လက်ပံတောင်းပြဿနာပြေလည်ဖို့ ဒေသခံတွေနဲ့ တိုင်းအစိုးရဆွေးနွေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ဒေသခံတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဧပြီလ ၂၉ ရက်နေ့က နယ်လုံဝန်ကြီး ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ဒေသခံတောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတောင်သူတွေရဲ့ ဆွေးနွေးချက်ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ဝမ်ပေါင်ကုမ္မဏီကို ပေးပို့ညှိနှိုင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ဒေသခံတွေဘက်က တောင်သူ ၉ ဦးပါဝင်ပြီး တိုင်းအစိုးရအဖွဲ့ဘက်မှာတော့ နယ်လုံဝန်ကြီး၊ လယ်ဆည်ဝန်ကြီး၊ စည်ပင်ဝန်ကြီး နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ပါဝင်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ယခင်ကတည်းက ဒေသခံတွေနဲ့ အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမည့် ယခုချိန်ထိ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတွေ ပါဝင်ခြင်းမရှိသေးပါဘူး။ ဒေသခံတွေဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကိုလာရောက်စဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါဝင် ဝမ်ပေါင်ဘက်မှ တာဝန်ရှိသူတွေကို တွေ့ဆုံပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ယခုပြုလုပ်တဲ့ ဆွေးနွေးပွဲခန်းအတွင်းကိုတော့…

Read More

တစ်နှစ်ကျော်ကြာကင်းလွတ်ခွင့်ပြုခဲ့တဲ့  ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်း မနက်ဖြန်မှာစပြီး  ပြန်ကောက်မယ်

ရန်ကုန် ၊ဧပြီ ၃၀-၂၀၁၉ TGH(VOM)   ၂၀၁၈ ခုနှစ်မှာ  ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မနက်ဖန်မှာ ပြန်လည် စတင်ကောက်ခံတော့မှာဖြစ်တယ်လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။     “နယ်စပ်တွေမှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်တာချင်းအတူတူ ရိုးရိုးကုမ္ပဏီတွေက ၂ ရာခိုင်နူန်းပေးဆောင်ရတယ်၊အခွန်ထမ်းကြီးတွေက မပေးဆောင်ရဘူးဆိုတဲ့ မညီမျှမှုတွေရှိလာတယ်။နောက်ပြီး  တချို့လုပ်ငန်းတွေက သူတို့ကုမ္ပဏီတွေနဲ့ ပို့ကုန်မလုပ်တော့ဘူး အခွန်ထမ်းကြီးများဆိုင်ရာအနေနဲ့ပဲလုပ်သွားကြတယ်။  ဒါကြောင့်နယ်စပ်မှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်ကြတဲ့လုပ်ငန်းချင်း တန်းတူအခွင့်အရေးရရှိဖို့ဆိုပြီးပြန်ကောက်တာပါ“လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။      ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကို  ၂၀၁၃–၂၀၁၄ ဘဏ္ဍာနှစ် ကစတင်ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာ  အခွန်ထမ်းကိုယ်တိုင်စည်းကြပ်တဲ့ စနစ်ကျင့်သုံးသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) တို့ရဲ့ အခွန်ထမ်းကုမ္ပဏီတွေအနေနဲ့ အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းခြင်း ၊ အခွန်ပေးဆောင်မှု တွေလိုက်နာတာကြောင့်…

Read More

ကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T

ရန်ကုန် ဧပြီ ၃၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။     “အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။     သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆…

Read More

မြန်မာစစ်ဘက်အပေါ် အီးယူက အရေးယူပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး

ဘရပ်ဆယ်၊ ဧပြီ-၃၀-၂၀၁၉ မျိုးဆက် (VOM) မြန်မာစစ်ဘက်အပေါ် လက်နက်ရောင်းချခွင့်နဲ့ အခြားအရေးယူပိတ်ဆို့မှုတွေကို နောက်ထပ်တစ်နှစ်တိုးဖို့ ဥရောပသမဂ္ဂ (အီးယူ) က ဧပြီ ၂၉ ရက်မှာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီလိုအရေးယူပိတ်ဆို့မှုတွေမှာတော့ မြန်မာစစ်ဘက်ကိုလက်နက်ရောင်းချတာတွေပါဝင်သလို စစ်ဘက်နဲ့ နယ်ခြားစောင့်တပ်တွေက ပြည်တွင်းမှာ ဖိနှိပ်မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် မြန်မာစစ်ဘက်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေနဲ့ လေ့ကျင့်သင်တန်းပေး တာမျိုးတွေကို လည်းတားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အရေးယူပိတ်ဆို့မှု သက်တမ်းတိုးတာဟာ ဧပြီ ၃၀ ၇က်မှာ စတင်သက်ဝင်မှာဖြစ်ပြီး ၂၀၂၀ခုနှစ် ဧပြီ ၃၀ ရက်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ဖိနှိပ်မှု ၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်တပ်က ထိပ်တန်းအဆင့်ရှိ အရာရှိ ၁၄ ဦးကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်တာအပါအ၀င် အခြား အရေးယူပိတ်ဆို့မှုတွေ…

Read More

လီဆူနှင့် ရှမ်းလူမျိုးများကို KIA/KIO အဖွဲ့က ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းစာရှင်းလင်း

မြစ်ကြီးနား ဧပြီ ၃၀-၂၀၁၉ VOM ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ လီဆူမျိုးနွယ်နဲ့ ရှမ်းမျိုးနွယ်စုတွေအပေါ်မှာ နှိပ်စက်ညှင်းပန်းမှုတွေပြုလုပ် နေကြောင်းနဲ့ အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို လီဆူအမျိုးသားဖွံ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။   ဧပြီ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ Cartal Hotel မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ KIO/KIA အနေနဲ့ လီဆူနှင့် ရှမ်းလူမျိုးတွေကို ညှင်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့လူတွေ အသက်ရှင်လျှက်ရှိနေသေးရင် ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဓိကထားပြီး ပြောကြားခဲ့ပါတယ်။   ဒီသတင်းစာရှင်းလင်းပွဲမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ကချင်လွတ်မြောက် ရေးတပ်မတော်ဆီကနေ အချက်လေးချက်တောင်းဆိုလိုက်ပါတယ်။   သတင်းစာရှင်းလင်းပွဲကနေ ကချင်လွတ်မြောက်ရေးတပ်တော် KIA/KIO အဖွဲ့ကို စွပ်စွဲထားတာတွေဟာ လုံလောက်တဲ့ အထောက်အထားတွေရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…

Read More

တိုက်​ပွဲဖြစ်​ပွားခဲ့သည့်​ ဗုဒ္ဓေါကျေးရွာအနီးမိုင်းပေါက်​ကွဲ ရွာသားတစ်​ဦးထိခိုက်

ပုဏ္ဏားကျွန်း၊ ဧပြီ ၂၉ – ၂၀၁၉ ခိုင်​လင်းစံ (VOM) ရခိုင်​ပြည်​နယ်​၊ ပုဏ္ဏားကျွန်းမြို့နယ်​ တောဖျားချောင်းဒေသ ဗုဒ္ဓေါကျေးရွာအနီး ယနေ့နံနက်​ပိုင်းက မိုင်းပေါက်​ကွဲမှုတစ်​ခုဖြစ်​ပွားခဲ့ရာ ကျေးရွာသားတစ်​ဦး ထိခိုက်​ဒဏ်​ရာရရှိခဲ့တာဖြစ်​ပါတယ်​။ အဲ့ကျေးရွာသားဟာ ဗုဒ္ဓေါကျေးရွာက ကွမ်းစိုက်​တောင်​သူ ဦးမောင်​ကျော်​ဝင်းဖြစ်​ပြီး ကွမ်းခင်းကိုသွားတဲ့အချိန်​မှာ မိုင်းကြိုးကို နင်းမိတဲ့အတွက်​ ပေါက်​ကွဲခဲ့တာဖြစ်​ပါတယ်​။   “သူကကွမ်းစိုက်​ပါတယ်​။ ဒီနေ့မနက်​က ကွမ်းခင်းကိုသွားတဲ့လမ်းမှာ မိုင်းထောင်​ထားတဲ့ကြိုးကို နင်းမိတယ်​လို့သိရပါတယ်​။ ရွာနားက တောင်​ကုန်းလေးမှာပေါက်​တာပါ။ ခြေထောက်​နဲ့မျက်​လုံး၊ ဝမ်းဗိုက်​တွေမှာ ထိသွားပါတယ်​။”လို့ ကျေးရွာအုပ်​ချုပ်​ရေးမှူးကပြောပါတယ်​။ အဲ့ဒီရွာအနီးဝန်းကျင်​ဟာ ဖေဖော်​ဝါရီလနဲ့ ဧပြီလအတွင်းက မြန်​မှာ့တပ်​မတော်​နဲ့ AA တို့အကြား တိုက်​ပွဲတွေပြင်းထန်​ခဲ့တဲ့နေရာဖြစ်​ပါတယ်​။   “ရွာအနီးပါတ်​ဝန်းကျင်​မှာ တိုက်​ပွဲတွေဖြစ်​ပွားခဲ့တယ်​။ အဲ့ဒီအခါမှာ ထောင်​ခဲ့တဲ့မိုင်းတွေဖြစ်​မယ်​။ ဒီလိုမျိုးဆက်​ရှိနေမယ်​ဆိုရင်​တော့ တော တောင်​တွေကို သွားလာဖို့ စိုးရိမ်​စရာတွေဖြစ်​လာပါတယ်​။”လို့ အုပ်ျုပ်​ရေးမှူးကဆိုပါတယ်​။   မိုင်းထိဒဏ်​ရာရရှိသွားတဲ့ ဦးမောင်​ကျော်​ဝင်းကို ယိုးတရုတ်​ တိုက်​နယ်​ဆေးရုံသို့ပို့ဆောင်​ပေးထားပြီးဖြစ်​ကာ မိုင်းထိဒဏ်​ကြောင့်​ မျက်​လုံးတွေ…

Read More

အဂတိကော်မရှင်သို့ တိုင်ကြားသည့်ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းသည့်ကိစ္စ လွှတ်တော်တွင် အချေအတင်ဖြစ် 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာာရေး၊ အခွန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား အဂတိလိုက်စားမှုတွေရှိနေ ဆိုပြီး ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်လွှတ်တော်သို့ တိုင်းကြားမှုများရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဒေသခံကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်မှ ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒ့ါအပြင် မြောက်ဦးဒေသခံကုမ္ပဏီတချို့ ဦးကျော်အေးသိန်းကို မြန်မာ့နိုင်ငံ အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ကြတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မဟုတ်မမှန်တိုင်ကြားတယ်ဆိုပြီး ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တဲ့ အပေါ်မှာ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ဒီကနေ့လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်မေးတာက အဲ့ဒီကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထည့်သွင်းဖို့အတွက် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံး ဖြတ်ချက် ဟုတ်မဟုတ်၊ အဂတိကော်မရှင်ထံ တိုင်ကြားမှုနဲ့ပတ်သက်လို့ အမည်ပျက်စာရင်းသွင်းတာ ဥပဒေနဲ့ညီမညီ အဲ့ဒါတွေကိုမေးတာပါ။ ဝန်ကြီးက…

Read More

ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နဲ့  အာရုံကြောအထူးကုဆေးရုံသစ် မေလ ၁ ရက်စဆောက်မယ်

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH(VOM)   ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကို ရန်ကုန်မှာ မေလ ၁ ရက်နေ့ စတင်တည်ဆောက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။   “ဒီဆေးရုံအတွက် ဂျပန်နိုင်ငံ အစိုးရက   ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့်  ဆေးရုံသုံးစက်ပစ္စည်း တချို့ကို  ထောက်ပံ့တယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် ကျခံသုံးစွဲမှာဖြစ်တယ် “လို့  ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။   မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးရောဂါနှင့် ဦးနှောက်အာ ရုံကြောရောဂါတွေကို မြန်မာ–ဂျပန် နည်းပညာပူးပေါင်းပြီးအဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင်  နှလုံးရောဂါဆေးပညာ(Cardiology)၊ နှလုံးခွဲစိတ်ကုသမှုပညာ(Cardiac Surgery)၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ပညာ (Neurology)၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာ(Neurosurgery) ဌာနတွေနဲ့ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့သိရပါတယ်။   ၎င်းအထူးကုဆေးရုံကြီးကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်နဲ့ သူနာပြု တက္ကသိုလ်ကြားရှိ မြေနေရာ (၅.၅၆၂)…

Read More

လျှပ်စစ်ဝန်ကြီးက  ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းနိုင်ဖို့ လုပ်နေတယ်လို့ဆို

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH (VOM)   လာမယ့် ၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးက အိမ်ထောင်စုအားလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောပါတယ်။   “လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အိမ်ထောင်စုပါင်း ၄၄ % ခန့်က လျှပ်စစ်ဓာတ်အားရရှိနေတယ်၊ခုနှစ် နှစ်ကုန်မှာ              ၅၀ % ထိ တိုးမြှင့်ရရှိနိုင်မှာပါ။ လာမယ့် ၂၀၂၀–၂၀၂၁ ခုနှစ်မှာဆိုရင့ အိမ်ထောင်စုပေါင်း ၅၅ % က လျှပ်စစ်ဓာတ်အားရယူသုံးစွဲနိုင်ဖို့ မျှော်မှန်းထားတယ် ၊၂၀၂၅–၂၀၂၆ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၇၅ % ရမယ်လို့မျှော်မှန်းထားတယ်“လို့ ဆိုပါတယ်   ခုလိုေ ဆာင်ရွက်နိုင်ဖို့အတွက်   ပြည်ပ ချေးငွေရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေတွေသုံးစွဲပြီး  ဆောင်ရွက်နေတယ်လို့ သိရပါတယ်။…

Read More

ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားရေးဝါဒီလိုမျိုး ပြောဆိုဆွေးနွေးမှုမပြုလုပ်ဖို့ လွှတ်တော်ဥက္ကဌတိုက်တွန်း 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ဥပဒေဘောင်အတွင်း ပြောရေးဆိုရေးဖို့လိုအပ်သလို အမျိုးသားရေးဝါဒီတစ်ဦးလိုမျိုး ပြောဆိုဆွေးနွေးမှုတွေ မပြုလုပ်ကြဖို့အတွက် လွှတ်တော်ဥက္ကဌက သတိပေးပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့တွေဟာ ရခိုင်ပြည်သူတွေရွေးချယ်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာလည်း ကျွန်တော်တို့မှာ တာဝန်အပြည့်အဝရှိပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေဘောင်အတွင်းက ပြောရဲဆိုရဲရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေးဝါဒီ တစ်ယောက်လို ပုံစံမျိုးမဖြစ်ဖို့ကို ရှောင်ကြဉ်ကြပါ။”လို့ လွှတ်တော်ဥက္ကဌာ ဦးစံကျော်လှက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူမျိုးတစ်မျိုးနဲ့တမျိုးအကြားမှာ ပြဿနာဖြစ်ပွားစေနိုင်တဲ့ အမုန်းစကားမျိုးကိုလည်း မပြောဆိုရဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ “ကျွန်တောို့ ရခိုင်မှာ စားကားပုံတစ်ခုရှိပါတယ်။ ကြမ်းပေါက်ကျွံရင် နှုတ်လို့ရတယ်။ နှုတ်ကျွန်ရင်နှုတ်လို့မရဆိုတဲ့အတိုင်း ဗမာလူမျိုးတွေမှာလည်းရှိပါတယ်။…

Read More
VOM News

FREE
VIEW