အောက်တိုဘာ ၁၅၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါတရုတ် မြန်မာနယ်စပ်မြို့အနီးက လုပီရွာ အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့် တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်မှာ KI A နဲ့ ပူးပါင်း တပ်ဖွဲ့က အပြီးသတ်ထိန်းချုပ်လိုက် ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လုပီ ၁၀၀၂ နယ်ခြားစောင့်တပ်ကို ဒီနေ့ နေ့လယ် ၁၂ နာရီ ခွဲကျော် လောက်က အပြီးသတ် သိမ်းလိုက်ပြီလို့ ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အရင်ရက်ေတွ ကတည်းက လမ်းတွေ ပိတ်တော့မယ်လို့ ကြားရပြီး မနေ့ ကတော့ ပန်ဝါ ပါထိုက်ဟော် ကနေ နေရပ်ပြန် ပြည်သူတွေ အလံဖြူထောင်ပြီး ဆိုင်ကယ်နဲ့ ပြန်တာ တွေ့ရပေမယ့် မပြန်ရဲသူတွကတော့ လမ်းပိတ်သွားတော့ ပိတ်မိသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“နစက တပ်ဖွဲ့နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ တို့ရဲ့ ေထာက်ပို့ လမ်းကြောင်းတွေတောင် အကုန်ပိတ်လိုက်ပြီ။ ဝိုင်းဝန်း ပိတ်ဆို့ ထားလိုက်ပြီလို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ် ပူးပါင်း နပ်ဖွဲ့တွေကတော့ ပန်ဝါဘက်ကနေ အင်အားတွေ ထပ်ဖြည့်နေတာ ရှိတယ်လို့ ဆိုပါတယ်။
နစကနဲ့ နီးစပ်သူတွကတော့ လုပီ ၁၀၀၂ စခန်းက တပ်ဖွဲ့တွေဟာ ပန်ဝါဗျူဟာဘက် တပ်ဆုတ်ထားရတယ်လို့ ပြောပါတယ်။
ကချင် အထူးဒေသ (၁) ဌာနချုပ်ရဲ့ ကာကင်းမှန်သမျှကုန်သွားပြီဖြစ်ပြီး နစက တပ်ဖွဲ့ရဲ့ဗျူဟာပဲ ကျန်တယ်လို့ သူက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီ နစက နဲ့ KIA တို့က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆော့လော်မြို့ကို အောက်တိုဘာလ ၂ ရက် မနက်ပိုင်းက ထိန်းချုပ်လိုက်ပြီး ချီဖွေမြို့ မြို့မရဲစခန်း၊ ချီဖွေ – ပန်ဝါသွားလမ်းပေါ်က ၄ မိုင်နစက တပ်ဖွဲ့ ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ်၊ ကန်ပိုင်ယန်သွားလမ်းက ကာကင်းစခန်းတခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ် စတဲ့ နေရာတွေကို စက်တင်ဘာလ ၂၉ ရက်နေ့ တရက်ထဲ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...