မြန်မာစစ်ဘက်အပေါ် အီးယူက အရေးယူပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး

ဘရပ်ဆယ်၊ ဧပြီ-၃၀-၂၀၁၉
မျိုးဆက် (VOM)
မြန်မာစစ်ဘက်အပေါ် လက်နက်ရောင်းချခွင့်နဲ့ အခြားအရေးယူပိတ်ဆို့မှုတွေကို နောက်ထပ်တစ်နှစ်တိုးဖို့ ဥရောပသမဂ္ဂ (အီးယူ) က ဧပြီ ၂၉ ရက်မှာဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒီလိုအရေးယူပိတ်ဆို့မှုတွေမှာတော့ မြန်မာစစ်ဘက်ကိုလက်နက်ရောင်းချတာတွေပါဝင်သလို စစ်ဘက်နဲ့ နယ်ခြားစောင့်တပ်တွေက ပြည်တွင်းမှာ ဖိနှိပ်မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။
ဒါ့အပြင် မြန်မာစစ်ဘက်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေနဲ့ လေ့ကျင့်သင်တန်းပေး တာမျိုးတွေကို လည်းတားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အရေးယူပိတ်ဆို့မှု သက်တမ်းတိုးတာဟာ ဧပြီ ၃၀ ၇က်မှာ စတင်သက်ဝင်မှာဖြစ်ပြီး ၂၀၂၀ခုနှစ် ဧပြီ ၃၀ ရက်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ဖိနှိပ်မှု ၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်တပ်က ထိပ်တန်းအဆင့်ရှိ အရာရှိ ၁၄ ဦးကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်တာအပါအ၀င် အခြား အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ပြီး ချမှတ်ထားမှာဖြစ်ပါတယ်။
Ref : European Council Photo : Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW