ကိုယ်ပိုင်သီချင်းတွေကို မသိအောင် ရောင်းစားခံနေရတဲ့ Ar-T

ရန်ကုန် ဧပြီ ၃၀-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ခေတ်ပေါ် R&B ၊ DJ နဲ့ EDM တေးဂီတသီဆိုမှုကြောင့်မို့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် Ar.T ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ မသိအောင် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။

 

 

“အဓိက သီချင်းတွေက ကိုယ်မရောင်းထားပဲ ကိုယ့်ရဲ့ သီချင်းတွေက You Tube မှာ သူများက နိုင်ငံ ခြား ကုမ္ပဏီကို ရောင်းစားတာမျိုးတွေ ခံနေရတယ်။ သီချင်းတစ်ပုဒ် မတင်ခင်မှာ ကိုယ့်ဘက်က Save ပြီးတော့ သေချာလုပ်ဆောင်မှုတွေ လုပ်ရတော့မယ်”လို့ ဆိုပါတယ်။

 

 

သူ့ကတော့ သီချင်းခွေသစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ရဲ့ Mini Album ပုံစံတွေကို ထွက်မှာပါ။ခေါင်းစဉ်က Biom သီချင်းခွေမှာ သီချင်း ၆ ပုဒ်လောက်ပါပါမယ်။ ၅ခွေမြောက် တစ်ကိုယ်တော် Biom သီချင်းခွေ ထွက်ရှိရန်ပြင်ဆင်နေပြီနေတယ်လို့ သိရပါတယ်။ “အနုပညာရှင်တွေ အချင်းချင်း စည်းလုံးဖို့လိုနေပါပြီ။ခုက ခိုးကူးခွေကို ပြောတာမဟုတ်ပါဘူး။ You Tubeမှာ ကိုယ့်က Free တင်ထားပေမယ့် တခြားသူက ကိုယ့်သီချင်းကိုကြားကရောင်းခဲ့တယ်ပေါ့။ ကျွန်တော် တို့ က လည်း ပရိသတ်နားထောင်ဖို့ တင်ပေးခဲ့တယ်။ ရောင်းရမယ်လို့လည်း နားမလည်ခဲ့ဘူး။ ကိုယ့်သီချင်းကို ကိုယ့်ရဲ့ Channel တင်တာကို Coby Right ကနိုင်ငံခြားကဖြစ်နေတယ်။ ဒီလိုနိုင်ငံခြား ကုမ္ပဏီတစ်ခုကို ရောင်းစား ထားတယ်။ကျွန်တော်အတွက် ဒီလိုပြဿနာတွေ ကြုံ့နေရပါတယ်”လို့ဆိုပါတယ်။

 

 

သူရဲ့ ၂၀၁၃ ခုနှစ်က တစ်ကိုယ်တော်ကို Candy ၊ ၂၀၁၅ ခုနှစ်မှာ Candy Field-Deluxe Edition ခွေပေါ့။နောက် ၂၀၁၇ မှာတော့ Fat House ပေါ့။ ၂၀၁၈ ကတော့ Moving Colors ထွက်ခဲ့ပါတယ်။ “ဒီသီချင်းတွေအတွက် ပိုက်ဆံလိုချင်တာ မဟုတ်ပါဘူး ကိုယ့်သီချင်းက ကိုယ်ပိုင်ဆိုတာကို ရှိချင်တာ ပါ။ ပြန်ယူလို့ရမယ်တော့ ပြောနေပါတယ်။ နောက် ကိုယ်လုပ်မယ့်အလုပ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ခုတော့ ကိုယ့်သီချင်းကိုယ် မျက်နှာငယ်ငယ်နဲ့ ပြန်ယူနေရပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ -သင်းသဒ္ဒါ

#voiceofmyanmar #Ar-T

Related posts

Leave a Comment

VOM News

FREE
VIEW