တရုတ်အရှေ့ပိုင်း စာသင်ကျောင်းမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် ရှစ်ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ



ပေကျင်း၊ နိုဝင်ဘာ-၁၇-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ စာသင်ကျောင်းတကျောင်းပြင်ပမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေပြီး ၁၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး Wuxi Yixing Arts and Crafts Vocational and Technical College မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး တိုက်ခိုက်မှုဟာ ညနေ ၆ နာရီ မိနစ် ၃၀ ဝန်းကျင်းမှာဖြစ်ပွားခဲ့တာပါ။

သူဟာ ၂၀၂၄ ခုနှစ်အတွင်း အဲဒီကျောင်းမှာ ကျောင်းပြီးခဲ့ပြီး စာမေးပွဲအမှတ်မကောင်းတာကြောင့် ဒီပလိုမာရယူခြင်းမရှိတာနဲ့ အလုပ်သင်လစာအပေါ် မကျေမနပ်ဖြစ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူဟာ တိုက်ခိုက်မှုကို တွေဝေခြင်းမရှိ မဆိုင်းမတွကျူးလွန်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တောင်ပိုင်း ရှူဟိုင်မြို့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ လူ ၃၅ ယောက်သေဆုံးခဲ့ပါသေးတယ်။

ယာဉ်မောင်းအမျိုးသားဟာ ကွာရှင်းပြတ်စဲမှုအပေါ် မကျေမနပ်ဖြစ်လို့ ဝင်တိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် မေးခွန်းထုတ်မှုတွေရှိနေပြီး လူတယောက်ရဲ့ ပုဂ္ဂိလိက မကျေနပ်ချက်ကို လူ့အဖွဲ့အစည်းကို လက်စားချေတယ်ဆိုတဲ့ အပြုအမူအပေါ် တရုတ်လူမှုကွန်ရက်တွေမှာ ဆွေးနွေးငြင်းခုန်နေပါတယ်။

Ref:BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW