တီးတိန်မြို့နယ် တွင် လူလေးဦးမှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်

တီးတိန်၊ ဇွန် ၁၅၊ ၂၀၁၉

မိုင်ချယ်ရီ

 

ချင်းပြည်နယ် တီးတိန်မြို့နယ် တွန်းဇံ (Tong Zang) ကျေးရွာ မှာ ဇွန်လ ၁၃ ရက်နေ့ ည ၉ နာရီ အချိန်လောက်က တွီးထန်ကျေးရွာ မှာ နေထိုင်တဲ့ ရွာသားတစ်ဦးကို လူလေးဦးက ကားငှားမည်ဟုဆိုကာ ခေါ်ဆိုပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

တွီးထန်ကျေးရွာမှာ နေထိုင်တဲ့ ဦးထန်ခိုကျင်ပေါင် (၄၀) နှစ်ဟာ ကားငှားဖို့ ဖုန်းဆက်ခေါ်လို့ တုန်းဇံရွာသို့ သွားတဲ့အခါ လူလေးယောက်ကို တွေ့ရှိခဲ့သဖြင့် မလိုက်နိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လူလေးယောက်ထဲက တယောက်က ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)ကို သေနတ်မရှိဘူးလို့ ပြောတယ် ဒီမှာသေနတ်မြင်လား ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာကနေ ပေါင်မှာ သေနတ်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ တီးတိန်မြို့မ ရဲစခန်းက ပြောပါတယ်။

 

ပစ်ခတ်ခံရပြီးတဲ့နောက် ဆိုင်ကယ်နှစ်စီး နဲ့ လူလေးဦး ထွက်သွားချိန်မှာ တီးတိန်မြို့မရဲစခန်းကို အကြောင်းကြားခဲ့လို့ အခုအချိန်မှာတော့ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ တီးတိန်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီဖြစ်စဉ်ကို တီးတိန်မြို့မရဲစခန်း မှာ အမှုဖွင့်လှစ်ထားပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

#VoiceOfMyanmar #တီးတိန် #သေနတ်ပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW