တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်း ဟောင်ကောင်မှာ ဆိုင်းငံ့လိုက်ပြီ

ဟောင်ကောင်-ဇွန်-၁၅- ၂၀၁၉

မျိုးဆက် (VOM)

 

ပြစ်မှုကျူးလွန်သူတရားခံကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းတာကို ခွင့်ပြုတဲ့ အလွန်အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဟောင်ကောင်အစိုးရက ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် သတင်းဌာနကတွေက ဖော်ပြပါတယ်။

 

ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကာရီလမ်ကို အဲဒီ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့အတွက် သူမရဲ့ အကြံပေးတွေက မကြာသေးမီရက်တွေအတွင်းက တိုက်တွန်းပြောဆိုခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

 

အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး သောင်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး မနက်ဖြန်မှာလည်း ထပ်မံဆန္ဒပြမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

 

ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီကို တရားခံလွှဲပြောင်းပေးပြီး စီရင်တာဟာ တရားစီရင်ရေးစနစ်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေပြီး ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစ်ီရင်ရေးစနစ်ကို နောက်ထပ်ထိုခိုက်စေဖို့ဦးတည်လာလိမ့်မယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုပါတယ်။

 

ဟောင်ကောင်သည် တစ်ချိန်က ဗြိတိသျှကိုလိုနီဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာမခံချက်ပါဝင်သည့် တရုတ်နိုင်ငံ၏ တစ်နိုင်ငံ စနစ်နှစ်ခု မူအရ ၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

 

Ref ; BBC

Photo : Reuter

 

#voiceofmyanmar  #ဟောင်ကောင် #တရုတ် #တရားခံလွှဲပြောင်းမယ့်ဥပဒေကြမ်း

Related posts

Leave a Comment

VOM News

FREE
VIEW