လောက်ထက်ပိုမယူရ၊ဆီဆို တပိဿာ နှစ်ပိဿာဆိုပြီးပိုမယူရတို့ဆိုတာရှိတယ် ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။
အရင်က သံတွဲကို ရန်ကုန်ကနေ သွားလာမယ်ဆိုရင် သံတွဲ – တောင်ကုတ်- ပြည် လမ်းနဲ့ သံတွဲ – ဂွ- ငါးသိုင်းချောင်းလမ်းကြောင်းနှစ်ခုရှိပေမယ့် လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကုန်းကြောင်း ခရီးကို သံတွဲ မှ ဧရာဝတီတိုင်း ကတဆင့်သာ ရန်ကုန်ကို ထောက်ခံချက်နဲ့ဝင်ထွက်ခွင့်ပြုနေခြင်းဖြစ်ပါတယ်။
” လေယာဥ်နဲ့ ပစ္စည်းသယ်တော့လည်း ကုန်တင်ခကအရမ်းကြီးသွားတယ်။ဒီတော့ ရခိုင်ကထွက်တဲ့ မြေပဲဆိုရင်လည်း မျှောစာတင်ပြီး ပို့ကြသလို ပစ္စည်းတွေကိုလည်း မျှောစာတင် ထောက်ခံစာရယူပြီး သယ်ယူနေကြတာရှိတယ်။ကုန်စျေးနူန်းကတော့အကုန်တက်တယ် ” လို့သူကထပ်မံပြောပြပါတယ်။
သံတွဲကို ကုန်းလမ်းကြောင်းကနေ ဝင်ထွက်ခွင့်ကို ဧရာဝတီတိုင်းကတဆင့်ခွင့်ပြုထားပေမယ့်လည်း ကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်ခံထားရတာကြောင့် ဒေသတွင်းမှာ ကုန်စည်အားလုံးစျေးနူန်းမြင့်တက်နေတဲ့အပြင် ပြည်မကနေလည်း ဆန်ဝင်ရောက်မှုမရှိတော့လို့ ဒေသထွက်ရခိုင်ဆန်ကြမ်းကိုပဲ စျေးကြီးပေးဝယ်ယူစားသုံးနေရတယ်လို့ဆိုပါတယ်။
“ကုန်စည်အကုန်တက်တယ်၊ ဆန်ကလည်းရခိုင်ဒေသထွက်ဆန်ကိုအစားနည်းတယ်၊ဧရာဝတီတိုင်းထွက်ဆန်ကိုစားကြတာ၊အခုဒေသထွက်ဆန်တွေပဲစားရတယ်၊ဒေသထွက်ဆန်ကလည်း ၁ သိန်းလောက်ဖြစ်လာတယ်။ပြည်မကဆန်ကတော့ပြတ်သွားပြီ၊မရှိတော့ဘူး၊ဒေသဆန်ကလည်းစျေးကြီးတယ်၊စားသုံးဆီတစ်ပိဿာ ၂၀၀၀၀ ဖြစ်သွားတယ် ။ ကုန်စျေးနူန်း အကုန်တက်နေပါတယ်။တရားမဝင်လမ်းကြောင်းကနေတင်သွင်းတာတွေပဲရှိနေတယ် ” လို့ ထပ်မံပြောပါတယ်။
လက်ရှိ သံတွဲမြို့နယ်ထဲက ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာနားမှာ AA နဲ့ နစကတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့ပေါ်မှာ စစ်ဆေးရေးဂိတ်တွေထပ်တိုးကာ စစ်ဆေးမှုတွေတင်းကြပ်လာတယ်လို့သိရပါတယ်။
သံတွဲမှာတော့ ပြီလ ၂၂ ရက် မနက်ပိုင်းကစပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် အဆိုပါကျေးရွာနှစ်ရွာကဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
Photo: CJ
Related posts
-
အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားကြောင်း အတည်ပြု
တီဟီရန်၊ မေ-၂၀-၂၀၂၄မျိုးဆက်(VOM)အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီၤးတို့ဟာ သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း အီရန်တာဝန်ရှိသူတွေက ဒီနေ့... -
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၀ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၅၅ ကျပ်ဝယ်ဈေး – ၄၀၁၅ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး... -
မြင်းခြံနယ်က ယာယီတိုက်ပွဲရှောင်တွေ နီးစပ်ရာမြို့တွေပေါ်တက်ပြီး အလှူခံစားသောက်နေရ
မေ ၊ ၂၁ ၊ ၂၀၂၄SP (VOM)မြင်းခြံနယ်မှာ ဒီရက်ပိုင်းအတွင်း ယာယီတိုက်ပွဲရှောင်နေရသူ ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး...