တူရကီအာဏာသိမ်းမှုနဲ့ ဆက်နွယ်သူ စစ်ဘက်ပုဂ္ဂိုလ် ၁၁၅ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

အန်ကာရာ၊ ဧပြီ-၂၇-၂၀၁၉ မျိုးဆက် (VOM)   တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်သူလာ့ဂူလန် ရဲ့လှုပ်ရှားမှုမှာဆက်နွယ်နေတယ်ဆိုတဲ့ သံသယနဲ့ တူရကီစစ်ဘက်တာဝန်ထမ်းဆောင်နေသူ ၁၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိနိးသိမ်းလိုက်ပါတယ်။   သံသယရှိသူ ၅၅ ဦးကို အစ္စတန်ဘူမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနကဖော်ပြထားပြီး အခြားသံသယရှိသူတွေကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထားကြောင်း ဖော်ပြမထားပါဘူး။   အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ဂူလန်ကို ထောက်ခံတဲ့ သံသယနဲ့ တူရကီ စစ်ဘက်မှ တာဝန်ထမ်းဆောင်နေသူ ၂၁၀ ကိုထိန်းသိမ်းဖို့ အစ္စတန်ဘူ အစိုးရရှေ့နေတွေက အမိန့်ထုတ်လိုက်ပြီးနောက် ယခုလိုဖမ်းဆီးတာတွေ ဖြစ်ပေါ်လာတာပါ။   ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့အပါအ၀င် လေတပ်၊ ရေတပ်နှင့် ကြည်းတပ်မှ သံသယရှိသူ ၂၁၀…

Read More

စဥ့်ကူး ရွှေလုပ်ကွက်အတွင်း မြေပြိုကျလို့ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးသေဆုံး

ဧပြီ ၂၇ ၂၀၁၉ သွေးသစ် (VOM)   ဧပြီလ၂၇ရက်နေ့မှာ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအုပ်စု၊ ကံတောင်ရွာ၊ ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီပိုင် ၊ လုပ်ကွက်အမှတ် SiU1A လုပ်ကွက်အတွင်းက ရွှေတူးဖော်တဲ့ အင်းအတွင်းမှာ မြေစာပြိုကျခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့  ရဲတပ်ဖွဲ့ရဲ့ ပထမ သတင်းပေးဖို့ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးဟာ အမြင့်ပေ ၁၉၀၀ ပေရှိတဲ့ အင်း ခေါင်သားအတွင်းဝင်ချိန်မှာ အမိုးပေါ်က မြေစာတွေပြိုကျပြီး ဖိမိ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သေဆုံးခဲ့တဲ့ဒေသခံမှာ ရွှေလုပ်သားကိုဇော်မင်းနဲ့ စကားပြန် ကိုဝဏ္ဏအောင် ဆိုသူတွေဖြစ်ပြီး တရုတ်နိုင်ငံသားဖြစ်တဲ့ LIU DIANHONGမှာ မန္တလေးဆေးရုံကြီးကို ပိုဆောင်ကုသပေးချိန်မှာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။   #voiceofmyanmar #စဥ့်ကူး #ရွှေလုပ်ကွက်မြေပြိုကျ #  

Read More

လမ်းအင်ဂျင်နီယာတွေနဲ့ ပရလောကသားတွေ အားပြိုင်သင့်တဲ့ ပုသိမ်​မုံရွာ လမ်းမကြီး မိုင်​တိုင်​အမှတ်​၂၀၅နှင့်​၂၀၇ကြားက မွေးကြိုင်ကွေ့ခေါ် ဂမ္ဘီရကွေ့

  မင်းတုန်း ဧပြီ ၂၇-၂၀၁၉ ဖြစ်ရပ်မှန် သတင်းတွေကို မှတ်တမ်းပြုပြီး ဂျန်ကိုးလ် ရေးသားသည်။   Surf အမျိုးအစား​ငွေ​ရောင်​ကားတစ်​စီးက ကားလမ်း​ဘေးမှာတုံးလုံး တွန့်​​ကြေသွားတဲ့ကားတံခါး​ကြောင့် အလန်း​ပေးသံကတတီတီ ကားလမ်းမအလယ်မှာ​သုံး​လေးနှစ်​အရွယ်​က​လေးတ​ယောက်​က ဦး​ခေါင်းပွင့်​ထွက်​ မလှုပ်​မယှက်​ သူနဲ့မနီးမ​ဝေးမှာ အမျိုးသမီးငယ်​တဦးကအသက်​မရှိ​တော့ ကားဒရိုင်​ဘာက​သွေးအလူးလူးနဲ့ ဖုတ်​လှိုက်​ဖုတ်​လှိုက်​ အမျိုးသမီးကြီးတဦးရဲ့မချိမဆန့်​ငြီးတွားသံတို့နဲ အနိဋ္ဌာရုံမြင်​ကွင်းတခုကို မသက်​သာစွာမြင်​​နေရပါတယ်။ ​ ​နေရာကတော့ ပုသိမ်​မုံရွာလမ်းမကြီးမိုင်​တိုင်​အမှတ်​၂၀၅နဲ့၂၀၆ကြား လမ်းအလိမ်​​ကွေ့ဆင်းမှာပါ ။   ၂၀၁၃ သင်္ကြန်​အကြိုမတိုင်​မီတစ်​ရက်​ကစလို့ ဒီ​နေရာကို မှတ်​မှတ်​ထင်​ထင်​ သတိထားမိ​တဲ့ နေရာဖြစ်​လာသလို အန္တရယ်​​ကွေ့ဆင်း ဆိုင်းပုဒ်​တခုကိုလည်းမကြာခင်​​တွေ့မြင်​ရပြီး​ လောက်​​လေးခွဒဏ်​ရာများနဲ့ ​ပျောက်​ဆုံးသွားတာကိုလည်း​ သတိထားမိရတဲ့​နေရာတခုအဖြစ်​ မှတ်​မိ​စေခဲ့တဲ့​နေရာ တခု။   အခုနှစ်​၂၀၁၉ဧပြီလ၂၄ရက်​​နေ့မှာတိုက်​တိုက်​ဆိုင်​ အိမ်​စီးကားငယ်​တစ်​စီး​ ချောက်​ထဲမှာ ​တွေ့ရပြန်​ပါတယ်​။ လေ​ရောမိုး​ရောပြင်းထန်​​နေတဲ့အချိန်​မှာ လူတချို့ကလူနာကိုခက်​ခက်​ခဲခဲ မချီပြီး လမ်း​ပေါ်တင်​​နေတဲ့မြင်​ကွင်း​ကြောင့်​ ကားကိုစက်​သပ်​ကာ ကူညီ​ရေးဝိုင်းလုပ်​​ရင်း အနီးနားရွာကလူတချို့နဲ့စကား​ပြောမိ​တော့     “ဒီအနားက မကြာခဏကား​မှောက်​တတ်​တယ်​ တ​နေ့​တ​နေ့…

Read More

ပြည်တွင်း ငါး၊ပုဇွန် အစာဈေးကွက်မှာ သက်တမ်းလွန်အစာ ရောင်းချမှုတွေရှိနေ

ရန်ကုန်၊ဧပြီ၂၇-၂၀၁၉ TGH(VOM)   ပြည်ပနိုင်ငံတွေကနေတင်သွင်းလာတဲ့ ငါး ၊ ပုဇွန်အစာတွေထဲမှာ သက်တမ်းလွန်တာတွေပါရှိနေပြီး အဲ့ဒီသက်တမ်းလွန်အစာတွေကို ပြည်တွင်း ဈေးကွက်မှာ ဖြန့်ဖြူရောင်းချမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အ​ထွေ​ထွေအတွင်း​ရေးမှူးဦးဝင်းကြိုင်​ကပြောပါတယ်။   “ရက်လွန်တဲ့အထဲမှာနှစ်မျိုးရှိတယ်။ နိုင်ငံခြားကသွင်းတဲ့အစာတချို့က ဈေးကွက်ထဲရောက်တဲ့ အချိန်မှာရက်လွန်တာတွေဖြစ်နေတယ်။ လာတည်းက သက်တမ်းလွန်နေတာလား၊ ဒီရောက်မှာ မရောင်းရတော့လို့ ရက်ကလွန်သွားသလားဆိုတာတော့ အတိအကျမသိနိုင်ဘူး။ ဖြစ်နိုင်ချေကတော့ သူတို့နိုင်ငံမှာ အစာစက်ရုံတွေကပေါတော့ ဈေးကွက်ယျဉ်ပြိုင်ရတဲ့အခါမှာ ပိုလျှံတာတွေ ၊ မရောင်းရလို့ ကျန်တာတွေရှိမယ်။ ဒီတော့ရက်လွန်သွားတာမျိုးဖြစ်နိုင်တယ်” လို့ ဦးဝင်းကြိုင်ကပြောပါတယ်။ သက်တမ်းလွန် ငါး၊ပုစွန်အစာတွေမှာ မှိုတက်ခြင်း၊အာနိသင်ပျက်ပြယ်ခြင်းတွေဖြစ်ပေါ်ပြီး အဆိပ်အထောက်ကိုဖြစ်ပွားစေနိုင်တာကြာင့် ဒီလို သက်တမ်းလွန် အစာတွေကို ငါး ၊ပုစွန်ကို ကျွေးမိပါက ငါးရဲ့ ကြီးထွားမှုနှုန်းနဲ့အစာချေစနစ်ကို ထိခိုက်နိုင်တဲ့အပြင် တခြား ဆိုးကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။   နိုင်ငံတကာမှာဆိုရင် ဆေးဝါးဖြစ်စေ၊ အစားအသောက်ဖြစ်စေ ရက်လွန်သွားပါက အဲဒီပစ္စည်းကို လူ ၊…

Read More

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ကနီမြို့မှာပြုလုပ်

ဧပြီ ၂၇၊၂၀၁၉-၂၀၁၉ မိုင်ချယ်ရီ  ( VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပေးရေးအတွက်ဆိုပြီး စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ တထောင်ကျော်တဲ့ လူဦးရေ နဲ့ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောင်ကျော်တဲ့ လူဦးရေ ဟာ ကနီမြို့ပေါ်က မိန်းလမ်းမတွေပေါ်မှာ မနက်၈ နာရီကနေ စတင်ပြီးတော့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော် ရာမှာ ဒီမိုကရေစီ မကျသော ပြဌာန်းချက်​ ပါ ဥပဒေများပြင်ဆင်ပေးရေး ၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ ၂၁ ရာစုပင်လုံညီလာခံ အောင်ရမည် ဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဒီလို ဆန္ဒထုတ်ဖော်ရတာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်တာကို ဦးဆောင်တဲ့ ကိုပြည့်အောင်နိုင် က “ဒီဥပဒေ က သားသမီးက မိဘကို ရှိခိုးရမယ့်ဟာကို…

Read More

မြောက်ဦးက သံသယနဲ့ဖမ်းဆီးခံနေရသူတွေသေဆုံးမှု သံသယဖြစ်နေ

စစ်တွေ၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် လက္ကာကျေးရွာက သံသယနဲ့ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၇ ဦးတို့ထဲက စစ်ကြောရေးကာ လအတွင်းမှာ သေဆုံးသွားသူ ၃ ဦးရှိခဲ့ပြီး အဲ့ဒီလူတွေသေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တပ်မတော်နဲ့ အစိုးရတို့ဘက်က မိသားစုတွေကို အလောင်းအပ်နှံခဲ့ခြင်းမရှိခဲ့သလို အကြောင်းကြားခဲ့ခြင်းလည်း မရှိခဲ့တဲ့အတွက် သံသယဖြစ်နေကြတာဖြစ်ပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူတွေဟာ ဘာကြောင့်သေဆုံးသွားတယ်၊ ရုပ်အလောင်းတွေကို ဘာတွေလုပ်ပစ်တယ်၊  ကျန်ရှိနေသူတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။   အစိုးရဖွဲ့ကတော့ သေဆုံးသူ ၃ ဦးမှာ တစ်ဦးက နှလုံးရောဂါနဲ့သေဆုံးသွားတာဖြစ်ကြောင်း၊ တစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြောင်းနဲ့ နောက်ထပ်တစ်ဦးမှာ ဆေးစွဲနေသူဖြစ်တဲ့အတွက် ဆေးပြတ်သေဆုံးခဲ့ရတာဖြစ်တယ်လို့…

Read More

နှစ်စဉ်ခွေးရူးပြန်ရောဂါနဲ့ သေဆုံးမှုတွေရှိနေဆဲ

ရန်ကုန် ၊ဧပြီ ၂၇-၂၀၁၉ TGH(VOM) ခွေးကိုက်ခံရပြီး ချက်ခြင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံမှုတွေ မပြုလုပ်ဘူးဆိုရင် ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးတာတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က သတိပေးပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ခွေးကိုက်ခံရမှု အကြိမ်ရေများပြားခဲ့ပြီး လူကြီးမိဘတွေကို အသိမပေးခဲ့ရာကနေ အချိန်လွန်ကာ ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ “ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတဲ့သူတွေရှိတယ်။ သေသွားသူတွေရဲ့ နောက်ကြောင်းကိုမေးကြည့်တဲ့အခါမှာ အသိနောက်ကျတာ ၊ ဆေးရုံးအလာနောက်ကျ ၊ဆေးထိုးနောက်ကျတာတွေကြောင့်သိရတယ်။ ခုနောက်ပိုင်း ခွေးကိုက်ခံရတဲ့ လူနာနှုန်းကတော့ ပိုများလာတယ်။ ဒါပေမယ့် ခွေးရူးပြန် ရောဂါကြောင့်သေဆုံးနှုန်းကတော့ လျော့လာတယ်လို့ ပြောလို့ရတယ် ။ခွေးကိုက်တယ်ဆိုရင် အမြန်ဆုံး ၊ အချိန်မလွန်ခင် ကာကွယ်ဆေးသွားထိုးပါ။ တကယ်လို့ ဆေးမထိုးဖြစ်ဘူးဆိုရင် ဒါထက်မက အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။…

Read More

မော်လမြိုင်ကလာတဲ့ တရားမ၀င်မြန်မာလုပ်သား ၃၂ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံ တောင်ပိုင်း မြောင်ခရိုင်ထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးပေါ်ကနေ တရားမ၀င် မြန်လာလုပ်သား ၃၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။   သံအမိုးကိုင်းတွေတပ်ဆင်ပြီး ကားပေါ်မှာ အိပ်ယာပုံစံတွေပါကာ တာပေါ်လင်အုပ်ထားတဲ့ အဖြူရောင်ပစ်ကပ်ကားကို မြောင်ခရိုင်က ဆန်ခွန်စစ်ဆေးရေးဂိတ်အနီးက ဖက်ခါဆန်လမ်းအနီးမှာ လှည့်ကင်းအဖွဲ့တစ်ဖွဲ့က ဧပြီ ၂၅ ရက် ညနေပိုင်းက တွေ့ရှိခဲ့တာဖြစ်တယ်လို့ လှည့်ကင်းအဖွဲ့ခေါင်းဆောင် မာနစ်ခါမာနီကပြောပါတယ်။   ရဲတပ်ဖွဲ့က ကားကိုတွေ့ရှိသွားချိန်မှာ ကားမောင်းသူဟာ တစ်နာရီကို ၁၃၀ နဲ့ ၁၄၀ ကီလိုမီတာလောက်အထိ အရှိန်မြင့်မောင်းနှင်ခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွေကို အပြန်အလှန်အကြောင်းကြားပြီး ဖမ်းဆီးရမိဖို့ လုပ်ဆောင်ရာ ခူဘူရီခရိုင်အနီးမှာ ခြေရာခံနိုင်ခဲ့ပါတယ်။   ဒါပေမယ့် ကားမောင်းသမားဟာ ဖမ်းဆီးခံရမှာစိုးတဲ့အတွက် ကားကိုအခြားလမ်း ကြောင်းကိုပြောင်းလဲမောင်းနှင်ခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့က တစ်နာရီကျော် လိုက်လံခြေရာခံပြီးနောက်မှာတော့ ကားကိုရပ်တန့်နိုင်ခဲ့ပြီး…

Read More

မိုးကျရင် စစ်ကိုင်းမြို့၊ကိုးပေတံတားအောက် ရေဝပ်မှု မရှိဖို့ ကြိုတင်ပြင်ဆင်

စစ်ကိုင်း ဧပြီ ၂၇-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့ အဝင် ကိုးပေတံတားအောက်အနီးတစ်ဝိုက် မိုးရွာသွန်းသည့် အခါတိုင်း ရေဝပ်မှုများ ဖြစ်ပေါ်နေတာကြောင့် ရေဝပ်မှု မရှိစေရေး အတွက် လုပ်ငန်းများကို ဧပြီလ ၂၃  ရက်နေ့က စတင်ပြီး ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ထံကနေသိရပါတယ်။   ယခုလက်ရှိမှာ ကိုးပေတံတားအောက်ကို စီးဆင်းတဲ့ မိုးရေများ မှာ မိုးရွာသွန်းပြီး နောက်ပိုင်း ချက်ချင်စီးဆင်းသွားမှု မဖြစ်ပေါ်ပဲ အချိန်ကြာမြင့်စွာ ဝပ်နေတဲ့အတွက် သွားလာရ အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် ရေဆင်းစီးမှု မြန်ဆန်အောင် ပြုလုပ်ဆောင်ရွက်နေပါတယ်လို့သိရပါတယ်။   ကိုးပေတံတားအောက် ရေဝပ်မှု မရှိစေရေး  ဖို့အတွက် ရေမြောင်းကြမ်းခင်းအား Level ညှိပြီး ကွန်ကရစ်ခင်းခြင်း၊ ကိုးပေတံတားအောက်မှာ ကွန်ကရစ် Slab ခင်း တံတားအား သံဘောင်တံတားအဖြစ် ဆောင်ရွက်ခြင်း၊ ကိုးပေတံတားအောက် ပျက်စီးနေသော…

Read More

ထမင်းပေါင်းအိုး နှင့် အိုးအနီ သွယ်တန်းထားသော ပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်၃၂လုံး မီးလောင်ကျွမ်း

မန္တလေး၊ ဧပြီ ၂၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်/တောင်ရပ်ကွက်၊ အကွက်အမှတ် ၈၅၃ တွင် ဒီကနေ့ နံနက်ပိုင်းက ဒေါ်ခင်သန်းနု ပိုင်ဆိုင်သော ပေ၂၀×၃၀ မြေစိုက်ထရံကာ(၂)ထပ် နေအိမ်အတွင်း ထမင်းပေါင်းအိုး နှင့် အိုးအနီ သွယ်တန်းထားသော ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းစတင်ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို မီးလောင်မှုအဆင့် Level-4၊ သန္ဓေ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ကျော် နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၃၂လုံး ၊ သိန်းပေါင်း ၂၃၀ကျော် မီးလောင်ပျက်စီးခဲ့ကာ ၊ မီးစလောင်တဲ့ အိမ်က အိမ်ပိုင်ရှင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။ #voiceofmyanmar#မန္တလေး#နေအိမ်၃၂လုံးမီးလောင်#

Read More
VOM News

FREE
VIEW