ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ကွတ်ဒ်ဒေသကို ရုရှားတပ်ကူတွေ စေလွှတ်

 

မော်စကို၊ ဩဂုတ်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲစတင်ချိန်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေရဲ့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုကို ကာကွယ်ဖို့ ရုရှားဟာ ကွတ်ဒ်သေကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်နေရပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကွတ်ဒ်ဒေသကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအများအပြားကို သိမ်းယူခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒုံးပစ်လောင်ချာတွေ၊ အမြောက်တွေနဲ့အတူ တင့်ကားတပ်ဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျုကတော့ ရုရှားစစ်တပ်ဟာ ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်သား ပြည့်၀နေပြီးဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်း သို့မဟုတ် တောင်ပိုင်းက တပ်တွေကို ကွတ်ဒေသ စေလွှတ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ကွတ်ဒ်ဒေသမှာ တိုက်ခို်ကဖို့ ပျံသန်းလာတဲ့ မောင်းသူမဲ့လေယာဉ် ၂၆ စင်းကို ကြားဖြတ်ဖျက်စီးနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ကွတ်ဒ်ဒေသရှိ နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးမှာလည်း ဒုံးကျည် အစိတ်အပိုင်းတွေ ကျရောက်ခဲ့တယ်လို့ ရုရှားကပြောပါတယ်။

ယူကရိန်းတပ်တွေဟာ နျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ရုရှားက စွပ်စွဲထားပြီး အခြေအနေကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီကိုထံ အကြောင်းကြားထားပြီး အေဂျင်စီကတော့ နှစ်ဘက်စလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှု

Related posts

Leave a Comment

VOM News

FREE
VIEW