ပြည်တွင်း ငါး၊ပုဇွန် အစာဈေးကွက်မှာ သက်တမ်းလွန်အစာ ရောင်းချမှုတွေရှိနေ

ရန်ကုန်၊ဧပြီ၂၇-၂၀၁၉

TGH(VOM)

 

ပြည်ပနိုင်ငံတွေကနေတင်သွင်းလာတဲ့ ငါး ၊ ပုဇွန်အစာတွေထဲမှာ သက်တမ်းလွန်တာတွေပါရှိနေပြီး အဲ့ဒီသက်တမ်းလွန်အစာတွေကို ပြည်တွင်း ဈေးကွက်မှာ ဖြန့်ဖြူရောင်းချမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အ​ထွေ​ထွေအတွင်း​ရေးမှူးဦးဝင်းကြိုင်​ကပြောပါတယ်။

 

“ရက်လွန်တဲ့အထဲမှာနှစ်မျိုးရှိတယ်။ နိုင်ငံခြားကသွင်းတဲ့အစာတချို့က ဈေးကွက်ထဲရောက်တဲ့ အချိန်မှာရက်လွန်တာတွေဖြစ်နေတယ်။ လာတည်းက သက်တမ်းလွန်နေတာလား၊ ဒီရောက်မှာ မရောင်းရတော့လို့ ရက်ကလွန်သွားသလားဆိုတာတော့ အတိအကျမသိနိုင်ဘူး။ ဖြစ်နိုင်ချေကတော့ သူတို့နိုင်ငံမှာ အစာစက်ရုံတွေကပေါတော့ ဈေးကွက်ယျဉ်ပြိုင်ရတဲ့အခါမှာ ပိုလျှံတာတွေ ၊ မရောင်းရလို့ ကျန်တာတွေရှိမယ်။ ဒီတော့ရက်လွန်သွားတာမျိုးဖြစ်နိုင်တယ်” လို့ ဦးဝင်းကြိုင်ကပြောပါတယ်။

သက်တမ်းလွန် ငါး၊ပုစွန်အစာတွေမှာ မှိုတက်ခြင်း၊အာနိသင်ပျက်ပြယ်ခြင်းတွေဖြစ်ပေါ်ပြီး အဆိပ်အထောက်ကိုဖြစ်ပွားစေနိုင်တာကြာင့် ဒီလို သက်တမ်းလွန် အစာတွေကို ငါး ၊ပုစွန်ကို ကျွေးမိပါက ငါးရဲ့ ကြီးထွားမှုနှုန်းနဲ့အစာချေစနစ်ကို ထိခိုက်နိုင်တဲ့အပြင် တခြား ဆိုးကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။

 

နိုင်ငံတကာမှာဆိုရင် ဆေးဝါးဖြစ်စေ၊ အစားအသောက်ဖြစ်စေ ရက်လွန်သွားပါက အဲဒီပစ္စည်းကို လူ ၊ တိရစ္ဆာန်အားလုံးအတွက် အသုံးပြုတာမျိုးမရှိဘဲ အစားအသောက်ဘေးကင်းလုံခြုံရေးအရ ဖျက်ဆီးပစ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာမြန်မာနိုင်ငံကို ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတွေကနေ ငါး ၊ပုဇွန် အစာအများဆုံးတင်သွင်းနေတာဖြစ်ပါတယ်။

 

#voiceofmyanmar  #ငါးပုဇွန်အစာသက်တန်းလွန်

 

Photo – Kyaw Bala

Related posts

Leave a Comment

VOM News

FREE
VIEW