လှည်းတန်း တံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွား

ဧပြီ ၂၆ – ၂၀၂၄
SN (VOM)
ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းဆီက သိရပါတယ်။
“ခုန်ချတာကတော့ ၁၂ နာရီ၊ ၁၀ မိနစ်လောက်ကလို့ သိရတယ်။ ကျွန်တော်တို့ဆီ ဖုန်းသတင်းဝင်တာတော့ ၁၂ နာရီ ၁၄ မိနစ်မှာ။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာတော့ လူနာက ညာဘက်ခြေထောက် ဒူးခေါင်းကနေ လည်ထွက်သွားတဲ့ အခြေအနေရှိတယ်။ ပြီးတော့ ခုန်ချတဲ့ဒဏ်ကြောင့် ကျောကုန်းတို့၊ ဇတ်ပိုးတို့၊ နေရာတချို့ နာကျင်တာတွေရှိတယ်။ လူနာက သတိတွေဘာတော့ အနည်းငယ် ကောင်းမွန်တယ်” လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက တာဝန်သူတယောက်က ပြောပါတယ်။
တံတားပေါ်က ခုန်ချခဲ့သူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အနာဂတ်အလင်းတန်း ပရဟိတအသင်းအနေနဲ့ လိုအပ်တဲ့ မြေပြင်ကုသမှုတွေ ပြုလုပ်ကာ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ချောင်းကူးတံတားပေါ်ကနေ အသက် ၅၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပြီး ရေထဲမကျဘဲ တံတားအောက်က အုတ်ခုံပေါ်ကျကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အနာဂတ်အလင်းတန်း ပရဟိတအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW