ပဲခူးတိုင်း အနောက်ခြမ်းမှာ တလအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက် အသတ်ခံရ

ဩဂုတ် ၃၁ – ၂၀၂၄
GG (VOM)
ပဲခူးတိုင်း အနောက်ခြမ်းမှာ ခုဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုးယောက်အထိ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရတာက မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အပါအဝင် သုံးယောက်၊ပေါက်ခေါင်းမြို့နယ်ကအုပ်ကြီး သုံးယောက်၊အုတ်ဖိုက အုပ်ချုပ်ရေးမှူးတယောက်နဲ့ ကြို့ပင်ကောက်မြို့နယ်ကအုပ်ချုပ်ရေးမှူးနှစ်ယောက်တို့ဖြသ်ပါတယ်။
” ပေါက်ခေါင်းမှာတင်သုံးယောက်သတ်ခံရတယ် ။အုပ်ကြီးတွေပဲ။အုပ်ကြီးတွေသတ်ခံရတာ ခပ်စိတ်စိပ်ဖြစ်လာတော့ ညဘက်တွေဆို စစ်သားတွေလည်း ကင်းလှည့်ကြတယ်။ချောင်းကောင်းကအုပ်ကြီးသတ်ခံရတုန်းကဆိုရင်ပေါင်းတလည်နဲ့ပေါက်ခေါင်းလမ်းတောင်ခဏပိတ်လိုက်တယ်။” လို့ ပေါင်းတလည်ဒေသခံကပြောပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၃ ရက်မှာ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူး နှစ်ယောက်သတ်ခံခဲ့ရတာဖြစ်ပြီး သတ်ခံရသူတွေက မြို့ကိုင်းအုပ်စု၊ ချောင်းခွရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုရန်အောင်စိုး ဆိုသူ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုမြင့်တင်ကို တို့ဖြစ်တယ်လို့ သိရပါတယ် ။
ဩဂုတ်လ ၁၃ ရက်၊ ၁၅ ရက်နဲ့ ၂၀ ရက်နေ့မှာက ပေါက်ခေါင်းမြို့နယ်ထဲက သစ်ရောင်းပြန်အုပ်စု အုပ်ချုပ်ရေးမှူး ကိုတင်လွင် ၊ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းရွာနေ အုပ်ချုပ်ရေးမှူး ကိုမောင်ဝင်းနဲ့ချောင်းကောင်းအုပ်စု၊ ချောင်းကောင်းရွာကအုပ်ချုပ်ရေးမှူး ကိုကျောက်ဒိုး (ခ) ညွန့်နိုင် တို့သုံးယောက်သတ်ဖြတ်ခံခဲ့ရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့၊၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေမှာလည်း မင်းလှမြို့နယ်ထဲက ဘွတ်စိန်ပုအုပ်စု အုပ်ချုပ်ရေးမှူး ကိုညွန့်မြိုင် နဲ့အခြားကျေးရွာဖြစ်တဲ့ဆင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်းမြင့် ၊ခွက်မအုပ်စု၊ ဇရစ်မြှောင်ရွာက လက်ပစ်ဗုံးဆောင်ထားတဲ့ ရာအိမ်မှူး ကိုထွန်းထွန်း တို့ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၁၉ ရက်နေ့မှာတော့ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်ဝင်းဆိုသူတို့ သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူး တွေသတ်ခံနေရတဲ့အပြင် ပေါက်ခေါင်းကရိုးမနဲ့ လက်ပံတန်း၊ဝက်ထီးကန်မြို့နယ်တွေဘက်မှာ နစကတပ်တွေနဲ့ နယ်မြေခံ PDF တွေအကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုရှိနေတယ်လို့သိရပါတယ်။
ပဲခူးတိုင်းမှာပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဒုရဲတပ်ကြပ်နဲ့အုပ်ချုပ်ရေးမှူးအပါ ၁၀ ယောက်ထက်မနည်း သတ်ခံခဲ့ရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW