အာဖရိကမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တွေဟာ တပ်မတော်ပိုင်လုပ်ငန်းဖြစ်တဲ့ ဧရာဟင်္သာကုမ္ပဏီ နဲ့ မြန်မာကုမ္ပဏီ ၂ခု ကရောင်းချခဲ့ခြင်းဖြစ်

 

ရန်ကုန် ၊ဧပြီ ၁၉-၂၀၁၉

TGH (vom)

အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာဆန်တွေဟာ တပ်မတော်ပိုင်လုပ်ငန်းဖြစ်တဲ့ ဧရာဟင်္သာကုမ္ပဏီနဲ့ ရွှေဝါရောင် (မက်ထရစ် တန် ၁၃၅၀၀) ၊ MEC (မက်ထရစ်တန် ၈၀၀၀) ကုမ္ပဏီ တွေက ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီ ဖြစ်တဲ့ Olam International Co. Ltd. ကိုရောင်းချခဲ့တဲ့ဆန်တွေဖြစ်တယ်လို့ ဒုတိယ၀န်ကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဦးအောင်ထူးက ဒီကနေ့မှာ သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နာကနေ ဖြေရှင်းပြောကြားလိုက်တာဖြစ်ပါတယ်။

” ဒီကိစ္စ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့သူတွေနဲ့ inspection agency တွေ သက်ဆိုင်သူတွေပါတဲ့ အစည်းအဝေးတစ်ခုကို မကြာမီပြုလုပ် သွား ဖို့ရှိတယ်။ ဖြစ်ရပ်အမှန်ကို ဆန်းစစ်ပြီး ဘယ်သူရဲ့ အားနည်းချက်လဲ၊ သက်ဆိုင်ရာတင်ပို့တဲ့ ကုမ္ပဏီတွေလား၊ ပွဲစားလုပ်တဲ့ ကုမ္ပဏီလား၊ inspection agency တွေလား၊ စီးပွားကူးသန်းအနေနဲ့က ဘာလုပ်ပေးနိုင်မလဲ။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံဆန်တင်ပို့သူများအတွက် Wake-up Call ဘဲ ဖြစ်ပါတယ်။ ဆန်တင်ပို့မှု တစ်ခုလုံးကို ပြန်လည်ဆန်းစစ်ရမဲ့အချိန်ကျ နေပြီ။”လို့ ဒုတိယဝန်ကြီးက ရေးသားထားပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ဆန်တွေကို MV Ocean Prince နဲ့တင်ဆောင်ခဲ့တာဖြစ်ပြီး သင်္ဘောက ရန်ကုန်ဆိပ်ကမ်းကို ပြီးခဲ့တဲ့ သြဂုတ်လအကုန်က ရောက်လာခဲ့တာပါ။သဘောင်္ရောက်ချိန်မှာ မိုးရွာနေတာကြောင့် ဆန်တင်ချိန် ၂ လခွဲဝန်းကျင်ကြာခဲ့ပြီး ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နေ့မှာမှ ရန်ကုန်ကနေ မြန်မာ့ ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ပြီး ထွက်ခွာခဲ့ပါ တယ်။နောက်ပြီး အိန္ဒိယနိုင်ငံမှာ ဆန် တန်ချိန်(၁၄၀၀၀) ဝင်တင်ခဲ့တာကြောင့် ဂီနီနိုင်ငံက Conakry ဆိပ်ကမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အကုန်မှ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဆန်တွေကို သင်္ဘောကနေ တန်ချိန် (၄၀၀၀) ချအပြီးမှာ ဆန်အလေး ချိန်မပြည့်တဲ့ပြဿ နာပေါ်ခဲ့တာကြောင့် ရည် အသွေးစစ်တဲ့ ကုမ္ပဏီက ဆက်လက်လက်မခံခဲ့ဘူးလို့သိရပါတယ်၊ ကျန်နေရာတွေမှာ ဆက်ရောင်းခဲ့ပေမယ့်လည်း လက်မခံခဲ့တဲ့အတွက် မရောင်းရတဲ့ဆန်တွေကို မြန်မာနိုင်ငံပြန်သယ်ဖို့ အိုလန်း ကုမ္ပဏီက ကိုယ်စားလှယ်တွေက အခုနစ်၊ဖေဖော်ဝါရီ ၁၉ ရက်က စီးပွား ကူးသန်းကို လာတွေ့ခဲ့ပါ တယ်။ဒါကြောင့် စီးပွား ကူးသန်းက repair and return စနစ်နဲ့သွင်းကုန်ပါမစ် ချပေးခဲ့ပြီး ဆန်တွေ ပြန်ရောက်လာရင် စစ်ဆေရေးအဖွဲ့နဲ့ စီစစ်ဖို့အတွက်ပါ စီစဉ်ခဲ့ပေမယ့်သင်္ဘောကပြန်မလာခဲ့ပါဘူး။ ” သိရတာက ဆန်ရောင်းခဲ့တဲ့ ကုမ္ပဏီက ဒီဆန်တွေကို အာဖရိကမှာ လှည့်ရောင်းခဲ့လို့ ပြဿနာပြေလည်သွားပြီလို့ဆိုပါတယ်။ ခုကျ ဗြုန်းကနဲ့ မြန်မာဆန်တွေ စားသုံးရန်မသင့်လို့အိုင်ဗရီ ကိုစ့်မှာ ဖျက်ဆီးခံရ တယ်ဆိုပြီး သိရတယ်။ စီးပွား ရေး ကုမ္ပဏီတွေက သူ့အကျိုးစီးပွားအတွက် စီးပွားရေးလုပ်ကြပေမဲ့၊ မြန်မာဆန်ကို နာမည်ပျက်စေခဲ့တယ်။ဆန်တွေဟာ မြန် မာနိုင်ငံမှာ သင်္ဘောပေါ်တင်ချိန်နဲ့ သင်္ဘောပေါ်မှာကြာချိန်တွေကြောင့် ရေငွေဝင်ခဲ့ပြီး ဆန်တွေပျက်စီးခြင်းဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ပြီးခဲ့တဲ့နှစ်ကစလို့ ပထမ အများဆုံး ဆန်တင်ပို့သူ အဖြစ်နေရာရ နေပြီးခုလိုနေရာရချိန်မှာ အီးယူက မြန်မာနိုင်ငံက ဆန်လုံး ရှည်များကို သူ့အဖွဲ့ဝင်နိုင်ငံတွေကို အကာအကွယ်ပေးဖို့ safeguards duty ကောက်ခဲ့ပါ တယ်။ ဈေးကွက်ကို ဝင်ခါ စနိုင်ငံတွေရဲ့ ကြုံတွေရတဲ့ ပြဿနာအတိုင်း ပြိုင်ဆိုင်မှုက ပြင်းထန်ခဲ့ပေမဲ့ ဒီ ပြိုင်ဆိုင်မှုတွေဟာ တရားသော ပြိုင်ဆိုင်မှုသာ ဖြစ်သင့်ကြောင်း၊ inspection agency တွေနဲ့ ပေါင်းပြီး မတရားသော ပြိုင်ဆိုင်မှုလုပ်ခဲ့မယ်၊ သတ်မှတ်ထားတဲ့အစိုဓါတ်မရောက်ဘဲ တင်ပို့ခဲ့မယ်။ အလေး ချိန်မပြည့်ပဲ တင်ပို့ခဲ့မယ် ဆိုရင် ခုလိုပြဿနာမျိုးတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ဆန်တွေနဲ့ပတ်သက်ပြီး ကနဦး လေ့လာတွေ့ရှိချက် တွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက သူရဲ့ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နာကနေ ဒီနေ့မနက်ပိုင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တပ်မတော်ပိုင်လုပ်ကန်းဖြစ်တဲ့ဧရာဟင်္သာကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာန လူကြီးမှာ အစည်းအဝေးပြုလုပ်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo AFP

 

#voiceofmyanmar #မြန်မာဆန် #အိုင်ဗ၇ီကိုစ့် #ဖျက်ဆီး

Related posts

Leave a Comment

VOM News

FREE
VIEW