ဧပြီ ၁၉-၂၀၂၆
VOM
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ပလဖ အမည်ခံတဲ့အဖွဲ့က စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ ကျား ၁၃ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၅ ဦး လက်နက်/ခဲယမ်းတွေနဲ့အတူ ဧပြီ ၁၈ ရက်နေ့က အလင်းဝင်ရောက်ခဲ့တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၁၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ဦး၊ အမျိုး သမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး အလင်းဝင်ရောက်တဲ့ အခမ်းအနားကျင်းပခဲ့ပါသေးတယ်။
Photo Crd- မင်းကွန်းဆရာတော်+ဘညွန့်
