အိနိ္ဒယဝန်ကြီးချုပ်မိုဒီ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

 

ဒေလီ၊ ဇွန်-၁၀-၂၀၂၄
မျိုးဆက်(VOM)

အိနိ္ဒယဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ ဘီဂျေပီပါတီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲက အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် တတိယက်သက်တမ်း ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။

မိုဒီကတော့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူပြည်သားအားလုံးရဲ့ ရပိုင်ခွင့်နဲ့ လုပ်ကိုင်ခွင့်တွေကို ပေးမယ်လို သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ကတိပြုပြောဆိုပါတယ်။

သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားသို ဘင်္ဂလားဒေ့ရှ်နဲ့ မော်လ်ဒိုက်တိုအပါအဝင် ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။

ဘီဂျေပီပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၄၃ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မကြုံစဖူးရှုးနိမ့်မှုအချိုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ညွှန့်ပေါင်းအဖွဲရဲ့ အမတ်အရေအတွက်နဲ့ အစိုးရဖွဲခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ အစိုးရအဖွဲကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဆင်းရဲချမ်းသာကွာဟမှု အပါအဝင် စီးပွားရေးစိန်ခေါ်မှုတွေကို ဖြေရှင်းဖို စီးပွားရေးအစီအမံတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

အိနိ္ဒယလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိတဲ့ လယ်ယာစီးပွားအသိုင်းအဝိုင်းကိုလည်း ဖွံဖြိုးတိုးတက်အောင် ဝန်ကြီးချုပ်မိုဒီက ကြိုးပမ်းသွားဖွယ်ရှိတယ်လို ပြည်သူတွေကလည်း မျှော်လင့်နေကြပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW