အီရန်ကို လက်တုံ့ပြန်နိုင်ခြေ ဂျိုးဘိုင်ဒင်နဲ့ နေတန်ယာဟု ဆွေးနွေး



ဝါရှင်တန်၊ အောက်တိုဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)

အီရန်ကို လက်တုံ့ပြန်မယ့် အလားအလာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အစ္စရေးကို အီရန်က ဒုံးကျည် ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ဂျိုးဘိုင်ဒင်နဲ့ နေတန်ယာဟုတို့ ဆွေးနွေးခဲ့ကြတာပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုမှာ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်လည်း ပါဝင်ခဲ့ပြီး ဆွေးနွေးမှုတွေကို အသေးစိတ်မထုတ်ပြန်ပေမယ့် အလွန်အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးမှုလို့ အိမ်ဖြူတော်က ဆိုပါတယ်။

သမ္မတနှစ်ယောက်ဟာ လာမယ့်ရက်တွေအတွင်းမှာလည်း အနီးကပ်ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူထားပြီး လက်ဘနွန်မှာ အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတက တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးကို အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်က ထပ်မံရှုတ်ချခဲ့ပြီး ဟဇ်ဘိုလာတွေရဲ့ လုပ်ရပ်မှာ အစ္စရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သူကဆိုပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်ရေးကိုတော့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ပြန်လုပ်ဖို့ နေတန်ဟာဟုကို ဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW