လျှပ်စစ်ဝန်ကြီးက  ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းနိုင်ဖို့ လုပ်နေတယ်လို့ဆို

ရန်ကုန် ဧပြီ ၂၉-၂၀၁၉

TGH (VOM)

 

လာမယ့် ၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးက အိမ်ထောင်စုအားလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောပါတယ်။

 

လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့အိမ်ထောင်စုပါင်း ၄၄ % ခန့်က လျှပ်စစ်ဓာတ်အားရရှိနေတယ်၊ခုနှစ် နှစ်ကုန်မှာ              ၅၀ % ထိ တိုးမြှင့်ရရှိနိုင်မှာပါ။ လာမယ့် ၂၀၂၀၂၀၂၁ ခုနှစ်မှာဆိုရင့ အိမ်ထောင်စုပေါင်း ၅၅ % က လျှပ်စစ်ဓာတ်အားရယူသုံးစွဲနိုင်ဖို့ မျှော်မှန်းထားတယ် ၊၂၀၂၅၂၀၂၆ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၇၅ % ရမယ်လို့မျှော်မှန်းထားတယ်လို့ ဆိုပါတယ်

 

ခုလိုေ ဆာင်ရွက်နိုင်ဖို့အတွက်   ပြည်ပ ချေးငွေရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေတွေသုံးစွဲပြီး  ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကဏ္ဍဟာ အခုရေတွင်းတူး၊အခုရေကြည်သောက်လို့မရတဲ့ ကိစ္စရပ်မျိုးဖြစ်ကြောင်းနဲ့ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံတွေကို တည်ဆာက်မယ်ဆိုရင် စီမံကိန်းချပြီးတည်ဆောက်တာနဲ့ ၇နှစ်၊ ၈နှစ်ကြာအောင်တည်ဆောက်ရတာဖြစ်တယ်လို့ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက်အစည်း အဝေးမှာပြောဆိုခဲ့ပါတယ်။

 

နောက်ပြီး လျပ်စစ်မီးပြတ်တောက်မှုမဖြစ်စေချင်ပါက  လျှပ်စစ်နှင့်စွမ်းအင်  ဝန်ကြီးဌာနကနေ တောင်းခံတဲ့ဘတ်ဂျက်ပမာဏကို ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar #လျှပ်စစ်ဝန်ကြီး #၂၀၃၀ #တနိုင်ငံလုံးမီးလင်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW