ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နဲ့  အာရုံကြောအထူးကုဆေးရုံသစ် မေလ ၁ ရက်စဆောက်မယ်

ရန်ကုန် ဧပြီ ၂၉-၂၀၁၉

TGH(VOM)

 

ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကို ရန်ကုန်မှာ မေလ ရက်နေ့ စတင်တည်ဆောက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။

 

ဒီဆေးရုံအတွက် ဂျပန်နိုင်ငံ အစိုးရက   ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့်  ဆေးရုံသုံးစက်ပစ္စည်း တချို့ကို  ထောက်ပံ့တယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် ကျခံသုံးစွဲမှာဖြစ်တယ်လို့  ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးရောဂါနှင့် ဦးနှောက်အာ ရုံကြောရောဂါတွေကို မြန်မာဂျပန် နည်းပညာပူးပေါင်းပြီးအဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင်  နှလုံးရောဂါဆေးပညာ(Cardiology) နှလုံးခွဲစိတ်ကုသမှုပညာ(Cardiac Surgery) ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ပညာ (Neurology) ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာ(Neurosurgery) ဌာနတွေနဲ့ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့သိရပါတယ်။

 

၎င်းအထူးကုဆေးရုံကြီးကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်နဲ့ သူနာပြု တက္ကသိုလ်ကြားရှိ မြေနေရာ (.၅၆၂) ဧကမှာ ဆောက်လုပ်မှါဖြစ်ပြီး ကုတင် ၃၀၀ ဆံ့၊ ထပ်အဆောက်အဦးဖြစ်ပါတယ်။ဆောက်လုပ်ရေးအပိုင်းကို TAISEI ကုမ္ပဏီ ကနေတာဝန်ယူတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

 

တည်ဆောက်ရေးကာလက နှစ်နှစ်စီမံကိန်းဖြစ်သဖြင့် လာမယ့် ၂၀၂၁ ခုနှစ် မေလ ရက်နေ့အပြီး တည်ဆောက် ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။

 

ဆေးရုံသစ်ကြီးပြီးစီးသွားပါက ဆေးပစ္စည်းကိရိယာစုံလင်စွာနဲ့  လုပ်ငန်းဆောင်ရွက်နိုင်မယ့်အပြင် ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးနှင့်ဆေးနှီးနွှယ်ပညာ သင်ကြားသင်ယူမှုလုပ်ငန်းတွေပါ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်  New Yangon Specialist Hospital)  တည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တင်ပွဲကို ဧပြီလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ပါတယ်။

#voiceofmyanmar #နှလုံး၊ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံ

Related posts

VOM News

FREE
VIEW