လက်ပံတောင်းပြဿနာပြေလည်ဖို့ ဒေသခံတွေနဲ့ တိုင်းအစိုးရဆွေးနွေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ဒေသခံတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဧပြီလ ၂၉ ရက်နေ့က နယ်လုံဝန်ကြီး ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ဒေသခံတောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတောင်သူတွေရဲ့ ဆွေးနွေးချက်ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ဝမ်ပေါင်ကုမ္မဏီကို ပေးပို့ညှိနှိုင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ဒေသခံတွေဘက်က တောင်သူ ၉ ဦးပါဝင်ပြီး တိုင်းအစိုးရအဖွဲ့ဘက်မှာတော့ နယ်လုံဝန်ကြီး၊ လယ်ဆည်ဝန်ကြီး၊ စည်ပင်ဝန်ကြီး နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ပါဝင်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ယခင်ကတည်းက ဒေသခံတွေနဲ့ အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမည့် ယခုချိန်ထိ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတွေ ပါဝင်ခြင်းမရှိသေးပါဘူး။ ဒေသခံတွေဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကိုလာရောက်စဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါဝင် ဝမ်ပေါင်ဘက်မှ တာဝန်ရှိသူတွေကို တွေ့ဆုံပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ယခုပြုလုပ်တဲ့ ဆွေးနွေးပွဲခန်းအတွင်းကိုတော့…

Read More

တစ်နှစ်ကျော်ကြာကင်းလွတ်ခွင့်ပြုခဲ့တဲ့  ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်း မနက်ဖြန်မှာစပြီး  ပြန်ကောက်မယ်

ရန်ကုန် ၊ဧပြီ ၃၀-၂၀၁၉ TGH(VOM)   ၂၀၁၈ ခုနှစ်မှာ  ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မနက်ဖန်မှာ ပြန်လည် စတင်ကောက်ခံတော့မှာဖြစ်တယ်လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။     “နယ်စပ်တွေမှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်တာချင်းအတူတူ ရိုးရိုးကုမ္ပဏီတွေက ၂ ရာခိုင်နူန်းပေးဆောင်ရတယ်၊အခွန်ထမ်းကြီးတွေက မပေးဆောင်ရဘူးဆိုတဲ့ မညီမျှမှုတွေရှိလာတယ်။နောက်ပြီး  တချို့လုပ်ငန်းတွေက သူတို့ကုမ္ပဏီတွေနဲ့ ပို့ကုန်မလုပ်တော့ဘူး အခွန်ထမ်းကြီးများဆိုင်ရာအနေနဲ့ပဲလုပ်သွားကြတယ်။  ဒါကြောင့်နယ်စပ်မှာ ပို့ကုန်လုပ်ငန်းဆောင်ရွက်ကြတဲ့လုပ်ငန်းချင်း တန်းတူအခွင့်အရေးရရှိဖို့ဆိုပြီးပြန်ကောက်တာပါ“လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။      ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းကို  ၂၀၁၃–၂၀၁၄ ဘဏ္ဍာနှစ် ကစတင်ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာ  အခွန်ထမ်းကိုယ်တိုင်စည်းကြပ်တဲ့ စနစ်ကျင့်သုံးသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) တို့ရဲ့ အခွန်ထမ်းကုမ္ပဏီတွေအနေနဲ့ အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းခြင်း ၊ အခွန်ပေးဆောင်မှု တွေလိုက်နာတာကြောင့်…

Read More

ကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T

ရန်ကုန် ဧပြီ ၃၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။     “အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။     သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆…

Read More

မြန်မာစစ်ဘက်အပေါ် အီးယူက အရေးယူပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး

ဘရပ်ဆယ်၊ ဧပြီ-၃၀-၂၀၁၉ မျိုးဆက် (VOM) မြန်မာစစ်ဘက်အပေါ် လက်နက်ရောင်းချခွင့်နဲ့ အခြားအရေးယူပိတ်ဆို့မှုတွေကို နောက်ထပ်တစ်နှစ်တိုးဖို့ ဥရောပသမဂ္ဂ (အီးယူ) က ဧပြီ ၂၉ ရက်မှာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီလိုအရေးယူပိတ်ဆို့မှုတွေမှာတော့ မြန်မာစစ်ဘက်ကိုလက်နက်ရောင်းချတာတွေပါဝင်သလို စစ်ဘက်နဲ့ နယ်ခြားစောင့်တပ်တွေက ပြည်တွင်းမှာ ဖိနှိပ်မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် မြန်မာစစ်ဘက်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေနဲ့ လေ့ကျင့်သင်တန်းပေး တာမျိုးတွေကို လည်းတားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အရေးယူပိတ်ဆို့မှု သက်တမ်းတိုးတာဟာ ဧပြီ ၃၀ ၇က်မှာ စတင်သက်ဝင်မှာဖြစ်ပြီး ၂၀၂၀ခုနှစ် ဧပြီ ၃၀ ရက်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ဖိနှိပ်မှု ၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်တပ်က ထိပ်တန်းအဆင့်ရှိ အရာရှိ ၁၄ ဦးကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်တာအပါအ၀င် အခြား အရေးယူပိတ်ဆို့မှုတွေ…

Read More

လီဆူနှင့် ရှမ်းလူမျိုးများကို KIA/KIO အဖွဲ့က ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းစာရှင်းလင်း

မြစ်ကြီးနား ဧပြီ ၃၀-၂၀၁၉ VOM ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ လီဆူမျိုးနွယ်နဲ့ ရှမ်းမျိုးနွယ်စုတွေအပေါ်မှာ နှိပ်စက်ညှင်းပန်းမှုတွေပြုလုပ် နေကြောင်းနဲ့ အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို လီဆူအမျိုးသားဖွံ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။   ဧပြီ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ Cartal Hotel မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ KIO/KIA အနေနဲ့ လီဆူနှင့် ရှမ်းလူမျိုးတွေကို ညှင်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့လူတွေ အသက်ရှင်လျှက်ရှိနေသေးရင် ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဓိကထားပြီး ပြောကြားခဲ့ပါတယ်။   ဒီသတင်းစာရှင်းလင်းပွဲမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ကချင်လွတ်မြောက် ရေးတပ်မတော်ဆီကနေ အချက်လေးချက်တောင်းဆိုလိုက်ပါတယ်။   သတင်းစာရှင်းလင်းပွဲကနေ ကချင်လွတ်မြောက်ရေးတပ်တော် KIA/KIO အဖွဲ့ကို စွပ်စွဲထားတာတွေဟာ လုံလောက်တဲ့ အထောက်အထားတွေရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…

Read More
VOM News

FREE
VIEW