သတင်းမီဒီယာ အခန်းကဏ္ဍ မြင့်မားမှသာ ဒီမိုကရေစီစနစ်ကို ရရှိမယ်လို့ သူရဦးရွှေမန်းပြော

မန္တလေး၊ ဇွန် ၂၀-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်း နဲ့ မန္တလေးလူထု တွေ့ဆုံပွဲမှာ သတင်းမီဒီယာ အခန်းကဏ္ဍ မြင့်မားမှသာ ဒီမိုကရေစီစနစ်ကို ရရှိမယ်လို့ သတင်းမီဒီယာနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုတဲ့အချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

“ကျနော်တို့က လွှတ်တော်မှာ နေရာရမှ မဟုတ်ပါဘူး။ ဒီကနေ့အထိ သတင်းမီဒီယာတွေကို တန်ဖိုးထားပါတယ်၊ လေးစားပါတယ်၊ သတင်းမီဒီယာအခန်းကဏ္ဍကိုလည်း မြင့်မားစေလိုပါတယ်။ အဲလို့ ပွင့်လင်းပြီး မြင့်မားလာမှသာ ဒီမိုကရေစီစနစ်ကို ရရှိမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

ဒီမိုကရေစီဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဖြစ်ပြီး သတင်းရယူခြင်းနဲ့ သတင်းဖြန့်ဝေခြင်းတွေက သာမာန်ပြည်သူတွေမှာမရှိဘဲ သတင်းမီဒီယာတွေဆီမှာသာ ရှိတဲ့အတွက် သတင်းမီဒီယာအခန်းကဏ္ဍ မြင့်မားဖို့လိုတယ်လို့ သူရဦးရွှေမန်းက ပြောခဲ့တာပါ။

 

သတင်းမီဒီယာဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေ သိချင်တဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် တိတိကျကျ ပေးနိုင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ကလည်း သတင်းမီဒီယာတွေကို အားပေးလက်ခံ ကူညီရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar # သတင်းမီဒီယာအခန်းကဏ္ဍမြင့်မားမှသာဒီမိုကရေစီစနစ်ကိုရရှိမယ် #သူရဦးရွှေမန်း #မန္တလေး #ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

Related posts

✕
VOM News

FREE
VIEW