မော်စကို၊ နိုဝင်ဘာ-၂၅-၂၀၂၄
မျိုးဆက်(VOM)
ရုရှားသမ္မတပူတင်ဟာ စစ်မှုထမ်းသူတွေကို အကြွေးသက်သာခွင့်ပေးမယ့် ဥပဒေတရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်စုဆောင်းဖို့ အားထုတ်မှုအဖြစ် ရှုမြင်နေကြပါတယ်။
စစ်မှုထမ်းဖို့အတွက် တနှစ်စာချုပ်ချုပ်သူတွေအနေနဲ့ အကြွေး ရူဘယ် ၁၀ သန်း သို့မဟုတ် ဒေါ်လာ ၉၆၀၀၀ ထိ ဥပဒေအရ သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ စစ်သားသစ် စုဆောင်းရေးမှာ လုပ်ခလစာများများပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ပြစ်ဒဏ်ကျ အကျဉ်းသားဆိုရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုမှာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းမှာတိုက်ဖို့အတွက်ပြည်ပနိုင်ငံသားတွေကိုလည်း စုဆောင်းနေဖွယ်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ရာနဲ့ချီတဲ့ ယီမင်ကြေးစားစစ်သားတွေကို ယူကရိန်းစစ်မြေပြင်ပို့ခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။
သူ့တို့ကို အလုပ်အကိုင်တွေ၊ မြင့်မားတဲ့ လုပ်ခလစာတွေနဲ့ ရုရှားနိုင်ငံသားပေးဖို့ထိပါ ကမ်းလှမ်းခဲ့ပြီး အိန္ဒိယနဲ့ နီပေါနိုင်ငံသားအချို့လည်း ရုရှားစစ်တပ်မှာ ရောက်ရှိ အမှုထမ်းနေကြတယ်လို့ အတည်ပြုပြောဆိုမှုတွေလည်းရှိနေပါတယ်။
လက်ရှိမှာတော့ ရုရှားဟာ မြောက်ကိုရီးယားစစ်သား ထောင်ပေါင်းများစွာကို နိုင်ငံအနောက်ပိုင်းမှာ ဖြန့်ကြက်ထားပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေပါတယ်။ ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်နဲ့ ဗြိတိန်တို့ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် ရုရှားက ဒုံးကျည်သစ်နဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...