မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတာနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေပြီလို့ ဒုတိယသမ္မတ(၁) ပြော

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉
TGH(VOM)
ပြည်ပကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတဲ့ကိစ္စတွေ ပပျောက်ဖို့အတွက်   စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ပေါင်း ၄၃၆ ကြိမ်ရှိပြီလို့  နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၉ ခုနှစ် မတ်လအထိ ပြည်ပမှ တရားမဝင်တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဖွဲ့ဖွဲ့ပြီး  စုံစမ်းစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ရေ ၅၀၀ နီးပါးရှိပေမယ့် တရားမဝင်တင်သွင်းမှုတွေနဲ့ပတ်သက်လို့ ဖမ်းမိမှုရှိမရှိကိုတော့ ပြောကြားသွားမှုမရှိခဲ့ပါဘူး။
“ တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုကို ပပျောက်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ စစ်ဆေးနေယ်။ နယ်စပ်ဒေသနဲ့ နီးတဲ့ မြို့တွေကိုလည်း စုံစမ်းရေးဂိတ်တွေထားပြီး စစ်ဆေးနေတယ်။ ပြည်ပက အခွန်မဆောင်ပဲနဲ့ ဝင်လာတဲ့ ပစ္စည်းတွေကြောင့် ပြည်တွင်းက အခွန်ဆောင်ပြီး လုပ်နေတဲ့ လုပ်ငန်းရှင်တွေ များစွာထိခိုက်မှုရှိနေတယ်။” လို့ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက နိုင်ငံတော်ဒုတိယသမ္မတ(၁) နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။
တရားမဝင်တင်သွင်မှု အများဆုံးဖြစ်ပွားတဲ့  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အစရှိတဲ့ နေရာတွေမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
အရင်တုန်းက တရားမဝင်ကုန်သွယ်မှုကို လျှော့ချဖို့အတွက် တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ(Mobile Team) အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး လေဆိပ်၊ နယ်စပ်ဝင်ဂိတ်နဲ့ ဆိပ်ကမ်းတွေမှာ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။အထူးသဖြင့်တော့ မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန်လမ်းကြောင်းကို အဓိကထား စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
၎င်းအဖွဲ့ရဲ့ စစ်ဆေးမှုတွေကြောင့် တရားမဝင်ကုန်သွယ်မှုမှာ သိသိသာသာလျော့နည်းသွားခဲ့ပြီး ၂၀၁၆ ခုနှစ်အရောက် အဖွဲ့အစည်းဖျက်သိမ်းခဲ့ပြီးနောက်မှာတော့  တရားမဝင်ကုန်သွယ်မှုအခြေနေ  ပိုဆိုးလာခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။
 #vocieofmyanmar #ဒုသမ္မတ # ဦးမြင့်ဆွေ

Related posts

Leave a Comment

VOM News

FREE
VIEW