အခွန်အမှတ်တံဆိပ် ကပ်နှိပ်မရောင်းတဲ့ ဖုန်းဆိုင်တွေအကြောင်း တိုင်သူကို ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ပေးမယ်

ရန်ကုန်၊ ဇွန် ၁၅ – ၂၀၁၉ သိင်္ဂီ(VOM)   လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချတဲ့ ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ် မပေးတဲ့ အရောင်းဆိုင်တွေကို သတင်းပေးတိုင်ရင် ဒဏ်ငွေရဲ့ ၁၀ ရာခိုင်နူန်းကို ဆုကြေးငွေအဖြစ်  ပေးအပ်မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။   “ပြေစာပေါ်မှာ တံဆိပ်ခေါင်း မကပ်ပေးဘူး၊ အခွန်ကောက်တဲ့ နှုန်းထားလည်း မဖော်ပြထားဘူး၊  မရှိဘူးဆိုတိုင်း အခွန်မကောက်ထားဘူးလို့ မထင်ပါနဲ့၊ ဆိုင်တွေက မတူပါဘူး၊ ဖုန်းသွင်းကတည်းက အခွန်ဆောင်ထား တရားဝင်သွင်းထားတဲ့သူတချို့က  ဈေးနူန်းထဲမှာ အခွန်ကိုပါ တစ်ပါတည်းပေါင်းပြီးသားပါ။ ဒါကြောင့် အခွန်တံဆိပ်မကပ်ပဲ ရောင်းတာတွေ့ရင် တိုင်ကြားပေးပါ၊ အမှတ်တံဆိပ်ကပ်တာ မပြည့်ရင်လည်း တိုင်ကြားပေးပါ၊ အခွန်တော့ ကောက်ထားတယ်၊ တံဆိပ်တော့ မကပ်ပေးဘူးဆိုလည်း တိုင်ပေးပါ၊ ပူးပေါင်းပါဝင်ပေးပါ”လို့  ပြန်ကြားရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန နေပြည်တော်ရဲ့ ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်…

Read More

အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ

ဇွန်လ ၁၅ ရက် လမင်း (VOM)   သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။   “ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။   ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို…

Read More

တီးတိန်မြို့နယ် တွင် လူလေးဦးမှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်

တီးတိန်၊ ဇွန် ၁၅၊ ၂၀၁၉ မိုင်ချယ်ရီ   ချင်းပြည်နယ် တီးတိန်မြို့နယ် တွန်းဇံ (Tong Zang) ကျေးရွာ မှာ ဇွန်လ ၁၃ ရက်နေ့ ည ၉ နာရီ အချိန်လောက်က တွီးထန်ကျေးရွာ မှာ နေထိုင်တဲ့ ရွာသားတစ်ဦးကို လူလေးဦးက ကားငှားမည်ဟုဆိုကာ ခေါ်ဆိုပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။   တွီးထန်ကျေးရွာမှာ နေထိုင်တဲ့ ဦးထန်ခိုကျင်ပေါင် (၄၀) နှစ်ဟာ ကားငှားဖို့ ဖုန်းဆက်ခေါ်လို့ တုန်းဇံရွာသို့ သွားတဲ့အခါ လူလေးယောက်ကို တွေ့ရှိခဲ့သဖြင့် မလိုက်နိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လူလေးယောက်ထဲက တယောက်က ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)ကို သေနတ်မရှိဘူးလို့ ပြောတယ် ဒီမှာသေနတ်မြင်လား ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာကနေ ပေါင်မှာ သေနတ်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ တီးတိန်မြို့မ…

Read More

ပြည်တွင်း ငရုတ်(ငြုပ်) ရှားပါးနေလို့ နယ်စပ်ကတင်သွင်းခွင့်ပြုဖို့တင်ပြ

ရန်ကုန်၊ ဇွန် ၁၅-၂၀၁၉ သူရိန်​ (VOM)     ပြည်ပ၀ယ်ယူမှု များလာတာကြောင့် ပြည်တွင်းမှာငရုတ်သီး(ငြုပ်)အစိုရှားပါးနေတဲ့အတွက် စားသုံးသူ​တွေ နစ်နာမှုမရှိ​အောင်​ နယ်စပ်ကတရားဝင် တင်သွင်းခွင့်ပြုဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို အကြံပြုတင်ပြထားတယ်​လို့ စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။   စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးခင်ဟန် ​ပြောပြတာက “ အခုဝင်နေတာတွေကတော့ တရားမ၀င်တွေများတယ်။ အဲ့တော့တရားဝင်သွင်းခွင့် ပြုဖို့ စီးပွားကူးသန်းကို ကျနော်တို့က အကြံပေးထားတယ်။ သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ကျွန်တော်တို့ကလည်းကျွန်တော်တို့ဆုံးဖြတ်ပြီး ပေးလို့မရဘူး။ နိုင်ငံတော်အနေနဲ့ပဲလုပ်လို့ရမယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာ အစည်းအဝေးလုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ်ဆိုရင်သူတို့ ခွင့်ပြုမှာပေါ့။ တကယ်လို့ခွင့်ပြုလိုက်ပြီဆိုရင်တော့ ထိုက်သလောက်တော့ဈေးနည်းနည်း လျော့သွားမယ်။ အဲ့ဒီ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ မကြာခင်မှာငရုတ်သီးက တစ်သောင်း အထက်နားမှာ ရောက်သွားလိမ့်မယ်လို့ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်​။  …

Read More

တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်း ဟောင်ကောင်မှာ ဆိုင်းငံ့လိုက်ပြီ

ဟောင်ကောင်-ဇွန်-၁၅- ၂၀၁၉ မျိုးဆက် (VOM)   ပြစ်မှုကျူးလွန်သူတရားခံကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းတာကို ခွင့်ပြုတဲ့ အလွန်အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဟောင်ကောင်အစိုးရက ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် သတင်းဌာနကတွေက ဖော်ပြပါတယ်။   ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကာရီလမ်ကို အဲဒီ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့အတွက် သူမရဲ့ အကြံပေးတွေက မကြာသေးမီရက်တွေအတွင်းက တိုက်တွန်းပြောဆိုခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။   အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး သောင်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး မနက်ဖြန်မှာလည်း ထပ်မံဆန္ဒပြမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။   ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီကို တရားခံလွှဲပြောင်းပေးပြီး စီရင်တာဟာ တရားစီရင်ရေးစနစ်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေပြီး ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစ်ီရင်ရေးစနစ်ကို နောက်ထပ်ထိုခိုက်စေဖို့ဦးတည်လာလိမ့်မယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုပါတယ်။   ဟောင်ကောင်သည် တစ်ချိန်က ဗြိတိသျှကိုလိုနီဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာမခံချက်ပါဝင်သည့်…

Read More

၅လအတွင်း ခွေးကိုက်ခံရတဲ့လူနာ ၅၀၀၀ ဝန်းကျင်ရှိပြီး ခွေးရူးပြန် ရောဂါခံစားရတဲ့လူနာ ၁၀ ဦးရှိတဲ့အပြင် သေဆုံးတစ်ဦးရှိခဲ့

ရန်ကုန် ၊ ဇွန် -၁၅-၂၀၁၉ သိင်္ဂီ(VOM)   ဒီနှစ် ဇန်နဝါရီကနေ မေလအထိ ၅လအတွင်း  ရန်ကုန်ပြည် သူ့ဆေးရုံကြီးကိုလာရောက်ကုသမှုခံယူခဲ့တဲ့  ခွေးကိုက်ခံရတဲ့လူနာပေါ ၄၆၀ဝ ကျော်ရှိခဲ့ပြီး ခွေးရူးပြန်ရောဂါ ခံစားနေရတဲ့ လူနာက ၁၀ ဦးကျော်ရှိတယ်လို့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးကသိရပါတယ်။   “” ပြီးခဲ့တဲ့ နှစ်ကဆို ခွေးကိုက်ခံရလို့ လာရောက်ကုသတဲ့ လူနာဦးရေပေါင်း ၁၀၀၀၀ ကျော်ရှိခဲ့တယ်၊ အစကတော့ ခွေးကိုက်ရင် ပြည်သူလူထုတွေက နီးစပ်ရာ ဒေသန္တရတွေ နီးစပ်ရာဆေးရုံတွေ မှာသွားထိုးကြတာရှိတယ်။ အဲဒီ အခါကျရင် ကိုယ်ကဆေးသွားထိုးချိန်မှာ ဆေးအဆင်မပြေတာတွေ ရှိနိုင်သလို အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကြောင့် ခုဆို ကုသရေးဌာနသီးသန့်ဖွင့်ပေးလိုက်ပြီ။ ဆေးရုံးကြီးလေးခုမှာပါ၊အချိန်မရွေး ခွေးကိုက်ခံရတာနဲ့ ချက်ချင်းသွားပြနိုင်ပြီ”လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်ကပြောပါတယ်။   လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးကိုက်ခံရမှုအဖြစ်ပွားဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ…

Read More

ပါရှန်ပင်လယ်ကွေ့သို့  အမေရိကန်တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဇွန်-၁၅-၂၀၁၉ မျိုးဆက် (VOM)   အီရန်နိုင်ငံဆီကနေ ခြိမ်းခြောက်မှုတွေထပ်ရှိနေတယ်ဆိုပြီး  ဒီကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် ပါရှန်ပင်လယ်ကွေ့သို့  အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့  အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။   အိုမန်ပင်လယ်မှာ  ရေနံတင်သင်္ဘောနှစ်စင်းကို မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပြီးနောက် ဇွန် ၁၄ ရက်မှာ ရှာနာဟန်က ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။     ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့ ၁၅ ရာခိုင်နှုန်း ဟာ ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ဆော်ဒီအာရေဗျနိုင်ငံကနေ လာခြင်းဖြစ်ပြီး နော်ဝေနဲ့ ဂျပန်ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် အခြေအနေပိုမိုဆိုးရွားလာရင်  မိမိတို့အနေနဲ့ သိသာတဲ့ အရေးပေါ်အစီအစဉ်တွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သူကပြောပါတယ်။     ဒါအပြင်  အမေရိကန်မဟာမိတ်တွေနဲ့  အနောက်တိုင်းလေ့သာသူတွေအကြား အငြင်းပွားနေတဲ့ အမေရိကန်က…

Read More

ချေးငွေပြန်မဆပ်တဲ့ တောင်သူ ၂၀ ဦးကို အရေးယူထား

စစ်တွေ၊ ဇွန် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)   မိုးစပါးစိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးနေတာမှာ တချို့တောင်သူတွေဟာ ပြန်လည်ပေးသွင်းခြင်းမရှိတဲ့အတွက် တောင်သူ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တရားစွဲဆိုထားပါတယ်။   တရားစွဲဆိုထားတဲ့အကြောင်းကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးအေးသိန်း ပြောပြတာက “ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အရေးယူမှုကို အစောဆုံးကျန်တဲ့ကြွေးကစပြီးတော့ တကယ်ဆပ်နိုင်လျှက်နဲ့ မဆပ်ဘဲ ပေကပ်ကပ်လုပ်နေတဲ့သူတွေကို အရေးယူထားပါတယ်။ ဒါကလည်း ဥပဒေစိုးမိုးမှုကို လိုက်နာလာနိုင်အောင်အတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာတော့ တောင်သူ ၂၀ ဦးခန့်ကိုအရေးယူထားရှိပါတယ်။”လို့ ပြောပါတယ်။   အရေးယူထားတဲ့မြို့နယ်တွေကတော့ ကျောက်တော်မြို့နယ်အတွင်းမှာ ၁၂ ဦး၊ မြေပုံမြို့နယ်မှာ ၄ ဦးရှိပြီး တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ အရေးယူထားတာဖြစ်ပါတယ်။   “ပြီးခဲ့တဲ့နှစ်အထိကို ရခိုင်ပြည်နယ်မှာ ကြွေးပေါင်း ၇ ကြွေးလောက်ရှိတာပေါ့။ အကြွေးမဆပ်နိုင်တဲ့လူဦးရေ…

Read More

ဆိုင်​ကယ်​နဲ့ခရီးသည်​တင်​ကား မျက်​နှာချင်းဆိုင်​တိုက်​မိလို့ တနှစ်ကလေးအပါ သုံးဦးသေဆုံး

ကျောက်​တံခါး ဇွန်​ ၁၅-၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း အ​ရှေ့ခြမ်း ​ကျောက်​တံခါး မြို့နယ်​ ရန်​ကုန်​-မန္တ​လေး ကားလမ်း မိုင်​တိုင်​အမှတ် ၁၀၁/၄နဲ့၁၀၁/၅ ကြား အလယ်​ကျွန်း​ကျေးရွာ အနီး တိုလိုတံတား​ပေါ်မှာ မ​နေ့ ည​ ၇ နာရီ ဝန်းကျင်​​လောက်​က ဆိုင်​ကယ်​နဲ့ခရီးသည်​တင်​ကား မျက်​နှာချင်းဆိုင်​ တိုက်​မိပြီး တစ်​နှစ်​အရွယ်ကလေးအပါအဝင် လူသုံးဦး ​နေရာတင်​ ​သေဆုံးခဲ့ပါတယ်​။   အသက်(​၂၈)နှစ်ခန့်ရှိ​​ အမျိုးသားတစ်​ဦး ​မောင်းနှင်​ပြီး အသက်​(၂၅)နှစ်​ခန့်​ရှိ အမျိုးသမီးနဲ့ အသက်​တစ်​နှစ်​ခန့်​ရှိ​ ယောကျာင်္း​လေးတစ်​ဦးတို့​နောက်​မှစီးလာတဲ့ ​ ဆိုင်​ကယ်​နဲ့ ဦးကိုကိုမြင့်​ ​မောင်းလာတဲ့ TOYOTA HIACE အပြာ​ရောင်​ ခရီးသည်​တင်ကား တိုက်မိတာဖြစ်တယ်လို့​ ​ကျောက်​တံခါး မြို့မရဲစခန်း ဒုရဲအုပ်​ ​နော်​​ဒေဇီက ဆိုပါတယ်​။   “ ခရီးသည်​တင်​ ကား​ကယာဉ်​​မောင်းနဲ့ ခရီးသည်​​တွေ​တော့ထိခိုက်​မှုမရှိပါဘူး  ဆိုင်​ကယ်​ကိုမဆင်​မခြင်​ အရှိန်​ပြင်းပြင်း ​မောင်းတဲ့အတွက်​ တစ်​ဘက်​ယာဉ်​​ကြောက ကားနဲ့မျက်​နှာချင်းဆိုင်​…

Read More
VOM News

FREE
VIEW