မေ ၊ ၁၀ ၊ ၂၀၂၄
TT (VOM)
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ရွာလုံးကျွတ်နီးပါး မီးကူးစက်လောင်ကျွမ်းခဲ့တဲ့ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ၊ စွေ့ချောင်းကျေးရွာက မီးဘေးဒုက္ခသည်တွေဟာ အခုအခါ စားဝတ်နေရေး အတွက် အကူညီတွေလိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” စွေ့ချောင်းရွာ မီးဘေးမှာ ဒုက္ခသည်တချို့က အမ်းမြို့ပေါ်နဲ့ မြေပုံမြို့ပေါ်ကို သွားရောက်ခိုလှုံတယ် ၊ အများစုကတော့ ဒုက္ကံကျေးရွာမှာ ခိုလှုံနေရတယ် ၊ ဒုက္ကံရွာမှာ ခိုလှုံနေတဲ့ ကလေး / လူကြီး လူဦးရေ ၂၅၀ လောက်ဟာ စားဝတ်နေရေးအတွက် အကူညီတွေလိုအပ်နေတယ် ၊ အဲ့ဒါကြောင့် အလှူရှင်တွေအနေနဲ့ ဒုက္ကံရွာက မီးဘေးဒုက္ခသည်တွေဆီ အဝတ်အထည်တွေ ၊ စားသောက်ကုန်တွေ လှူဒါန်းပေးကြဖို့ လိုတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒုက္ကံကျေးရွာမှာ ခိုလှုံနေထိုင်တဲ့ မီးဘေးဒုက္ခသည်တယောက်က ” အခုထိ စွေ့ချောင်းရွာကို မပြန်နိုင်သေးကြဘူး ၊ ရွာမှာက လတ်တလော နေစရာအိမ်မရှိသလို ၊ စားစရာလည်း မရှိဘူး ၊ ပြန်လည်ထူထောင်ဖို့ဆိုတာ အစစ အရာရာ ကုန်စည်စျေးတွေတက်နေတော့ အသစ်ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူး ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး နောက်ပိုင်း နိုင်ငံအဝှမ်းမှာ ပဋိပက္ခတွေကြောင့် မီးလောင်ပျက်စီးဆုံးရှုံးရတဲ့ လူနေအိမ်ခြေပေါင်း တသိန်းဝန်းကျင်ရှိခဲ့ပြီး လူဦးရေ သုံးသိန်းကျော်ဟာ မီးဘေးဒုက္ခသည်အဖြစ်နေထိုင်နေရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အဲ့ဒီလို ဘေးဒုက္ခရောက်နေရတဲ့ ဒေသတွေကတော့ ၊ ချင်းပြည်နယ် ၊ ထန်တလန် ၊ စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၂၀ ကျော် ၊ ကျေးရွာပေါင်း ၁၅၅ ရွာ ၊ ကယားပြည်က မိုးဗြဲမြို့အပါအဝင် ရွာပေါင်း ၂၈ ရွာ ၊ မကွေးတိုင်းမှာဆိုရင် ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းက မြို့နယ်တွေနဲ့ ကျေးရွာတွေ ၊ မန္တလေးတိုင်းက မြင်းခြံခရိုင်နဲ့ သပိတ်ကျင်း ၊ စဥ့်ကူး ၊ မတ္တရာနယ်ဘက်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Related posts
-
ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ယောက်ကျော် ဒဏ်ရာရ
စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ... -
လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို... -
အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား
စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂...