လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်ထပ်မံ မဖြစ်ပွားစေဖို့အတွက် ထိန်းချုပ်ဆောင်ရွက်နေ

မန္တလေး၊ သြဂုတ်- ၆- ၂၀၂၆ SA(VOM) ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပိုအေး က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ထုတ်ပေးရာတွင် ပုံစံ (၇) ရရှိသည့် မြေရှင်များက အကွက်စိပ်ရိုက် စီးပွားဖြစ်ရောင်းချနေသည့် ကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့အရေးယူ ဆောင်ရွက်ပေးမည် ဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအ ဝေး၊ (တတိယနေ့)အခမ်းအနားမှာ လွှတ်တော်ကတဆင့် မေးမြန်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မေးခွန်းအပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က “လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူများ ရှိပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၄ ဖြင့် ထုတ်ပြန် ကြေညာထားသည့် လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ…

Read More

သဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့တွေနဲ့ ရွာတွေ ရေဘေးကြုံနေရ

ဩဂုတ် ၇ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ဟာ ရေပြည့်အမှတ် ၁ ပေခန့်အလို စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေတာကြောင့် ရေလွှတ်ချနေတဲ့အတွက် မူးမြစ်ရေကြီးကာ မြစ်ရိုးတလျှောက်ရှိ ကောလင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှ အစရှိတဲ့ မြို့တွေနဲ့ ကျေးရွာတွေ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ကနေ မနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ ပထမအကြိမ် ရေထု ၄၀၀၀၀ ကျူ့ လျှော့ချခဲ့ပြီး ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ၂၀၀၀၀ ကျူ့ ထပ်မံ လျှော့ချခဲ့သလို ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာလည်း တတိယအကြိမ်မြောက် ရေထု ၂၀၀၀၀ ကျူ့ ဆက်လက် လျှော့ချခဲ့တယ်လို့ သိရပါတယ်။…

Read More

ပြည်ပလုပ်သား စေလွှတ်မှုနဲ့ ဝင်ငွေခွန်၊ လွှဲပြောင်းငွေတွေရရှိရေး တင်းကျပ်နိုင်ဖို့ ကော်မတီဖွဲ့စည်းမှု အလုပ်သမားတွေ ဝေဖန်

ဩဂုတ် ၆ – ၂၀၂၆ SN (VOM) ပြည်ပလုပ်သား စေလွှတ်မှု ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်တွေ မှန်ကန်စွာပေးသွင်းနိုင်ရေး၊ သတ်မှတ်ထားတဲ့ မိသားစုလွှဲပို့ငွေတွေ မှန်မှန်ကန်ကန် ပေးပို့မှု ရှိ၊ မရှိ စိစစ်နိုင်ရေး စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ မြန်မာလုပ်သားတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ ကော်မတီဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေကို ပိုမိုတင်းကျပ်စွာ စိစစ်နိုင်ဖို့၊ ဝင်ငွေခွန်ဥပဒေအရ ပြည်ပရောက် လုပ်သားတွေဆီက အခွန်ငွေတွေ မှန်ကန်စွာ ပေးသွင်းစေဖို့၊ ဝင်ငွေနဲ့ မိသားစုလွှဲပြောင်းငွေတွေကို တရားဝင်လမ်းကြောင်းနဲ့ မဖြစ်မနေ လွှဲပို့စေဖို့ ကြီးကြပ်ရမယ် ဆိုတဲ့ အချက်တွေ ပါဝင်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က…

Read More

လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ စာဖတ်ကြပါစို့

မန္တလာ ဆရာမျိုး     “လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အင်အားအကြီးဆုံး လက်နက်မှာ ပညာဖြစ်ပြီး၊ ပညာရရှိရန် အကောင်းဆုံးလမ်းကြောင်းမှာ စာဖတ်ခြင်းဖြစ်သည်” ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ လူတစ်ယောက်၏ အသိပညာ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအမြင်တို့ကို တဖြည်းဖြည်း ပုံဖော်ပေးသည့် အရာမှာ စာအုပ်များဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက် (Social Media) နှင့် ဗီဒီယိုတိုများ၏ ဆွဲဆောင်မှုကြောင့် စာဖတ်သည့် အလေ့အကျင့်သည် တဖြည်းဖြည်း လျော့နည်းလာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။ သတင်းအချက်အလက်များ ရယူရန် လွယ်ကူလာသော်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အကျင့်ကတော့ လျော့နည်းလာ နေပါသည်။     စာဖတ်ခြင်းသည် စာမေးပွဲအောင်ရန်၊ ဘွဲ့ရရန် သို့မဟုတ် အလုပ်အကိုင်ကောင်းတစ်ခု ရရှိရန်အတွက်သာ မဟုတ်ပေ။ စာဖတ်ခြင်းသည် လူတစ်ယောက်၏ အတွေးအခေါ်ကို…

Read More

သူတို့အိမ် အခန်း (၁၈၆)

  ဆူးငှက်   ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆု ——————————————— ဒေါ်ဒေါ် လူထုဒေါ်အမာ ၏ စာအုပ်များအနက် ကျွန်တော် အကြိုက်ဆုံးစာအုပ်ကို ရွေးပါဆိုလျှင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ရွေးပါမည်။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်သည် စာရေးဆရာ၊ သတင်းစာဆရာမကြီး ဒေါ်ဒေါ် လူထုဒေါ်အမာရေးသား ပြုစုခဲ့သည့် စာအုပ်များတွင် အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ဒေါ်ဒေါ်၏ “ပြည်သူချစ်သော အနု ပညာသည်များ” စာအုပ်က ၁၉၆၄ခုနှစ် မေလမှာ ပထမအကြိမ် ထုတ်ဝေပြီး ထိုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ခုနှစ် ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄မှာ စတုတ္ထအကြိမ်နှင့် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ္စမအကြိမ်အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ေ၀ ခဲ့ရသော စာအုပ်ဖြစ်သည်။ ပထမအကြိမ် ထုတ်သည့်…

Read More
VOM News

FREE
VIEW