ရုရှားကို လက်နက်ထောက်ပံ့လို့ အီရန်အပေါ် အမေရိကန်နဲ့မဟာမိတ်တွေ ဒဏ်ခတ်ပိတ်ဆို့



လန်ဒန်၊ စက်တင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးနေတဲ့အတွက် အီရန်အပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။

ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ အီရန်လေကြောင်းလိုင်းကို ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ပျံသန်းခွင့်တားမြစ်တာ၊ ရုရှားအတွက် စစ်ရေးအရ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခံရတဲ့ အီရန်နိုင်ငံသား အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှု ရပ်ဆိုင်းတာတွေပါဝင်ပါတယ်။

အီရန်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုဖို့ လေ့ကျင့်ပေးခဲ့ပြီး လာမယ့် ရက်တ္တပတ်အတွင်း ယူကရိန်းကို တိုက်ခိုက်နိုင်တယ်လို့ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

အီရန်ကတော့ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ကူညီထောက်ပံ့မှုတွေကို မှီခိုနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်လို့ ဘလင်ကင်က ပြောပါတယ်။

အကွာအဝေး ၇၅ မိုင်ထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ ဖာ့သ်-၃၆၀ ပဲ့ထိန်းဒုံးကျည်စနစ်ကို အသုံးပြုဖို့ ရုရှားတပ်ဖွဲ့ဝင် ဒါဇင်များစွာ အီရန်မှာလေ့ကျင့်သင်ကြားနေတဲ့ဆိုတဲ့ သတင်းအချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေးနဲ့အတူ ရရှိထားပြီး ဒါဟာ သိသာထင်ရှားတဲ့ အန္တရာယ်တခုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW