ဝါရှင်တန်၊ ဧပြီ-၂၆-၂၀၂၄
မျိုးဆက်(VOM)
လူကြိုက်များတဲ့ ဗီဒီယိုအက်ပလီကေးရှင်းဖြစ်တဲ့ TikTok ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဒါမှမဟုတ်ရင် အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပေမယ့် ရှယ်ယာတွေရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ TikTok ကိုပိုင်ဆိုင်တဲ့ ဘိုက်ဒန့်ကုမ္ပဏီက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
“ ဘိုက်ဒန့် ကုမ္ပဏီအနေနဲ့ TikTok ကို ရောင်းချဖို့ အစီအစဉ်မရှိဘူး” ကုမ္ပဏီက ပြောပါတယ်။ ဒီလိုဥပဒေပြဌာန်းလိုက်တာဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောဆိုထားပြီး ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ ဆိုပါတယ်။
TikTok ကိုရောင်းချဖို့ လုပ်ဆောင်နေကြောင်း သတင်းတွေထွက်ပေါ်လာတာဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ ဘိုက်ဒန့်ကုမ္ပဏီက ပြောပါတယ်။ TikTok ကိုရောင်းချဖို့ သို့မဟုတ် တားမြစ်ပိတ်ပင်မယ့် ဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၂၄ ရက်မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်အစိုးရဟာ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် တင်းကျပ်စွာထိန်းချုပ်မှုတွေရှိနေတာကြောင့် TikTok ပိုင်ရှင် ဘိုက်ဒန့်ကုမ္ပဏီအပေါ် ဘယ်လိုထိန်းချုပ်နေလည်းဆိုတာနဲ့ အချက်အလက်လွှဲပြောင်းပေးနိုင်ခြေတွေအပေါ် အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
TikTok ရဲ့ရှယ်ယာတွေကို စတင်တည်ထောင်ခဲ့တဲ့ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီက ၂၀ ရာခှိုင်နှုန်းပိုင်ဆိုင်ပြီး ၆၀ ရာခိုင်နှုန်းကို အမေရိကန်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီး Carlyle Group, General Atlantic, and Susquehanna International Group တို့က ပိုင်ဆိုင်ထားကာ ကျန် ၂၀ ရာခိုင်နှုန်းကို ကမ္ဘာဝန်းရှိ ဝန်ထမ်းများက ပိုင်ဆိုင်ထားပါတယ်။
Ref:BBC
Photo:Reuters
TikTok က ရှယ်ယာတွေ ရောင်းချမှာမဟုတ်ဘဲ အမေရိကန်အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်မယ်
