မိုးကျရင် စစ်ကိုင်းမြို့၊ကိုးပေတံတားအောက် ရေဝပ်မှု မရှိဖို့ ကြိုတင်ပြင်ဆင်

စစ်ကိုင်း ဧပြီ ၂၇-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့ အဝင် ကိုးပေတံတားအောက်အနီးတစ်ဝိုက် မိုးရွာသွန်းသည့် အခါတိုင်း ရေဝပ်မှုများ ဖြစ်ပေါ်နေတာကြောင့် ရေဝပ်မှု မရှိစေရေး အတွက် လုပ်ငန်းများကို ဧပြီလ ၂၃  ရက်နေ့က စတင်ပြီး ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ထံကနေသိရပါတယ်။

 

ယခုလက်ရှိမှာ ကိုးပေတံတားအောက်ကို စီးဆင်းတဲ့ မိုးရေများ မှာ မိုးရွာသွန်းပြီး နောက်ပိုင်း ချက်ချင်စီးဆင်းသွားမှု မဖြစ်ပေါ်ပဲ အချိန်ကြာမြင့်စွာ ဝပ်နေတဲ့အတွက် သွားလာရ အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် ရေဆင်းစီးမှု မြန်ဆန်အောင် ပြုလုပ်ဆောင်ရွက်နေပါတယ်လို့သိရပါတယ်။

 

ကိုးပေတံတားအောက် ရေဝပ်မှု မရှိစေရေး  ဖို့အတွက် ရေမြောင်းကြမ်းခင်းအား Level ညှိပြီး ကွန်ကရစ်ခင်းခြင်း၊ ကိုးပေတံတားအောက်မှာ ကွန်ကရစ် Slab ခင်း တံတားအား သံဘောင်တံတားအဖြစ် ဆောင်ရွက်ခြင်း၊ ကိုးပေတံတားအောက် ပျက်စီးနေသော မြောင်းဖုံးများလဲလှယ်ပြီး မြောင်းဖုံးအသစ်ပြုလုပ်ခြင်း၊ ရေထွက်ပေါက်များပြင်ခြင်း၊Mobile ကပ်တုံးများ ရေမြောင်းစနစ်ပြုပြင်ခြင်း၊ကိုးပေတံတားအနီးရှိ မီးရထားလမ်း တာဘောင်ဘေးမှ မြေသားများပြိုကျခြင်းမှ ကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ့ဆောင်ရွက်ခြင်း၊တောင်ရိုးလမ်းမှ ကိုးပေတံတားအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ကိုးပေနှင့် တဆက်တစပ်တည်းရှိသည့် ပုဏ္ဍအင်းအား ပြန်လည်ဆယ်ယူခြင်း စတဲ့လုပ်ငန်း များကို ကျပ်သိန်း ၅၀၀ အကုန်အကျခံပြီး ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။

 

စစ်ကိုင်းမြို့ အဝင် ကိုးပေတံတားအောက်ဟာ အနိမ့်ပိုင်းဒေသဖြစ်တဲ့အတွက် မိုးသည်းထန်းစွာသွန်းတဲ့အချိန်တိုင်း  မြို့ပေါ်ရပ်ကွက် အချို့က စီးဆင်းတဲ့ ရေများဟာ အဲ့ဒီ  တံတားအောက် ကျရောက်ပြီး   ရေမြောင်းများမှ တဆင့် စင်္ကြန်ချောင်းအတွင်းစီးဆင်းပြီး  ဧရာဝတီမြစ်အတွင်း စီးဆင်းတယ်လို့သိရပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း  #ကိုးပေတံတား

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW