မေလနှောင်းပိုင်းနဲ့ ဇွန်လအစောပိုင်းမှာ ယူကရိန်းအရှေ့ပိုင်းကို ရုရှားထိုးစစ်ဆင်ဖွယ်ရှိ



ကိယက်ဗ်၊ မေ-၄-၂၀၂၄
မျိုးဆက်(VOM)

မေလနှောင်းပိုင်း သို့မဟုတ် ဇွန်လအစောပိုင်းမှာ ယူကရိန်းအရှေ့ပိုင်းရှိ ခါကိဗ်နဲ့ ဆူမီဒေသတို့ကို ရုရှားက ထိုးစစ်ဆင်တိုက်ခိုက်နိုင်ကြောင်း ယူကရိန်းစစ်တပ် ထိပ်တန်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဗြိတိန်အခြေစိုက် အီကိုနောမစ်မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ယူကရိန်း စစ်ထောက်လှမ်းရေးအေဂျင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် Vadym Skibitsky က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိတွင် နိုင်ငံအရှေ့ပိုင်း ယူကရိန်းရဲ့ ဗျူဟာမြောက် အမာခံနယ်မြေ ဒွန်နက်စ်ဒေသရှိ ချာဆစ်ယားမြို့မှာ ယူကရိန်းတပ်တွေနဲ့ ရုရှားတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

ရုရှားမကျူးကျော်ခင်က လူဦးရေ ၁၂၅၀၀ ရှိတဲ့ အဲဒီမြို့မှာ လက်ကျန်နေထိုင်သူ ၆၈၂ ယောက်သာရှိတော့ပြီး ရေနဲ့ လျှပ်စစ်မီးမရှိဘဲ ခက်ခဲကြမ်းတမ်းစွာ တနှစ်ကျော်ကြာ နေထိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမမှီကြောင်း ဒေသန္တရာတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေပြီး နေတိုးအဖွဲ့ကလည်း ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ထပ်ပေးမယ်လို့ ကတိပြုထားပါတယ်။

ယူကရိန်းရဲ့ အနောက်အုပ်စုမဟာမိတ်တွေရဲ့ စစ်ရေးအထောက်အပံ့တွေဟာ ယူကရိန်းစစ်မြေပြင်ရဲ့အခြေအနေကို ပြောင်းလဲသွားနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားကြပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW