ပေကျင်း၊ ဧပြီ-၂၆၂-၂၄
မျိုးဆက်(VOM)
အမေရိကန်နဲ့အနေနဲ့ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ ပေကျင်းမှာ တွေ့ဆုံစဉ် သတိပေးလိုက်ပါတယ်။
“ တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ တည်ငြိမ်မှုတွေနဲ့အတူ အတူရှေ့ဆက်သွားသင့်သလား ဒါမှမဟုတ် အရင်လို တင်းမာမှုတွေဆီကို ပြန်သွားသင့်သလား” ဆိုတဲ့ မေးခွန်းနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစည်းအဝေးကို စတင်ခဲ့ပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်စပြုနေပြီဖြစ်ပေမယ့် အနှုတ်လက္ခဏာဆောင်တဲ့ အချက်တွေနဲ့ စမ်းသပ်ခံနေရဆဲဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနီရောင်မျဉ်းချမှတ်ထားပြီး ဒါကိုကျော်မလာဖို့ အမေရိကန်ကို သတိပေးထားပါတယ်။
“ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အနှုတ်လက္ခဏာဆောင်တဲ့အချက်တွေ တိုးလာနေဆဲဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ အနှောက်အယှက်မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်” လို့ ဝမ်ယီကပြောပါတယ်။
တရုတ်နဲ့ အမေရိကန်တို့အနေဖြင့် တက်ကြွသော သံခင်းတမန်ခင်းနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ရန် တူညီသော တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုသည်။
ဘလင်ကင်ရဲ့ တနှစ်အတွင်း ဒုတိယမြောက် တရုတ်နိုင်ငံခရီးစဉ်ဟာ သံတမန်ရေးတိုးတက်မှုအတွက် သိသာထင်ရှားမှုဖြစ်သော်လည်း တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးတို့အပါအဝင် အခြားကဏ္ဍတွေမှာ ဆက်ဆံရေး ယိုယွင်းနေဆဲဖြစ်ပါတယ်။
Ref:BBC
Photo: Reuters
Related posts
-
ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ဖြေလျှော့
ရန်ကုန် ၊ မေ ၈ – ၂၀၂၄ GG (VOM) ပြည်အလုပ်အကိုင်... -
မကွေးမြို့ရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ကျူးကျော်လို့ဆိုကာ တလအတွင်း ဖယ်ရှားခိုင်း
မေ ၇ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ... -
ဘီးလင်း-ဖာပွန် လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ
မေ ၇ – ၂၀၂၄ SN (VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန်...