ရန်ကုန် – မော်လမြိုင်လမ်းပေါ်က တံတားတစင်မိုင်းခွဲခံရ ဘီးလင်းမှာ ကားတွေသွားမရဖြစ်နေ

 

ဩဂုတ် ၂ – ၂၀၂၄
GG (VOM)

ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်က
ဘီးလင်း-သထုံကြားရှိ ကမာဆိုင် ကွက်သစ်ကျော်တံတတား ဒီနေ့ဩဂုတ်လ ၂ ရက်နေ့မှာ မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့သိရပါတယ်။

ဒါကြောင့် လတ်တလောမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းသွားလာလို့မရတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

” တံတားမိုင်းခွဲခံရလို့ ခုမနက်မှသိရတာ။အခုတော့ ပြည်ထောင်စုလမ်းမကြီးကနေသွားမရဘူး။တံတားကအသေးဆိုပေမယ်လည်းလုံးလုံးပျက်စီးသွားတော့ သွားမရတဲ့အခြေအနေပါ ။တံတားကသံကူကွန်ကရစ်တံတားပါ။” လို့ သထုံ​ဒသခံကပြောပါတယ်။

အဆိုပါ တံတားဟာ အရင်တခါဖျက်ဆီးခံရတဲ့ မစောတံတားအနီးမှာရှိပြီး ရွာပတ်လမ်းတွေကနေသွားလို့ရပေမယ့် မိုးရွာသွန်းပြီး ရေကြီးထားတာကြောင့် လမ်းတွေပျက်စီးနေတဲ့အတွက် ကျေးရွာပတ်လမ်းကလည်းအဆင်မပြေနိုင်ဘူးလို့သိရပါတယ်။

ဒါကြောင့်လက်ရှိ ရန်ကုန် -မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရောက်ရှိတဲ့ကားတွေကတော့ သထုံမြို့ တဖက်တချက်မှာသွားလာမရဘဲပိတ်မိနေတယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရပြီးပျက်စီးခဲ့ပါတယ်။

မေလထဲတုန်းကလည်း ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို မစောတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ကားတွေသွားလာမရဘဲပိတ်မိခဲ့တာကြောင့် ယာယီဘေလီတံတားတည်ဆောက်ခဲ့ရပါတယ်။

#Voiceofmyanmar #vom #ကမာဆိုင်ကွက်သစ်တံတား #မိုင်းခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW