လမ်းအင်ဂျင်နီယာတွေနဲ့ ပရလောကသားတွေ အားပြိုင်သင့်တဲ့ ပုသိမ်​မုံရွာ လမ်းမကြီး မိုင်​တိုင်​အမှတ်​၂၀၅နှင့်​၂၀၇ကြားက မွေးကြိုင်ကွေ့ခေါ် ဂမ္ဘီရကွေ့

 

မင်းတုန်း ဧပြီ ၂၇-၂၀၁၉

ဖြစ်ရပ်မှန် သတင်းတွေကို မှတ်တမ်းပြုပြီး ဂျန်ကိုးလ် ရေးသားသည်။

 

Surf အမျိုးအစား​ငွေ​ရောင်​ကားတစ်​စီးက ကားလမ်း​ဘေးမှာတုံးလုံး တွန့်​​ကြေသွားတဲ့ကားတံခါး​ကြောင့် အလန်း​ပေးသံကတတီတီ ကားလမ်းမအလယ်မှာ​သုံး​လေးနှစ်​အရွယ်​က​လေးတ​ယောက်​က ဦး​ခေါင်းပွင့်​ထွက်​ မလှုပ်​မယှက်​ သူနဲ့မနီးမ​ဝေးမှာ အမျိုးသမီးငယ်​တဦးကအသက်​မရှိ​တော့ ကားဒရိုင်​ဘာက​သွေးအလူးလူးနဲ့ ဖုတ်​လှိုက်​ဖုတ်​လှိုက်​ အမျိုးသမီးကြီးတဦးရဲ့မချိမဆန့်​ငြီးတွားသံတို့နဲ အနိဋ္ဌာရုံမြင်​ကွင်းတခုကို မသက်​သာစွာမြင်​​နေရပါတယ်။ ​ ​နေရာကတော့ ပုသိမ်​မုံရွာလမ်းမကြီးမိုင်​တိုင်​အမှတ်​၂၀၅နဲ့၂၀၆ကြား လမ်းအလိမ်​​ကွေ့ဆင်းမှာပါ ။

 

၂၀၁၃ သင်္ကြန်​အကြိုမတိုင်​မီတစ်​ရက်​ကစလို့ ဒီ​နေရာကို မှတ်​မှတ်​ထင်​ထင်​ သတိထားမိ​တဲ့ နေရာဖြစ်​လာသလို အန္တရယ်​​ကွေ့ဆင်း ဆိုင်းပုဒ်​တခုကိုလည်းမကြာခင်​​တွေ့မြင်​ရပြီး​ လောက်​​လေးခွဒဏ်​ရာများနဲ့ ​ပျောက်​ဆုံးသွားတာကိုလည်း​ သတိထားမိရတဲ့​နေရာတခုအဖြစ်​ မှတ်​မိ​စေခဲ့တဲ့​နေရာ တခု။

 

အခုနှစ်​၂၀၁၉ဧပြီလ၂၄ရက်​​နေ့မှာတိုက်​တိုက်​ဆိုင်​ အိမ်​စီးကားငယ်​တစ်​စီး​ ချောက်​ထဲမှာ ​တွေ့ရပြန်​ပါတယ်​။ လေ​ရောမိုး​ရောပြင်းထန်​​နေတဲ့အချိန်​မှာ လူတချို့ကလူနာကိုခက်​ခက်​ခဲခဲ မချီပြီး လမ်း​ပေါ်တင်​​နေတဲ့မြင်​ကွင်း​ကြောင့်​ ကားကိုစက်​သပ်​ကာ ကူညီ​ရေးဝိုင်းလုပ်​​ရင်း အနီးနားရွာကလူတချို့နဲ့စကား​ပြောမိ​တော့

 

 

“ဒီအနားက မကြာခဏကား​မှောက်​တတ်​တယ်​ တ​နေ့​တ​နေ့ အဲဒီ​ကွေ့လမ်းလိမ်​က အသံဘဲ အလိုလိုနားစွင့်​​နေမိတယ်​”လို့ အနီးနားရွာက လူတယောက်က ပြောသံကို မှတ်မိခဲ့ပါတယ်။

 

“ခရီးရှည်​​မောင်းလာတဲ့ ယာဉ်​​တွေပိုအဖြစ်​​များ​နေတာ ​ဒေသခံကားမဟုတ်​တဲ့ လမ်း​ကြောစိမ်းတဲ့ကား​တွေဖြစ်​ကြတာဆို​ပေမယ့် ​ဒေသခံကားလည်းကျတာဘဲ ​မြေညီတဲ့​ချောက်​ကို ဆင်းသွားတဲ့ကားတချို့ တာဝန်​ရှိသူတို့ မသိခင်​ပြန်​ဆွဲတင်​သွားတဲ့ကား ထိခိုက်​ဒဏ်​ရာမရှိဘဲ ကားမပျက်​စီးလို့ မှတ်​တမ်းမယူထားတဲ့ကား​တွေနဲ့ဆိုရာ​ကျော်​​နေပြီ “လို့​ အခင်းဖြစ်​​နေရာနဲ့နီးတဲ့ လမ်း​ဘေး​ဈေးဆိုင်​က ကို​ဌေးဝင်းက​လည်း ဆိုပါတယ်။

 

အဲဒီယာဉ်​တိမ်း​မှောက်​မှု့​တွေ မကြာခဏဖြစ်​​နေတဲ့ မ​ကွေးတိုင်း​ သရက်​ခရိုင်​မင်းတုန်းမြို့နယ်​ အတွင်းက အရပ်​အ​ခေါ်​ မွှေးကြိုင်​​ကွေ့ မှာ၂၀၁၉ ဧပြီလအတွင်းယာဉ်​လမ်း​ချော်​မှု့ တိမ်း​မှောက်​မှု့ ၄ကြိမ်​ရှိပြီး ယခုလည်းအိမ်​စီးကားတစ်​စီး လမ်းရဲ့ တဘက်​​မှာရှိတဲ့​ချောက်​ထဲ ကိုတိမ်း​မှောက်​ခဲ့ရာမှာ လူအ​သေအ​ပျောက်​ မရှိ​ပေမယ့်  အဲဒီနေရာမှာ ထူးဆန်းမှုတွေ ရှိ​နေခြင်း ပရ​လောကသားများ စီးပိုးထားခြင်းများ ရှိ​နေကြတယ်​လို့ ယုံကြည်​သူများက​ပြောဆို​နေကြပါတယ်​။

 

အဲဒီလို ယာဉ်​တွေ မကြာခဏ တိမ်း​မှောက်​တာ လမ်း​ဘေး​ချောက်​ထဲကျတာ မကြာမကြာ ဖြစ်​​တာဟာ အရင်​ကယာဉ်​တိမ်း​မှောက်​ပြီး ကွယ်​လွန်​သွားသူတွေက နှောင့်​ယှက်​တာလို့​ ဒေသခံတွေကယုံကြည်​​နေကြပါတယ်။  ညအချိန်​နဲ့​ နေ့လယ်ခင်း လူပြတ်​ချိန်​တွေမှာ လူမရှိပဲ အသံကြားနေတာ၊ ဖြတ်သွားရင်ကို ကြက်သီးထလောက်အောင် ကြောက်သွားတာမျိုး စတဲ့ ထူးဆန်းဖြစ်​စဉ်​တွေလည်း ရှိခဲ့တယ်​လို့​ ဒေသခံတွေက​ပြောပြပါတယ်​။

 

အဲဒီ မွှေးကြိုင်​​ကွေ့ဟာ ပုသိမ်​မုံရွာလမ်းမကြီး​မြေသားလမ်း​ထိုးပြီးစ အချိန်​က ဦး​မွှေးကြိုင်​​မောင်းနှင်​တဲ့ လမ်း​ဖောက်​လုပ်​တဲ့ လမ်းဌာနပိုင်​ ​ရေသယ်​ယာဉ်​ တိမ်း​မှောက်​ပြီး​ ပထမဦးဆုံးအကြိမ်​ ယာဉ်​​မောင်းအပါအဝင်​ လူ၃ဦး​ ​သေဆုံးခဲ့ရာမှ ဒရိုင်​ဘာဦး​မွှေးကြိုင်​အမည်​အစွဲပြုပြီး​​ မွှေးကြိုင်​​ကွေ့ဟု​ခေါ်​ဝေါ်ခဲ့ခြင်းဖြစ်​တယ်​လို့ နယ်​​မြေခံများ​ပြောစကားအရသိရပါတယ်​။

 

မကြာ​သေး​သောနှစ်​တခုရဲ့သင်္ကြန်​အကြို​နေ့ တရက်​ကလည်း surfကားတစီးတိမ်း​မှောက်​ကာ ဆရာဝန်​အမျိုးသမီးငယ်​နဲ့က​လေးတဦး​ ပွဲခြင်းပြီး​သေဆုံးခဲ့ပြီး ​နောက်​ထပ်​​ဆေးရုံ​ရောက်​မှ၂ဦးထပ်​မံ​သေဆုံးခဲ့သည့်​ဖြစ်​စဉ်​၊ အိမ်​စီးကားတစီး​ချောက်​ထဲကို အ​ဖြောင့်​ထိုးကျသွားသည့်​ဖြစ်​စဉ်​၊ ကုန်​ကားတစီးပက်​လက်​လန်​ကျသွားသည့်​ဖြစ်​စဉ်​အပြင် အခြားမှတ်​တမ်းတင်​ထားခြင်းမရှိ​တဲ့ ဆိုင်​ကယ်​​မှောက်​မှု့တွေ၊  လူမ​သေ​သောဖြစ်​စဉ်​များစွာဟာ လမ်း​ဖောက်​လုပ်​တဲ့၁၉၈၀/၈၁ခုနှစ်​က​နေ၂၀၁၉ ၂၃ဧပြီအထိ နှစ်​​ပေါင်း၄၀​နီးပါး အတွင်း​မွှေးကြိုင်​​ကွေ့ဧရိယာမှာ  ယာဉ်​အကြီးအ​​သေး ဆိုင်​ကယ်​မ​တော်​တဆမှု့ ဖြစ်​စဉ်​​ပေါင်း၁၀၀​ကျော်​တယ်​လို့​ အနီးနားနေသူတွေက ပြောကြပါတယ်​။

 

“အခုတစီးမှောက်နေပါပြီ ဒီ​နေရာမှာ ​ မ​မှောက်တဲ့နှစ်ဆိုတာ မရှိသလောက်ရှားပါတယ် ဆောက်လုပ်ရေးကလဲ အာရုံစိုက်သင့်ပြီ မမြင်အပ်မြင်အပ် လောကသားဆိုလည်း ရွတ်တာဖတ်တာတပိုင်းပေါ့  နှစ်စဉ် ကားမှောက်နေတော့ ဘာကြောင့်ဖြစ်ဖြစ် လမ်းအနေအထားကိုထည့်စဉ်းစားသင့်ပြီ  နယ်မြေခံတွေဘက်ကလည် အဆင့်ဆင့်တင်ပြဖို့လို့ပြီ”ဟု​ဒေသခံယာဉ်​​မောင်းကို​အောင်​မျိုးက​ပြောပါတယ်​။

 

တောသူ​တောင်​သား​တွေက ပရ​လောကကို ယိုးစွပ်​သလို ပြင်​ပအင်​ဂျင်​နီယာများက လမ်းတည်​​ဆောက်​ပုံကို​ထောက်​ပြကြပါတယ်​ ။

 

“လမ်းတည်​​ဆောက်​ပုံမှား​နေတာ အရှိန်​နဲ့​ကွေ့ဆင်းလာတာအနိမ့်​ပိုင်းကိုဆွဲချသလိုဖြစ်​​အောင်​တဘက်​နိမ့်​​နေတယ်​ “လို့ပြင်​ပ​ဆောက်​လုပ်​​ရေးကုမ္ပဏီက အမည်​မ​ဖေါ်လိုသူအင်​ဂျင်​နီယာတ​ယောက်​က​ပြောပါတယ်​။

 

“ပြီးခဲ့တဲ့မိုးကြခါနီးက ဒီအထက်​နား​လေးမှာ ကိုယ့်​စပယ်​ယာကိုကိုယ်​ပြန်​နင်းမိလို့ တ​ယောက်​​သေတယ်​ ခုကား​မှောက်​တာက လူဘာမှမဖြစ်​ဘူး ဒီတလထဲ၅ခါရှိပြီ လူ​တော့မ​သေဘူး အဲဒီအနားမှာဘဲ​ ​သေးဆင်း​ပေါက်​တဲ့ကားဆရာ သူ့ကားကသူ့ပြန်​နင်းလို့​သေဘူးတယ်။ ​လမ်းဌာနကကားဘဲ” ဟု​ဒေသခံ​ဖြစ်​သူ ဦး​ဌေးဝင်းကဆိုပါတယ်​။

 

ကျောင်းဆရာ​ဟောင်းတ​ယောက်​စီးလာ​တဲ့ဆိုင်​ကယ်​တစီး​ နေ့လယ်အချိန်​ လမ်း​ဘေးထိုးကျ​မှောက်​​နေပြီး သတိလက်​လွတ်​ဖြစ်​​နေတာကို ခရီးပြန်​လာ​တဲ့ ရဲတပ်​ဖွဲ့ဝင်​မိသားစုက ကယ်​ခဲတဲ့ ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး  ဘေးပတ်​ဝန်းကျင်​ရွာသူရွာသားတွေက ထုံးစံအတိုင်း ပရ​လောကကိုစွတ်​စွဲ​ပြောဆိုကြပြီး ကာယကံရှင်​​ကျောင်းဆရာက​တော့ “ဘာမှမသိလိုက်​ဘူး လဲတာလည်းမသိဘူး ရဲ​ကို​ငွေတင်​က ဆရာဆရာဆိုမှအသိပြန်​ဝင်​လာတာ”ဟုဆိုခဲ့ပြီး မိသားစုဝင်​များက​တော့ ငယ်​စဉ်​ကတည်းက နှလုံးမ​ကောင်းဘူး ခွဲစိတ်​ခံထားရတာ​ သွေးပျစ်​တဲ့​ရောဂါမို့ အိပ်​ငိုက်​တာပါ ဟုခုခံ​ပြောဆိုခဲ့​သော်​လည်း မဖြစ်​မ​နေ လမ်း​ပေါ်သွား​နေရသူများအ​နေနှင့်​ပရ​လောကကိုဘဲယိုးစွပ်​ကြပါတယ်​။

 

ပြီးခဲ့တဲ့မိုးဦးကျကာလက စိမ်းစိုသစ်​​တောဝန်​ထမ်းတဦးကိပရလောကသား အမျိုးသမီးတဦးက ဝင်​​ရောက်​ပူးခဲ့ပြီး ၎င်းနှင့်​မနီးမ​ဝေးက သုံးဘီးဆိုင်​ကယ်​​မှောက်​ကာ ​သေဆုံးခဲ့​သောသူက ပရ​လောကသားချင်း လိုက်​လံ​နှောက်​ယှက်​​နေ၍ အကူညီ​တောင်းခံခဲ့သည်​လို့ဆိုပါတယ်​။

 

အဲဒီလူငယ်အပူးခံရစဉ်​က အရက်​​သေစာ​သောက်​စားထားခြင်းမရှိချိန်​ မနက်​၈နာရီခန့်​ဟုဆိုပြီးကျန်​အချိန်​များတွင်​​ သောက်​စားတတ်​သူလို့ဆိုပါတယ်​” သူကဒီကို ခုမှ​ရောက်​ဘူးတာ​ သေသူတွေဖြစ်​စဉ်​​တွေကို ဘယ်​သိမလဲ ဒါ​ပေမဲ့သူ​ပြောတာ​တွေက ဖြစ်​စဉ်​အမှန်​​တွေ ကျ​နော့်​ကသူ့​ဘေးမှာ သူကတ​ယောက်​ထဲ​ပြော​နေ​ပေမယ့်။ ဘေးကတ​ယောက်​​ယောက်​ကို​ပြော​နေတာ​သေချာတယ်​ ဖုန်း​ပြောသလို​ပေါ့ဗျာ ဟိုဘက်​ကဘာ​ပြောလို့ ဒီဘက်​ကပြန်​​ပြောပုံအရ သူကိုအကူညီ​တောင်း​နေတယ်​ဆိုတာယုံရမလိုဘဲ”လို့ သူ့သူငယ်​ချင်းဖြစ်​သူသစ်​​တောဝန်​ထမ်း ကိုနန်းဝင်း​အောင်​က ​ပြန်​​ပြောပြပါတယ်​။

 

လူ​သေဆုံးမှု့ဖြစ်​စဉ်​ရှိခဲ့စဉ်​က အဲဒီ​နေရာကို​ဒေသခံများက သံဃာ​တော်​များပင့်​​ဆောင်​ကာ ပရိတ်​တရားများရွတ်​ဖတ်​ပူ​ဇော်​အမျှ​ဝေခြင်းများ ၃ကြိမ်​ခန့်​ပြုလုပ်​ခဲပြီး​ကြောင်းလည်းသိရပါတယ်​။

 

အဲဖြစ်​စဉ်​​တွေ​ကြောင့်​ လမ်းကို​ဖြောင့်​​ပေးဘို့ သို့မဟုတ်​အခြားအင်​ဂျင်​နီယာ အမြင်​နဲ့ လမ်းပြုပြင်​ဖို့ မင်းတုန်း တိုင်း ၁ လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​ဝင်းက ပြီးခဲ့နှစ်​လွှတ်​​တော်​မှာ တင်​ပြခဲ့တယ်​လို့သိရပြီး အခုအခါပုသိမ်​မုံရွာလမ်းတိုးချဲ့​နေစဉ်​ကာလမှာ လမ်း​ချဲ့​နေ​သော်​လည်း လမ်း​ဖြောင့်​တန်းခြင်း​တော့မရှိဘူးလို့ ဦးတင်​ဝင်းက​ပြောပါတယ်​။

“​နွေရာသီမှာအဖြစ်​များတယ်​ဆိုတာက ခရီးသွား​တွေများသလို ​ရွှေစက်​​တော်​ဘုရားပွဲလာကြတဲ့ကာလ​တွေမှာအဖြစ်​များတယ်​​ပြောရမှာ​ပေါ့ ဒါ​ပေမဲ့တခြားအချိန်​လဲဖြစ်​တာပါဘဲ ကျဲတာနဲ့စိပ်​တာကွာတယ်​ဒီနှစ်​က​တော့၅ကြိမ်​​လောက်​ရှိသွားပြီ”လို့ ​ကား​မှောက်​ရာသို့ ကူညီ​ရေးလာသူ ​ဒေသခံတဦးက​ပြောပါတယ်​။

 

ယခုနှစ်​မှာ​တော့ မင်းတုန်းမြို့နယ်​တင်​မကဘဲ ပဲခူးတိုင်းပန်း​တောင်းမြို့နယ်​ထဲက ပုသိမ်​မုံရွာလမ်း​တွေချဲ့​တော့​ မြေသား​တွေ​ပေါ်ကားနင်းမိရင်​ဖြစ်​ဖြစ်​ ကျွဲနွား​တွေကကျတဲ့​မြေ​ကြောင့်​ဖြစ်​ဖြစ်​စလစ်​ဖြစ်​နိုင်​​ချေပိုများပြီး ​ဒေသ​မြေဖြစ်​တဲ့ဖို့​မြေ​တွေဟာကျပ်​​စေး​မြေဖြစ်​ပြီး မိုးနဲနဲထိရင်​ ခွာမရ​အောင်​​စေးကပ်​တယ်​လို့ ​ဒေသခံယာဉ်​​မောင်းများကသုံးသပ်​ကြပါတယ်​။

 

ယခုဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကတဆင့်​ တင်​ပြပြီး အနိမ့်​ပိုင်းကိုဆွဲချ​စေတဲ့အခုံးကို​ဖြေပြီး လမ်းကို အနည်းငယ်​​ဖြောင့်​​ပေးဖို့ လိုအပ်​​နေတယ်လို့ ပြင်​ပအင်​ဂျင်​နီယာတွေရဲ့  အကြံပြချက်ကို ဆက်​လက်​တင်​ပြဖို့ ဒေသခံတွေက  လိုလား​နေကြပါတယ်​။

 

အခြား တဘက်​ကလည်း အဆိုပါ မွှေးကြိုင်​​ကွေ့မှာ အကျွတ်​အလွတ်​ပွဲတွေ လုပ်​​ဆောင်​ဖို့​ တတ်​သိနားလည်​သူတွေနဲ့ တိုင်​ပင်​​နေကြ​ပြီး​ ​သေဆုံးသူများ​နဲ့ နီးစပ်​ရာ​ ​နေရပ်​လိပ်​စာသိ​သူ ဆွေမျိုးသားချင်းတွေကို ဖိတ်​ကြားကာ အမျှအတန်းများ​ပေး​ဝေသွားမယ်​လို့သိရပါတယ်​။

 

ဂျန်​ကိုးလ်

 

Related posts

Leave a Comment

VOM News

FREE
VIEW