ပုဏ္ဏားကျွန်း၊ ဧပြီ ၂၉ – ၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ ဗုဒ္ဓေါကျေးရွာအနီး ယနေ့နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ကျေးရွာသားဟာ ဗုဒ္ဓေါကျေးရွာက ကွမ်းစိုက်တောင်သူ ဦးမောင်ကျော်ဝင်းဖြစ်ပြီး ကွမ်းခင်းကိုသွားတဲ့အချိန်မှာ မိုင်းကြိုးကို နင်းမိတဲ့အတွက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“သူကကွမ်းစိုက်ပါတယ်။ ဒီနေ့မနက်က ကွမ်းခင်းကိုသွားတဲ့လမ်းမှာ မိုင်းထောင်ထားတဲ့ကြိုးကို နင်းမိတယ်လို့သိရပါတယ်။ ရွာနားက တောင်ကုန်းလေးမှာပေါက်တာပါ။ ခြေထောက်နဲ့မျက်လုံး၊ ဝမ်းဗိုက်တွေမှာ ထိသွားပါတယ်။”လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ အဲ့ဒီရွာအနီးဝန်းကျင်ဟာ ဖေဖော်ဝါရီလနဲ့ ဧပြီလအတွင်းက မြန်မှာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နေရာဖြစ်ပါတယ်။
“ရွာအနီးပါတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ အဲ့ဒီအခါမှာ ထောင်ခဲ့တဲ့မိုင်းတွေဖြစ်မယ်။ ဒီလိုမျိုးဆက်ရှိနေမယ်ဆိုရင်တော့ တော တောင်တွေကို သွားလာဖို့ စိုးရိမ်စရာတွေဖြစ်လာပါတယ်။”လို့ အုပ်ျုပ်ရေးမှူးကဆိုပါတယ်။
မိုင်းထိဒဏ်ရာရရှိသွားတဲ့ ဦးမောင်ကျော်ဝင်းကို ယိုးတရုတ် တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးထားပြီးဖြစ်ကာ မိုင်းထိဒဏ်ကြောင့် မျက်လုံးတွေ မမြင်နိုင်သေးပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမရှိဘူးလို့ ပြောပါတယ်။
#voiceofmyanmar #ပုဏ္ဍားကျွန်း #မိုင်းကွဲ