ဂျူပီတာဂြိုလ်ရဲ့ လတစင်းပေါ်မှာ နာဆာက သက်ရှိတွေ ရှာဖွေတော့မယ်

ဝါရှင်တန်၊ အောက်တိုဘာ-၁၅-၂၀၂၄
မျိုးဆက်(VOM)
ဂျူပီတာဂြိုဟ်ရဲ့ ဂြိုလ်ရံလတစင်းပေါ်မှာ သက်ရှိတွေရဲ့ အထောက်အထားနဲ့ ရေရှိမရှိရှာဖွေမယ့် မစ်ရှင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကနေ နာဆာက လွှတ်တင်လိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဒီမစ်ရှင်ကို ပြီးခဲ့တဲ့သီတင်းပတ်က ရွှေ့ဆိုင်းခဲ့ရပြီး အောက်တိုဘာ ၁၄ ရက်မှာတော့ စပေ့အက်စ်ရဲ့ ဖယ်လ်ကွန်အကြီးစားဒုံးပျံနဲ့ စူးစမ်းလေ့လာရေယာဉ် ယူရိုပါကလစ်ကို တင်ဆောင်ပြီး ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ လွှတ်တင်ခဲ့တာပါ။
ယူရိုပါကလစ်ယာဉ်ဟာ လျို့ဝှက်ချက်တွေပြည့်နေတဲ့ ဂျူပီတာဂြိုလ်ရဲ့ ဂြိုလ်ရံလဖြစ်တဲ့ ယူရိုပါကို ရောက်ရှိဖိုပ မိုင်ပေါင်း ၁ ဒသမ ၈ ဘီလီယံခရီးနှင်ရမှာဖြစ်ပြီး အချိန်အားဖြင့် ၂၀၃၀ ခုနှစ်အလွန်မှာ ရောက်ရှိနိုင်ပေမယ့် စူးစမ်းလေ့လာမှုတွေဟာ နေအဖွဲ့အစည်းအတွင်း လူသားတွေသိထားသမျှအရာတွေကို ပိုမိုအထောက်အကူပြု ပြောင်းလဲစေနိုင်ဖွယ်ရှိပါတယ်။
လွှတ်တင်ပြီးနောက် စူးစမ်းလေ့လာရေးယာဉ်နဲ့ အချက်ပြဆက်သွယ်မှု ကောင်းမွန်စွာရရှိထားပြီး ဂြိုဟ်ဝန်းကျင်းမှာ အားနည်းသော နေရောင်ခြည်ကို ရယူနိုင်ဖို့ ကြီးမားသော ဆိုလာဆဲလ်တွေကိုလည်း အပြည့်အ၀ဖြန့်ကြက်နိုင်ခဲ့ကြောင်း နာဆာက ဆိုပါတယ်။
နာဆာရဲ့ ဒီမစ်ရှင်ဟာ ဂျူပီတာဂြိုဟ်ရဲ့ ဂြိုဟ်ရံလရှိ အေးခဲနေသောမျက်နှာပြင်အောက်မှာ သမုဒ္ဒရာတစင်း တည်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေခြင်းကို အသေးစိတ်အချက်အလက်တွေနဲ့ တွေ့ရှိချက်အသစ်များကို ဖော်ထုတ်နိုင်ဖွယ်ရှိနေပါတယ်။
အဲဒီဂြိုဟ်ရံလရဲ့ မျက်နှာပြင်မှာ သက်ရှိတွေ ရှင်သန်ဖွယ်ရှိတဲ့ ရေခဲပြင်ကို ၁၉၇၀ ခုနှစ်တွေမှာ ပထမဆုံးတွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ထုတ်ဖော်ကြေညာခဲ့ပါတယ်။
Ref:BBC
Photo:NASA /.AFP

Related posts

Leave a Comment

VOM News

FREE
VIEW