၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ကနီမြို့မှာပြုလုပ်

ဧပြီ ၂၇၊၂၀၁၉-၂၀၁၉

မိုင်ချယ်ရီ  ( VOM)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပေးရေးအတွက်ဆိုပြီး စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ တထောင်ကျော်တဲ့ လူဦးရေ နဲ့ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောင်ကျော်တဲ့ လူဦးရေ ဟာ ကနီမြို့ပေါ်က မိန်းလမ်းမတွေပေါ်မှာ မနက်၈ နာရီကနေ စတင်ပြီးတော့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော် ရာမှာ ဒီမိုကရေစီ မကျသော ပြဌာန်းချက်​ ပါ ဥပဒေများပြင်ဆင်ပေးရေး ၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ၂၁ ရာစုပင်လုံညီလာခံ အောင်ရမည် ဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီလို ဆန္ဒထုတ်ဖော်ရတာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်တာကို ဦးဆောင်တဲ့ ကိုပြည့်အောင်နိုင် က “ဒီဥပဒေ က သားသမီးက မိဘကို ရှိခိုးရမယ့်ဟာကို မိဘက သားသမီး ကို ပြန်ပြီးရှိခိုးနေရတာနဲ့ အလားသဏ္ဍာန်တူတယ်။ ဘာလို့လဲ ဆိုတော့ အုပ်ချုပ်ရေး ကဏ္ဍ ဆိုရင် ပြည်သူတွေက ရွေးချယ်ပြီးတော့ တင်မြှောက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို
အစိုးရက ခန့်အပ်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှု တွေက အုပ်ချုပ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။၂၀၀၈အခြေခံဥပဒေကို မလိုလို့မို့ ဒီလိုဆန္ဒပြတာ ဖြစ်တယ်လို့”ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံ အခန်း(၁၂) ပုဒ်မ ၄၃၆ (က)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒမ ၁ မှ ၄၈ ထိ၊အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊အခန်း(၃) ပုဒ်မ ၅၉ ၊၆၀၊အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊၁၄၁၊၁၆၁၊အခန်း(၅) ပုဒ်မ ၃၉၃၊၂၉၄၊၃၀၅၊၃၁၄၊၃၂၀၊အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော် ကိုယ်စာလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် သာပြင်ဆင်ရမည် ဆိုပြီး ပြဌာန်းထားတဲ့ အတွက် ပြည်သူတွေက အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း ထောက်ခံ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #စစ်ကိုင်းတိုင်း #ကနီ #ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW