ဝါရှင်တန်၊ ဇွန်-၁၅-၂၀၁၉
မျိုးဆက် (VOM)
အီရန်နိုင်ငံဆီကနေ ခြိမ်းခြောက်မှုတွေထပ်ရှိနေတယ်ဆိုပြီး ဒီကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် ပါရှန်ပင်လယ်ကွေ့သို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။
အိုမန်ပင်လယ်မှာ ရေနံတင်သင်္ဘောနှစ်စင်းကို မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပြီးနောက် ဇွန် ၁၄ ရက်မှာ ရှာနာဟန်က ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့ ၁၅ ရာခိုင်နှုန်း ဟာ ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ဆော်ဒီအာရေဗျနိုင်ငံကနေ လာခြင်းဖြစ်ပြီး နော်ဝေနဲ့ ဂျပန်ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် အခြေအနေပိုမိုဆိုးရွားလာရင် မိမိတို့အနေနဲ့ သိသာတဲ့ အရေးပေါ်အစီအစဉ်တွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သူကပြောပါတယ်။
ဒါအပြင် အမေရိကန်မဟာမိတ်တွေနဲ့ အနောက်တိုင်းလေ့သာသူတွေအကြား အငြင်းပွားနေတဲ့ အမေရိကန်က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုလိုမျိုး ရေနံတင်သင်္ဘောများတိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်ဆိုတဲ့ အထောက်အထားတွေ ပိုမိုပြသနိုင်ဖို့ကိုလည်း အမေရိကန်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဇွန် ၁၃ ရက်နေ့အစောပိုင်းက တိုက်ခိုက်ခံရတဲ့ ဂျပန်ရေနံတင်သင်္ဘော ကိုယ်ထည်ကနေ မိုင်းတစ်တစ်ခုကို အီရန် သင်္ဘောသားတွေက ဖယ်ရှားနေတာကို ပြသထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို အမေရိကန် ဗဟိုစစ်ဌာနချုပ်က အဲဒီနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် သံသယဖြစ်ဖွယ် အဲဒီ တိုက်ခိုက်မှုတွေအတွက် အီရန်အပေါ် အပြစ်တင်တဲ့ အမေရိကန်ရဲ့ ပြောဆိုမှုအပေါ် ဗြိတိန်နိုင်ငံကလွဲပြီး ဥရောပနိုင်ငံတွေကအစိုးရတွေက ခုချိန်ထိ လက်ခံဖို့ ငြင်းဆိုထားကြပါတယ်။
Ref : Press TV
Photo : Getty Images
#voiceofmyanmar #အမေရိကန် #အီရန် #ပါရှန်ပယ်လယ်ကွေ့