ဝါရှင်တန်၊ မေ-၄-၂၀၂၄
မျိုးဆက်(VOM)
ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တန်ပြန်ရန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရန် အမေရိကန်အပါအဝင် လေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူလိုက်ကြပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၊ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရာဟာမီနိုရူ၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်၊ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုသီအိုဒိုရိုတို့ ဟာဝိုင်ယီမှာ မေ ၃ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သဘောတူလိုက်တာဖြစ်ပါတယ်။
နိုင်ငံတကာရေပိုင်နက်အတွင်း ဖိလစ်ပိုင်သင်္ဘောတွေလွတ်လပ်စွာသွားလာခွင့်ကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ အဟန့်အတားပြုနေတဲ့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို လွန်စွာစိုးရိမ်ကြောင်း လေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ဆိုပါတယ်။
အစောပိုင်းမှာ ဂျပန်၊ အမေရိကန်နဲ့ သြစတြေးလျတို့က အမေရိကန်ရဲ့ အက်ဖ်-၃၅ တိုက်လေယာဉ်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဂျပန်အနေနဲ့ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။
Ref:NHK
Photo:AP
Related posts
-
ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ယောက်ကျော် ဒဏ်ရာရ
စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ... -
လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို... -
အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား
စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂...