မုဒိမ်း(ရိုးရိုး)ထက် သက်ငယ်မုဒိမ်းဖြစ်ပွားမှုပိုများပြားနေကြောင်း ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာကဖော်ပြ

 

ရန်ကုန် ၊ ဧပြီ ၂၈-၂၀၁၉

TGH(VOM)

 

၂၀၁၈ ခုနှစ်ရဲ့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ရာဇ၀တ်မှု ပေါင်း ၁၁၂၀၁၀ မှုရှိရာ အရေးကြီးရာဇ၀တ် မှုအမျိုးအစားတွေအနေနဲ့ မုဒိမ်း(ရိုးရိုး) ၊ သက်ငယ်မုဒိမ်း ၊ လူသတ်မှု ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူးမှု ၊ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးတဲ့အမှုတွေပါဝင်နေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာ မှာဖော်ပြထားပါတယ်။

 

အဆိုပါ ကျန်ရှိ ရာဇ၀တ်မှုတစ်သောင်းကျော်ထဲမှာ မုဒိမ်း(ရိုးရိုး)က ၈၀၂ မှု ၊ သက်ငယ်မုဒိမ်း က ၁၁၂၀ ၊ လူသတ်မှုက ၁၃၃၉ ၊ မူးယစ်ဆေးဝါးမှုက ၁၂၄၁၇ ၊ လူကုန်ကူးမှု ၁၇၉ နဲ့ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှု ၃၂၉၄ ၊ အခြားအမှုပေါင်း ၉၂၈၅၉ ပါဝင်တာတွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ပြည်နယ်နဲ့တိုင်းဒေသကြီး တွေရဲ့ မြို့နယ်တရားရုံးနဲ့ ခရိုင်တရားရုံတွေမှာ စွဲဆိုခဲ့တဲ့ အရေးကြီးရာဇ၀တ်မှုစုစုပေါင်းက ၂၉၇၃၂၇ ရှိခဲ့ပါတယ်။

 

ဒီထဲမှာ နေ့ချင်းပြီးစစ် ဆေးပြီးပြတ် ခဲ့တဲ့အသေးအဖွဲမှုက ၁၈၅၃၁၇ ရှိခဲ့ပါတယ်။လက်ရှိမှာတော့ စွဲဆိုထားတဲ့ကျန်ရှိရာဇ၀တ်မှု အနေနဲ့ ၁၁၂၀၁၀ ရှိနေတာပဲဖြစ်ပါတယ်။ ကျန်ရှိရာဇ၀တ်မှုတွေရဲ့စာရင်းအရ ရန်ကုန်တိုင်းက သက်ငယ်မုဒိန်း စွဲဆိုမှုအများဆုံးနဲ့ လူသတ်မှု စွဲဆိုမှုအများ ဆုံးဖြစ်နေပါတယ်။သက်ငယ်မုဒိမ်း တစ်ထောင်ကျော်မှာ ရန်ကုန်တိုင်းက ၂၅၃ မှုနဲ့အများဆုံးဖြစ်နေပြီး လူသတ်မှု တစ်ထောင်ကျော်မှာဆိုရင်လည်း ရန်ကုန်တိုင်းက ၂၀၄ မှုနဲ့ အများဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။မန္တလေးတိုင်းက ဒုတိယအဖြစ်ရှိနေပါတယ်။ ရှမ်းပြည်နယ်က လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါး မှုနဲ့ စွဲဆိုမှုအများ အဖြစ်ရှိနေတာကိုတွေ့ရပါတယ်။

သက်ငယ်မုဒိမ်းမဟုတ်တဲ့ ရိုးရိုးမုဒိမ်းမှုနဲ့ စွဲဆိုမှုအများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ဖြစ်ပွားမှုရှိနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ မုဒိမ်းမှုဖြစ်ပွားမှုအချိုးစားအရ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းက တခြားမုဒိမ်းမှုတွေထက် ပိုပြီးများ ပြား တာကို တွေ့နေရတာကြောင့် သက်ငယ်မုဒိမ်းလျော့ပါးစေဖို့နဲ့တရားစီရင်ရေးဆိုင်ရာ ကလေး သူငယ် အခွင့် အရေး အပြည့်အ၀ရရှိစေဖို့အတွက် စီမံဆောင်ရွက်ထားရှိဖို့လိုအပ်တယ်လို့ တရားရုံးရဲ့နှစ်စဉ်အ စီရင်ခံစာ မှာထည့်သွင်းဖော်ပြ ထားပါသေးတယ်။

 

#voiceofmyanmar #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW