လီဆူနှင့် ရှမ်းလူမျိုးများကို KIA/KIO အဖွဲ့က ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းစာရှင်းလင်း

မြစ်ကြီးနား ဧပြီ ၃၀-၂၀၁၉

VOM

ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ လီဆူမျိုးနွယ်နဲ့ ရှမ်းမျိုးနွယ်စုတွေအပေါ်မှာ နှိပ်စက်ညှင်းပန်းမှုတွေပြုလုပ် နေကြောင်းနဲ့ အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို လီဆူအမျိုးသားဖွံ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

 

ဧပြီ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ Cartal Hotel မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ KIO/KIA အနေနဲ့ လီဆူနှင့် ရှမ်းလူမျိုးတွေကို ညှင်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့လူတွေ အသက်ရှင်လျှက်ရှိနေသေးရင် ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဓိကထားပြီး ပြောကြားခဲ့ပါတယ်။

 

ဒီသတင်းစာရှင်းလင်းပွဲမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ကချင်လွတ်မြောက် ရေးတပ်မတော်ဆီကနေ အချက်လေးချက်တောင်းဆိုလိုက်ပါတယ်။

 

သတင်းစာရှင်းလင်းပွဲကနေ ကချင်လွတ်မြောက်ရေးတပ်တော် KIA/KIO အဖွဲ့ကို စွပ်စွဲထားတာတွေဟာ လုံလောက်တဲ့ အထောက်အထားတွေရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဂျန်ခုန့်က ထောက်ပြမေးမြန်းခဲ့ပါတယ်။

 

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ KIA/KIO အနေနဲ့ လီဆူတိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားလူမျိုးများ အပေါ်ဖမ်းဆီး ညှင်းပန်းမှုပြုလုပ်နေတာတွေ ရပ်တန့်ပေးဖို့ လာမည့် မေလအတွင်းမှာ ဆန္ဒဖော်ထုတ်တောင်းဆို သွားဖို့ရှိတယ်လို့ သိရပါတယ်။

သူတို့ရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ကေအိုင်အေ၊ကေအိုင်အိုကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးတာကြောင့် ကေအိုင်အေဘက်က တုံ့ပြန်ချက်ကို မသိရှိရသေးပါဘူး။

#voiceofmyanmar #လီဆူ #KIA  #KIO #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW