ဧပြီ ၂၆၊ ၂၀၂၄
Shy V VOM)
တရုတ်နယ်စပ်ရောက် နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြည်တော်ပြန် စာရင်းသွင်းရမယ်လို့ တရုတ်ရဲတွေက လိုက် အသိပေးနေကြောင်း တရုတ် နယ်စပ်ရောက် မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။
“ပြန်ရမယ်တဲ့။ မနေ့ည ကတည်းက ရဲစခန်းက လာပြောတယ် ဒီ ၂၈ ရက်နေ့ နောက်ဆုံး ရဲစခန်းမှာ စာရင်းလာထည့်ဖို့ ပြောတယ်။ မြန်မာနိုင်ငံသား အားလုံး နေထိုင်ခွင့် သက်တမ်းကုန် သွားတဲ့ သူတွေ။ တပတ်ကဒ် သက်တမ်း လွန်သူတွေရော စာအုပ်အဟောင်း သက်တမ်းလွန်နေသူတွေရော ဒီ ၂၈ ရက်နေ့ စာရင်း လာသွင်းရမယ်ပြောတယ်။ စာရင်း မသွင်းပဲနဲ့ သူတို့ အိမ်တိုင်း လာစစ်လို့မိရင် ပြည်ဝင်ခွင့် ၅ နှစ်ပိတ်ပြီး တခါထဲ ဖမ်းပို့ မှာတဲ့။” လို့ ရွှေလီမှာ ကျောက်စိမ်းအရောင်းဆိုင် ဖွင့်ထားတဲ့ မြန်မာ အမျိုးသမီး တယောက်က ပြောပါတယ်။
အရင်က စာအုပ်အနီ ရှိပြီး သက်တမ်းကုန် ပေမယ့် နှစ်ကြာ နေထိုင်တဲ့ သူတွေကို တရုတ်ဘက်က နားလည်မှုနဲ့ နေထိုင်ခွင့် ပြုပေမယ့် အခုက မရတော့ဘူးလို့ ဆိုပါတယ်။
“အခု ကွမ်းရင်းစစ်မှာ တရုတ်ရဲတွေ အကုန်လုံး စာအုပ်တွေ သိမ်းသွားပြီ။ ၂ ရက် ပြင်ဆင်ဖို့ အချိန်ပေးမယ်။ တချို့က ဒီမှာ ဆိုင် အကြီးကြီးတွေ ဖွင့်ထားတဲ့ လူတွေလေ။ ကျောက်သမားတွေဆိုရင် သူတို့ ဒီ ပစ္စည်းတွေကို ဘယ်မှာ သွားထားခဲ့ရမလဲ။ ဒီ ၂ ရက်အတွင်းကို ဒီဆိုင်ကို ဘယ်သူ့ ဆီမှာ ရောင်းမလဲ။ တရုတ်တွေလည်း မဝယ်ဘူးလေ။” ရွှေလီရောက် မြန်မာအမျိုးသား တယောက်က ပြောပါတယ်။
ရွှေလီဘက် ဖမ်းခံရတဲ့ သူတွေ ပိုက်ဆံနဲ့ ပြန်ရွေးတာတွေရှိပေမယ့် အာမခံချက်မရှိပဲပြန်ဖမ်းခံရတာကြောင့် ပိုက်ဆံကုန်တာပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ရွှေလီရောက် မြန်မာ လုပ်သား တချို့က အဖမ်းအဆီး၊ အလုပ်အခက်အခဲ တွေကြောင့် လမ်းဘေးရောက်ကုန်သူေတွပါရှိေနတာေကြာင့် မြန်မာဘက်က ဌာနဆိုင်ရာတွေ အနေနဲ့ ညှိနှိုင်း ဆွေးနွေး ပေးစေလိုတယ်လို့ ဆိုပါတယ်။
တရုတ် အစိုးရဲ့ မြန်မာ အစိုးရ ညှိနှိုင်းပြီး မြန်မာ လုပ်သားတွေကို တရုတ်ဘက် MOU နဲ့ လွှတ်မယ်လို့ သတင်း ပျံ့နေပေမယ့် လက်ရှိမှာ နှစ်နိုင်ငံ လက်တွေ့ ဆွေးနွေးတာမျိုးတောင် မရှိသေးတာကြောင့် တရုတ်ဘက်က သဘောတူ၊ မတူ မသိနိုင်သလို အတည်လည်း မပြုနိုင်သေးဘူး လို့ တရုတ်ဘက် ရောက် မြန်မာ လုပ်သားတွေက ပြောပါတယ်။
တရုတ်ဘက်က ကြည့်ရင်လည်း ဥပဒေ ကြောင်းရင်း အရ လုပ်တယ် ဆိုတော့လည်း မှန်နေတယ်လို့ ဆိုပါတယ်။
Photo: Shy V
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...