တိုက်​ပွဲဖြစ်​ပွားခဲ့သည့်​ ဗုဒ္ဓေါကျေးရွာအနီးမိုင်းပေါက်​ကွဲ ရွာသားတစ်​ဦးထိခိုက်

ပုဏ္ဏားကျွန်း၊ ဧပြီ ၂၉ – ၂၀၁၉ ခိုင်​လင်းစံ (VOM) ရခိုင်​ပြည်​နယ်​၊ ပုဏ္ဏားကျွန်းမြို့နယ်​ တောဖျားချောင်းဒေသ ဗုဒ္ဓေါကျေးရွာအနီး ယနေ့နံနက်​ပိုင်းက မိုင်းပေါက်​ကွဲမှုတစ်​ခုဖြစ်​ပွားခဲ့ရာ ကျေးရွာသားတစ်​ဦး ထိခိုက်​ဒဏ်​ရာရရှိခဲ့တာဖြစ်​ပါတယ်​။ အဲ့ကျေးရွာသားဟာ ဗုဒ္ဓေါကျေးရွာက ကွမ်းစိုက်​တောင်​သူ ဦးမောင်​ကျော်​ဝင်းဖြစ်​ပြီး ကွမ်းခင်းကိုသွားတဲ့အချိန်​မှာ မိုင်းကြိုးကို နင်းမိတဲ့အတွက်​ ပေါက်​ကွဲခဲ့တာဖြစ်​ပါတယ်​။   “သူကကွမ်းစိုက်​ပါတယ်​။ ဒီနေ့မနက်​က ကွမ်းခင်းကိုသွားတဲ့လမ်းမှာ မိုင်းထောင်​ထားတဲ့ကြိုးကို နင်းမိတယ်​လို့သိရပါတယ်​။ ရွာနားက တောင်​ကုန်းလေးမှာပေါက်​တာပါ။ ခြေထောက်​နဲ့မျက်​လုံး၊ ဝမ်းဗိုက်​တွေမှာ ထိသွားပါတယ်​။”လို့ ကျေးရွာအုပ်​ချုပ်​ရေးမှူးကပြောပါတယ်​။ အဲ့ဒီရွာအနီးဝန်းကျင်​ဟာ ဖေဖော်​ဝါရီလနဲ့ ဧပြီလအတွင်းက မြန်​မှာ့တပ်​မတော်​နဲ့ AA တို့အကြား တိုက်​ပွဲတွေပြင်းထန်​ခဲ့တဲ့နေရာဖြစ်​ပါတယ်​။   “ရွာအနီးပါတ်​ဝန်းကျင်​မှာ တိုက်​ပွဲတွေဖြစ်​ပွားခဲ့တယ်​။ အဲ့ဒီအခါမှာ ထောင်​ခဲ့တဲ့မိုင်းတွေဖြစ်​မယ်​။ ဒီလိုမျိုးဆက်​ရှိနေမယ်​ဆိုရင်​တော့ တော တောင်​တွေကို သွားလာဖို့ စိုးရိမ်​စရာတွေဖြစ်​လာပါတယ်​။”လို့ အုပ်ျုပ်​ရေးမှူးကဆိုပါတယ်​။   မိုင်းထိဒဏ်​ရာရရှိသွားတဲ့ ဦးမောင်​ကျော်​ဝင်းကို ယိုးတရုတ်​ တိုက်​နယ်​ဆေးရုံသို့ပို့ဆောင်​ပေးထားပြီးဖြစ်​ကာ မိုင်းထိဒဏ်​ကြောင့်​ မျက်​လုံးတွေ…

Read More

အဂတိကော်မရှင်သို့ တိုင်ကြားသည့်ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းသည့်ကိစ္စ လွှတ်တော်တွင် အချေအတင်ဖြစ် 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာာရေး၊ အခွန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား အဂတိလိုက်စားမှုတွေရှိနေ ဆိုပြီး ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်လွှတ်တော်သို့ တိုင်းကြားမှုများရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဒေသခံကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်မှ ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒ့ါအပြင် မြောက်ဦးဒေသခံကုမ္ပဏီတချို့ ဦးကျော်အေးသိန်းကို မြန်မာ့နိုင်ငံ အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ကြတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မဟုတ်မမှန်တိုင်ကြားတယ်ဆိုပြီး ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တဲ့ အပေါ်မှာ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ဒီကနေ့လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်မေးတာက အဲ့ဒီကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းထည့်သွင်းဖို့အတွက် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံး ဖြတ်ချက် ဟုတ်မဟုတ်၊ အဂတိကော်မရှင်ထံ တိုင်ကြားမှုနဲ့ပတ်သက်လို့ အမည်ပျက်စာရင်းသွင်းတာ ဥပဒေနဲ့ညီမညီ အဲ့ဒါတွေကိုမေးတာပါ။ ဝန်ကြီးက…

Read More

ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နဲ့  အာရုံကြောအထူးကုဆေးရုံသစ် မေလ ၁ ရက်စဆောက်မယ်

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH(VOM)   ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကို ရန်ကုန်မှာ မေလ ၁ ရက်နေ့ စတင်တည်ဆောက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။   “ဒီဆေးရုံအတွက် ဂျပန်နိုင်ငံ အစိုးရက   ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့်  ဆေးရုံသုံးစက်ပစ္စည်း တချို့ကို  ထောက်ပံ့တယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် ကျခံသုံးစွဲမှာဖြစ်တယ် “လို့  ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။   မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးရောဂါနှင့် ဦးနှောက်အာ ရုံကြောရောဂါတွေကို မြန်မာ–ဂျပန် နည်းပညာပူးပေါင်းပြီးအဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင်  နှလုံးရောဂါဆေးပညာ(Cardiology)၊ နှလုံးခွဲစိတ်ကုသမှုပညာ(Cardiac Surgery)၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ပညာ (Neurology)၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာ(Neurosurgery) ဌာနတွေနဲ့ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့သိရပါတယ်။   ၎င်းအထူးကုဆေးရုံကြီးကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်နဲ့ သူနာပြု တက္ကသိုလ်ကြားရှိ မြေနေရာ (၅.၅၆၂)…

Read More

လျှပ်စစ်ဝန်ကြီးက  ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းနိုင်ဖို့ လုပ်နေတယ်လို့ဆို

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH (VOM)   လာမယ့် ၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးက အိမ်ထောင်စုအားလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောပါတယ်။   “လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အိမ်ထောင်စုပါင်း ၄၄ % ခန့်က လျှပ်စစ်ဓာတ်အားရရှိနေတယ်၊ခုနှစ် နှစ်ကုန်မှာ              ၅၀ % ထိ တိုးမြှင့်ရရှိနိုင်မှာပါ။ လာမယ့် ၂၀၂၀–၂၀၂၁ ခုနှစ်မှာဆိုရင့ အိမ်ထောင်စုပေါင်း ၅၅ % က လျှပ်စစ်ဓာတ်အားရယူသုံးစွဲနိုင်ဖို့ မျှော်မှန်းထားတယ် ၊၂၀၂၅–၂၀၂၆ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၇၅ % ရမယ်လို့မျှော်မှန်းထားတယ်“လို့ ဆိုပါတယ်   ခုလိုေ ဆာင်ရွက်နိုင်ဖို့အတွက်   ပြည်ပ ချေးငွေရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေတွေသုံးစွဲပြီး  ဆောင်ရွက်နေတယ်လို့ သိရပါတယ်။…

Read More

ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားရေးဝါဒီလိုမျိုး ပြောဆိုဆွေးနွေးမှုမပြုလုပ်ဖို့ လွှတ်တော်ဥက္ကဌတိုက်တွန်း 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ဥပဒေဘောင်အတွင်း ပြောရေးဆိုရေးဖို့လိုအပ်သလို အမျိုးသားရေးဝါဒီတစ်ဦးလိုမျိုး ပြောဆိုဆွေးနွေးမှုတွေ မပြုလုပ်ကြဖို့အတွက် လွှတ်တော်ဥက္ကဌက သတိပေးပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့တွေဟာ ရခိုင်ပြည်သူတွေရွေးချယ်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာလည်း ကျွန်တော်တို့မှာ တာဝန်အပြည့်အဝရှိပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေဘောင်အတွင်းက ပြောရဲဆိုရဲရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေးဝါဒီ တစ်ယောက်လို ပုံစံမျိုးမဖြစ်ဖို့ကို ရှောင်ကြဉ်ကြပါ။”လို့ လွှတ်တော်ဥက္ကဌာ ဦးစံကျော်လှက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူမျိုးတစ်မျိုးနဲ့တမျိုးအကြားမှာ ပြဿနာဖြစ်ပွားစေနိုင်တဲ့ အမုန်းစကားမျိုးကိုလည်း မပြောဆိုရဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ “ကျွန်တောို့ ရခိုင်မှာ စားကားပုံတစ်ခုရှိပါတယ်။ ကြမ်းပေါက်ကျွံရင် နှုတ်လို့ရတယ်။ နှုတ်ကျွန်ရင်နှုတ်လို့မရဆိုတဲ့အတိုင်း ဗမာလူမျိုးတွေမှာလည်းရှိပါတယ်။…

Read More

မူးယစ်ဆေးစွဲသူကို ထောင်ထဲမပို့်ဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ရဲတိုက်ဆို

ရန်ကုန် ဧပြီ ၂၉-၂၀၁၉ သင်းသဒ္ဒါ ( VOM) ခုချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ မူးယစ်ဆေးစွဲသူကို ထောင်ထဲမပိုဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ဆိုပါတယ်။ “အမှန်တော့ ဘာမှ မထူးပါဘူး။ မူးယစ်ဆေးစွဲတဲ့သူတွေကို ပို့သင်တာကတော့ ဆေးဖြတ်စခန်းကို ပို့ ရမှာပါ။ထောင်ထဲ ထည့်လိုက်တော့ ပိုဆိုးသွားတယ်။ ဆေးဖြတ်စခန်းပို့တာ ပိုကောင်းပါတယ်။ လူငယ်တစ်ယောက် ဆေးပြတ်တယ်၊မပြတ်ဘူးဆိုတာ တချိန်လုံးစောင့်ကြည့်နေမှ ရတာပါ။အလစ်ပေးလို့ မရပါဘူး”လို့ ဆိုပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ၆ လပိုင်းမှာ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့လည်း ရှိပါတယ်။၆ လပိုင်း ရိုက်ကူးမယ့် ဇာတ်ကားအတွက်ကတော့ ၀ိတ်ကို ချနေပါတယ်လို့ ဆိုရပါတယ်။ “ကျွန်တော် မောင်ရဲထိုက်သည် WY စိတ်ကြွရူးသွတ်ဆေးပြားကို သုံးစွဲခြင်း မရှိပါကြောင်း ပြောချင်ပါ တယ်။နောင်တဆိုတာ ယူစရာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ မင်းသားအဖြစ် တင်မြောက်ပေးခဲ့တဲ့ ဆာတိုရီ…

Read More

မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတာနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေပြီလို့ ဒုတိယသမ္မတ(၁) ပြော

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉ TGH(VOM) ပြည်ပကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်းတင်သွင်းနေတဲ့ကိစ္စတွေ ပပျောက်ဖို့အတွက်   စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ပေါင်း ၄၃၆ ကြိမ်ရှိပြီလို့  နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၉ ခုနှစ် မတ်လအထိ ပြည်ပမှ တရားမဝင်တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဖွဲ့ဖွဲ့ပြီး  စုံစမ်းစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေပြုလုပ်နေတာ အကြိမ်ရေ ၅၀၀ နီးပါးရှိပေမယ့် တရားမဝင်တင်သွင်းမှုတွေနဲ့ပတ်သက်လို့ ဖမ်းမိမှုရှိမရှိကိုတော့ ပြောကြားသွားမှုမရှိခဲ့ပါဘူး။ “ တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုကို ပပျောက်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ စစ်ဆေးနေယ်။ နယ်စပ်ဒေသနဲ့ နီးတဲ့ မြို့တွေကိုလည်း စုံစမ်းရေးဂိတ်တွေထားပြီး စစ်ဆေးနေတယ်။ ပြည်ပက အခွန်မဆောင်ပဲနဲ့ ဝင်လာတဲ့ ပစ္စည်းတွေကြောင့် ပြည်တွင်းက အခွန်ဆောင်ပြီး လုပ်နေတဲ့ လုပ်ငန်းရှင်တွေ များစွာထိခိုက်မှုရှိနေတယ်။” လို့ ဒုတိယသမ္မတ ၁…

Read More
VOM News

FREE
VIEW