မူးယစ်ဆေးစွဲသူကို ထောင်ထဲမပို့်ဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ရဲတိုက်ဆို

ရန်ကုန် ဧပြီ ၂၉-၂၀၁၉ သင်းသဒ္ဒါ ( VOM) ခုချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ မူးယစ်ဆေးစွဲသူကို ထောင်ထဲမပိုဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ဆိုပါတယ်။ “အမှန်တော့ ဘာမှ မထူးပါဘူး။ မူးယစ်ဆေးစွဲတဲ့သူတွေကို ပို့သင်တာကတော့ ဆေးဖြတ်စခန်းကို ပို့ ရမှာပါ။ထောင်ထဲ ထည့်လိုက်တော့ ပိုဆိုးသွားတယ်။ ဆေးဖြတ်စခန်းပို့တာ ပိုကောင်းပါတယ်။ လူငယ်တစ်ယောက် ဆေးပြတ်တယ်၊မပြတ်ဘူးဆိုတာ တချိန်လုံးစောင့်ကြည့်နေမှ ရတာပါ။အလစ်ပေးလို့ မရပါဘူး”လို့ ဆိုပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ၆ လပိုင်းမှာ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့လည်း ရှိပါတယ်။၆ လပိုင်း ရိုက်ကူးမယ့် ဇာတ်ကားအတွက်ကတော့ ၀ိတ်ကို ချနေပါတယ်လို့ ဆိုရပါတယ်။ “ကျွန်တော် မောင်ရဲထိုက်သည် WY စိတ်ကြွရူးသွတ်ဆေးပြားကို သုံးစွဲခြင်း မရှိပါကြောင်း ပြောချင်ပါ တယ်။နောင်တဆိုတာ ယူစရာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ မင်းသားအဖြစ် တင်မြောက်ပေးခဲ့တဲ့ ဆာတိုရီ…

Read More

မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတာနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေပြီလို့ ဒုတိယသမ္မတ(၁) ပြော

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH(VOM) ပြည်ပကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတဲ့ကိစ္စတွေ ပပျောက်ဖို့အတွက်   စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ပေါင်း ၄၃၆ ကြိမ်ရှိပြီလို့  နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၉ ခုနှစ် မတ်လအထိ ပြည်ပမှ တရားမဝင်တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဖွဲ့ဖွဲ့ပြီး  စုံစမ်းစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ရေ ၅၀၀ နီးပါးရှိပေမယ့် တရားမဝင်တင်သွင်းမှုတွေနဲ့ပတ်သက်လို့ ဖမ်းမိမှုရှိမရှိကိုတော့ ပြောကြားသွားမှုမရှိခဲ့ပါဘူး။ “ တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုကို ပပျောက်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ စစ်ဆေးနေယ်။ နယ်စပ်ဒေသနဲ့ နီးတဲ့ မြို့တွေကိုလည်း စုံစမ်းရေးဂိတ်တွေထားပြီး စစ်ဆေးနေတယ်။ ပြည်ပက အခွန်မဆောင်ပဲနဲ့ ဝင်လာတဲ့ ပစ္စည်းတွေကြောင့် ပြည်တွင်းက အခွန်ဆောင်ပြီး လုပ်နေတဲ့ လုပ်ငန်းရှင်တွေ များစွာထိခိုက်မှုရှိနေတယ်။” လို့ ဒုတိယသမ္မတ ၁…

Read More

မုဒိမ်း(ရိုးရိုး)ထက် သက်ငယ်မုဒိမ်းဖြစ်ပွားမှုပိုများပြားနေကြောင်း ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာကဖော်ပြ

  ရန်ကုန် ၊ ဧပြီ ၂၈-၂၀၁၉ TGH(VOM)   ၂၀၁၈ ခုနှစ်ရဲ့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ရာဇ၀တ်မှု ပေါင်း ၁၁၂၀၁၀ မှုရှိရာ အရေးကြီးရာဇ၀တ် မှုအမျိုးအစားတွေအနေနဲ့ မုဒိမ်း(ရိုးရိုး) ၊ သက်ငယ်မုဒိမ်း ၊ လူသတ်မှု ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူးမှု ၊ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးတဲ့အမှုတွေပါဝင်နေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာ မှာဖော်ပြထားပါတယ်။   အဆိုပါ ကျန်ရှိ ရာဇ၀တ်မှုတစ်သောင်းကျော်ထဲမှာ မုဒိမ်း(ရိုးရိုး)က ၈၀၂ မှု ၊ သက်ငယ်မုဒိမ်း က ၁၁၂၀ ၊ လူသတ်မှုက ၁၃၃၉ ၊ မူးယစ်ဆေးဝါးမှုက ၁၂၄၁၇ ၊ လူကုန်ကူးမှု ၁၇၉ နဲ့ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှု ၃၂၉၄ ၊ အခြားအမှုပေါင်း ၉၂၈၅၉ ပါဝင်တာတွေ့ရပါတယ်။ ၂၀၁၈…

Read More

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာမှာ သောက်သုံးရေအခက်အခဲဖြစ်ပေါ်

စစ်ကိုင်း၊ဧပြီ ၂၇-၂၀၁၉ စောပြည့်ချမ်းသာ(VOM)     စစ်ကိုင်းမြို့နယ်၊မန္တလေး -ရွှေဘို -မုံရွာ သွားရာ ကားလမ်းမကြီးဘေးမှာရှိတဲ့ အုန်းတောတိုက်နယ်၊ အုန်းတောကျေးရွာမြောက်ပိုင်းမှာ သာက်သုံးရေအခက်အခဲဖြစ်ပေါ်နေပါတယ်။   အုန်းတောကျေးရွာမှာနှစ်စဉ်နွေရာသီကာလ ရွာအတွင်း  ရေတွင်းများခမ်းခြောက်လေ့ရှိပြီး အဝီစိစက်ရေတွင်းရေဟာလည်း လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့် အလှည့်ကျရေပေးဝေနေပြီး အုန်းတောကျေးရွာမြောက်ပိုင်းရှိ အိမ်ခြေ ၅၀၀ကျော်မှာသောက်သုံးရေအခက်အခဲဖြစ်ပေါ်နေတယ်လို့အုန်းတောကျေးရွာနေ ကိုအောင်ဆန်းကပြောပါတယ်။   စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်း ပတ်ဝန်းကျင်ကျေးရွာများနဲ့ စစ်ကိုင်း-မင်းဝံတောင်ရိုးအနောက်ဘက်၊ စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက် အမှတ်၃လမ်းမဘေးရှိ ကျေးရွာတွေဟာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေတွင်း၊ရေကန်များခမ်းခြောက်ကာသောက်သုံးရေအခက်အခဲဖြစ်ပေါ်လေ့ရှိပြီး အဝီစိတွင်းတူးဖော်တဲ့အခါမှာ ရေချိုထွက်မှုနည်းပါးတာကြောင့် သောက်သုံးရေအခက်အခဲဖြစ်လေ့ရှိတယ်လို့သိရပါတယ်။   #voiceofmyanmar #စစ်ကိုင်း #အုန်းတော #ရေရှားပါး  #သောက်သုံးရေအခက်ခဲဖြစ်

Read More

တူရကီအာဏာသိမ်းမှုနဲ့ ဆက်နွယ်သူ စစ်ဘက်ပုဂ္ဂိုလ် ၁၁၅ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

အန်ကာရာ၊ ဧပြီ-၂၇-၂၀၁၉ မျိုးဆက် (VOM)   တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်သူလာ့ဂူလန် ရဲ့လှုပ်ရှားမှုမှာဆက်နွယ်နေတယ်ဆိုတဲ့ သံသယနဲ့ တူရကီစစ်ဘက်တာဝန်ထမ်းဆောင်နေသူ ၁၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိနိးသိမ်းလိုက်ပါတယ်။   သံသယရှိသူ ၅၅ ဦးကို အစ္စတန်ဘူမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနကဖော်ပြထားပြီး အခြားသံသယရှိသူတွေကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထားကြောင်း ဖော်ပြမထားပါဘူး။   အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ဂူလန်ကို ထောက်ခံတဲ့ သံသယနဲ့ တူရကီ စစ်ဘက်မှ တာဝန်ထမ်းဆောင်နေသူ ၂၁၀ ကိုထိန်းသိမ်းဖို့ အစ္စတန်ဘူ အစိုးရရှေ့နေတွေက အမိန့်ထုတ်လိုက်ပြီးနောက် ယခုလိုဖမ်းဆီးတာတွေ ဖြစ်ပေါ်လာတာပါ။   ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့အပါအ၀င် လေတပ်၊ ရေတပ်နှင့် ကြည်းတပ်မှ သံသယရှိသူ ၂၁၀…

Read More

စဥ့်ကူး ရွှေလုပ်ကွက်အတွင်း မြေပြိုကျလို့ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးသေဆုံး

ဧပြီ ၂၇ ၂၀၁၉ သွေးသစ် (VOM)   ဧပြီလ၂၇ရက်နေ့မှာ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအုပ်စု၊ ကံတောင်ရွာ၊ ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီပိုင် ၊ လုပ်ကွက်အမှတ် SiU1A လုပ်ကွက်အတွင်းက ရွှေတူးဖော်တဲ့ အင်းအတွင်းမှာ မြေစာပြိုကျခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့  ရဲတပ်ဖွဲ့ရဲ့ ပထမ သတင်းပေးဖို့ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးဟာ အမြင့်ပေ ၁၉၀၀ ပေရှိတဲ့ အင်း ခေါင်သားအတွင်းဝင်ချိန်မှာ အမိုးပေါ်က မြေစာတွေပြိုကျပြီး ဖိမိ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ဒေသခံမှာ ရွှေလုပ်သားကိုဇော်မင်းနဲ့ စကားပြန် ကိုဝဏ္ဏအောင် ဆိုသူတွေဖြစ်ပြီး တရုတ်နိုင်ငံသားဖြစ်တဲ့ LIU DIANHONGမှာ မန္တလေးဆေးရုံကြီးကို ပိုဆောင်ကုသပေးချိန်မှာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။   #voiceofmyanmar #စဥ့်ကူး #ရွှေလုပ်ကွက်မြေပြိုကျ #  

Read More

လမ်းအင်ဂျင်နီယာတွေနဲ့ ပရလောကသားတွေ အားပြိုင်သင့်တဲ့ ပုသိမ်​မုံရွာ လမ်းမကြီး မိုင်​တိုင်​အမှတ်​၂၀၅နှင့်​၂၀၇ကြားက မွေးကြိုင်ကွေ့ခေါ် ဂမ္ဘီရကွေ့

  မင်းတုန်း ဧပြီ ၂၇-၂၀၁၉ ဖြစ်ရပ်မှန် သတင်းတွေကို မှတ်တမ်းပြုပြီး ဂျန်ကိုးလ် ရေးသားသည်။   Surf အမျိုးအစား​ငွေ​ရောင်​ကားတစ်​စီးက ကားလမ်း​ဘေးမှာတုံးလုံး တွန့်​​ကြေသွားတဲ့ကားတံခါး​ကြောင့် အလန်း​ပေးသံကတတီတီ ကားလမ်းမအလယ်မှာ​သုံး​လေးနှစ်​အရွယ်​က​လေးတ​ယောက်​က ဦး​ခေါင်းပွင့်​ထွက်​ မလှုပ်​မယှက်​ သူနဲ့မနီးမ​ဝေးမှာ အမျိုးသမီးငယ်​တဦးကအသက်​မရှိ​တော့ ကားဒရိုင်​ဘာက​သွေးအလူးလူးနဲ့ ဖုတ်​လှိုက်​ဖုတ်​လှိုက်​ အမျိုးသမီးကြီးတဦးရဲ့မချိမဆန့်​ငြီးတွားသံတို့နဲ အနိဋ္ဌာရုံမြင်​ကွင်းတခုကို မသက်​သာစွာမြင်​​နေရပါတယ်။ ​ ​နေရာကတော့ ပုသိမ်​မုံရွာလမ်းမကြီးမိုင်​တိုင်​အမှတ်​၂၀၅နဲ့၂၀၆ကြား လမ်းအလိမ်​​ကွေ့ဆင်းမှာပါ ။   ၂၀၁၃ သင်္ကြန်​အကြိုမတိုင်​မီတစ်​ရက်​ကစလို့ ဒီ​နေရာကို မှတ်​မှတ်​ထင်​ထင်​ သတိထားမိ​တဲ့ နေရာဖြစ်​လာသလို အန္တရယ်​​ကွေ့ဆင်း ဆိုင်းပုဒ်​တခုကိုလည်းမကြာခင်​​တွေ့မြင်​ရပြီး​ လောက်​​လေးခွဒဏ်​ရာများနဲ့ ​ပျောက်​ဆုံးသွားတာကိုလည်း​ သတိထားမိရတဲ့​နေရာတခုအဖြစ်​ မှတ်​မိ​စေခဲ့တဲ့​နေရာ တခု။   အခုနှစ်​၂၀၁၉ဧပြီလ၂၄ရက်​​နေ့မှာတိုက်​တိုက်​ဆိုင်​ အိမ်​စီးကားငယ်​တစ်​စီး​ ချောက်​ထဲမှာ ​တွေ့ရပြန်​ပါတယ်​။ လေ​ရောမိုး​ရောပြင်းထန်​​နေတဲ့အချိန်​မှာ လူတချို့ကလူနာကိုခက်​ခက်​ခဲခဲ မချီပြီး လမ်း​ပေါ်တင်​​နေတဲ့မြင်​ကွင်း​ကြောင့်​ ကားကိုစက်​သပ်​ကာ ကူညီ​ရေးဝိုင်းလုပ်​​ရင်း အနီးနားရွာကလူတချို့နဲ့စကား​ပြောမိ​တော့     “ဒီအနားက မကြာခဏကား​မှောက်​တတ်​တယ်​ တ​နေ့​တ​နေ့…

Read More

ပြည်တွင်း ငါး၊ပုဇွန် အစာဈေးကွက်မှာ သက်တမ်းလွန်အစာ ရောင်းချမှုတွေရှိနေ

ရန်ကုန်၊ဧပြီ၂၇-၂၀၁၉ TGH(VOM)   ပြည်ပနိုင်ငံတွေကနေတင်သွင်းလာတဲ့ ငါး ၊ ပုဇွန်အစာတွေထဲမှာ သက်တမ်းလွန်တာတွေပါရှိနေပြီး အဲ့ဒီသက်တမ်းလွန်အစာတွေကို ပြည်တွင်း ဈေးကွက်မှာ ဖြန့်ဖြူရောင်းချမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အ​ထွေ​ထွေအတွင်း​ရေးမှူးဦးဝင်းကြိုင်​ကပြောပါတယ်။   “ရက်လွန်တဲ့အထဲမှာနှစ်မျိုးရှိတယ်။ နိုင်ငံခြားကသွင်းတဲ့အစာတချို့က ဈေးကွက်ထဲရောက်တဲ့ အချိန်မှာရက်လွန်တာတွေဖြစ်နေတယ်။ လာတည်းက သက်တမ်းလွန်နေတာလား၊ ဒီရောက်မှာ မရောင်းရတော့လို့ ရက်ကလွန်သွားသလားဆိုတာတော့ အတိအကျမသိနိုင်ဘူး။ ဖြစ်နိုင်ချေကတော့ သူတို့နိုင်ငံမှာ အစာစက်ရုံတွေကပေါတော့ ဈေးကွက်ယျဉ်ပြိုင်ရတဲ့အခါမှာ ပိုလျှံတာတွေ ၊ မရောင်းရလို့ ကျန်တာတွေရှိမယ်။ ဒီတော့ရက်လွန်သွားတာမျိုးဖြစ်နိုင်တယ်” လို့ ဦးဝင်းကြိုင်ကပြောပါတယ်။ သက်တမ်းလွန် ငါး၊ပုစွန်အစာတွေမှာ မှိုတက်ခြင်း၊အာနိသင်ပျက်ပြယ်ခြင်းတွေဖြစ်ပေါ်ပြီး အဆိပ်အထောက်ကိုဖြစ်ပွားစေနိုင်တာကြာင့် ဒီလို သက်တမ်းလွန် အစာတွေကို ငါး ၊ပုစွန်ကို ကျွေးမိပါက ငါးရဲ့ ကြီးထွားမှုနှုန်းနဲ့အစာချေစနစ်ကို ထိခိုက်နိုင်တဲ့အပြင် တခြား ဆိုးကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။   နိုင်ငံတကာမှာဆိုရင် ဆေးဝါးဖြစ်စေ၊ အစားအသောက်ဖြစ်စေ ရက်လွန်သွားပါက အဲဒီပစ္စည်းကို လူ ၊…

Read More

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ကနီမြို့မှာပြုလုပ်

ဧပြီ ၂၇၊၂၀၁၉-၂၀၁၉ မိုင်ချယ်ရီ  ( VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပေးရေးအတွက်ဆိုပြီး စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ တထောင်ကျော်တဲ့ လူဦးရေ နဲ့ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောင်ကျော်တဲ့ လူဦးရေ ဟာ ကနီမြို့ပေါ်က မိန်းလမ်းမတွေပေါ်မှာ မနက်၈ နာရီကနေ စတင်ပြီးတော့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော် ရာမှာ ဒီမိုကရေစီ မကျသော ပြဌာန်းချက်​ ပါ ဥပဒေများပြင်ဆင်ပေးရေး ၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ၂၁ ရာစုပင်လုံညီလာခံ အောင်ရမည် ဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဒီလို ဆန္ဒထုတ်ဖော်ရတာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်တာကို ဦးဆောင်တဲ့ ကိုပြည့်အောင်နိုင် က “ဒီဥပဒေ က သားသမီးက မိဘကို ရှိခိုးရမယ့်ဟာကို…

Read More

မြောက်ဦးက သံသယနဲ့ဖမ်းဆီးခံနေရသူတွေသေဆုံးမှု သံသယဖြစ်နေ

စစ်တွေ၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် လက္ကာကျေးရွာက သံသယနဲ့ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၇ ဦးတို့ထဲက စစ်ကြောရေးကာ လအတွင်းမှာ သေဆုံးသွားသူ ၃ ဦးရှိခဲ့ပြီး အဲ့ဒီလူတွေသေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တပ်မတော်နဲ့ အစိုးရတို့ဘက်က မိသားစုတွေကို အလောင်းအပ်နှံခဲ့ခြင်းမရှိခဲ့သလို အကြောင်းကြားခဲ့ခြင်းလည်း မရှိခဲ့တဲ့အတွက် သံသယဖြစ်နေကြတာဖြစ်ပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူတွေဟာ ဘာကြောင့်သေဆုံးသွားတယ်၊ ရုပ်အလောင်းတွေကို ဘာတွေလုပ်ပစ်တယ်၊  ကျန်ရှိနေသူတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။   အစိုးရဖွဲ့ကတော့ သေဆုံးသူ ၃ ဦးမှာ တစ်ဦးက နှလုံးရောဂါနဲ့သေဆုံးသွားတာဖြစ်ကြောင်း၊ တစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြောင်းနဲ့ နောက်ထပ်တစ်ဦးမှာ ဆေးစွဲနေသူဖြစ်တဲ့အတွက် ဆေးပြတ်သေဆုံးခဲ့ရတာဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW