ဆိုင်​ကယ်​နဲ့ခရီးသည်​တင်​ကား မျက်​နှာချင်းဆိုင်​တိုက်​မိလို့ တနှစ်ကလေးအပါ သုံးဦးသေဆုံး

ကျောက်​တံခါး ဇွန်​ ၁၅-၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်း အ​ရှေ့ခြမ်း ​ကျောက်​တံခါး မြို့နယ်​ ရန်​ကုန်​-မန္တ​လေး ကားလမ်း မိုင်​တိုင်​အမှတ် ၁၀၁/၄နဲ့၁၀၁/၅ ကြား အလယ်​ကျွန်း​ကျေးရွာ အနီး တိုလိုတံတား​ပေါ်မှာ မ​နေ့ ည​ ၇ နာရီ ဝန်းကျင်​​လောက်​က ဆိုင်​ကယ်​နဲ့ခရီးသည်​တင်​ကား မျက်​နှာချင်းဆိုင်​ တိုက်​မိပြီး တစ်​နှစ်​အရွယ်ကလေးအပါအဝင် လူသုံးဦး ​နေရာတင်​ ​သေဆုံးခဲ့ပါတယ်​။

 

အသက်(​၂၈)နှစ်ခန့်ရှိ​​ အမျိုးသားတစ်​ဦး ​မောင်းနှင်​ပြီး အသက်​(၂၅)နှစ်​ခန့်​ရှိ အမျိုးသမီးနဲ့ အသက်​တစ်​နှစ်​ခန့်​ရှိ​ ယောကျာင်္း​လေးတစ်​ဦးတို့​နောက်​မှစီးလာတဲ့ ​ ဆိုင်​ကယ်​နဲ့ ဦးကိုကိုမြင့်​ ​မောင်းလာတဲ့ TOYOTA HIACE အပြာ​ရောင်​ ခရီးသည်​တင်ကား တိုက်မိတာဖြစ်တယ်လို့​ ​ကျောက်​တံခါး မြို့မရဲစခန်း ဒုရဲအုပ်​ ​နော်​​ဒေဇီက ဆိုပါတယ်​။

 

“ ခရီးသည်​တင်​ ကား​ကယာဉ်​​မောင်းနဲ့ ခရီးသည်​​တွေ​တော့ထိခိုက်​မှုမရှိပါဘူး  ဆိုင်​ကယ်​ကိုမဆင်​မခြင်​ အရှိန်​ပြင်းပြင်း ​မောင်းတဲ့အတွက်​ တစ်​ဘက်​ယာဉ်​​ကြောက ကားနဲ့မျက်​နှာချင်းဆိုင်​ တိုက်​မိတာလို့  “ ​​ပြောပါတယ်​။

 

ယာဉ်​ကို ​ပေါ့ဆစွာ ​မောင်းနှင်​တဲ့ ဆိုင်​ကယ်​​မောင်းနှင်​သူကို ယာဉ်​(ပ)၁၂/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-ကအရ အမှုဖွင့်​ထားတယ်လို့ ကျောက်​တံခါး မြို့မရဲစခန်း က ရဲအုပ်​​ကျော်​သူထက်​က​ပြောပါတယ်။

 

#voiceofmyanmar #ကျောက်တံတား #ဆိုင်ကယ်နဲ့ကားနဲ့တိုက် #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW