ဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းလိုတာကြောင့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ဇွန် ၂၀ -၂၀၁၉ သစ်တော် (VOM)   ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က တညင်းကုန်းဈေးက ဈေးသူဈေးသားတွေဟာ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့လိုတာကြောင့် အင်အား ငါးရာလောက်က ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ”ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့နိုင်တဲ့ အကြောင်းကြောင့်ပါ။ ပြောင်းရွှေ့ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကိုလည်း မြို့တော်ခန်းမမှာ ကော်မတီဆယ်ဦး  အပါအဝင် တွဲဖက်အတွင်းရေးမှူး ဦးသန်းကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရတဲ့အတွက် မကျေနပ်လို့ပါ။” လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အပြင်ဈေးရုံ ကိုယ်စားလှယ် ကိုစိုးကျော်က ပြောပါတယ်။   မူလဈေးဟောင်းနေရာ ပြန်လည်ရရှိရေး၊ ရန်ကုန်မြို့ရှိ အခြားဈေးများနည်းတူ မူလနေရာမှာပဲ စည်ပင်သာယာလက်အောက်တွင်နေစေလိုရေး၊ အများပြည်သူများဘဝ ကုမ္ပဏီလက်အောက်သို့ မရောက်ရှိရေး၊ ပြည်သူတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရ ပြည်သူ့ဆန္ဒ နားထောင်ပေးရေး၊ ဈေးတာဝန်ခံ ဦးသန်းထွဋ် အလိုမရှိ စတာတွေကို ဒို့အရေး…

Read More

အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

စစ်တွေ၊ ဇွန် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ကျေးရွာသားတွေ ဖမ်းဆီးခံနေကြရပြီး အဲ့ဒီကျေးရွားသားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တပ်မတော်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။   အဲ့ဒီတရားစွဲဆိုခံနေရတဲ့သူတွေထဲမှာ မြောက်ဦးမြို့နယ်လက္ကာကျေးရွာက ဆယ်တန်းကျောင်းသားလေးတွေ ပါဝင်နေပြီး သူတို့တွေကို အစိုးရနဲ့သက်ဆိုင်ရာတွေဘက်က ပြန်လည်လွှတ်ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိ မလွှတ်ပေးသေးတာကြောင့် ပညာရေးအတွက် နစ်နာဆုံးရှုံးနေရတာ ဖြစ်ပါတယ်။   ဒီနေ့မှာတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စတဲ့မြို့နယ်တွေက ဖမ်းဆီးခံနေရသူ ၅၀ ကျော်ကို စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့တာဖြစ်ပြီး သူတို့အထဲမှာ အသက်ကြီးပိုင်းတွေပါဝင်နေသလို တချို့မှာရာသီတုပ်ကွေကြောင့် ဖျားနာနေသူတွေလည်းရှိနေပြီး ဆေးကုသခွင့်ရချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။   #voiceofmyanmar   # အပြစ်မရှိတဲ့သူတွေကိုဖမ်းဆီးထားရာကနေအမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို  # ရခိုင် #မြောက်ဦး# ကျောက်တော် # ရသေ့တောင်

Read More

မန္တလေး ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် အရင်ကထက် ပိုအေး

မန္တလေး၊ ဇွန် ၂၀ ၂၀၁၉ နေခ(VOM)   ဒီရက်ပိုင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်စိမ်းဈေးကွက်က အရောင်းအဝယ်မရှိသလောက် အေးနေတယ်လို့ ကျောက်စိမ်းကုန်သည်အချို့ထံက သိရပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အသားကျောက်ပြပွဲအပြီးမှာ အရောင်းအဝယ်ပိုအေးနေတာပါ။ အဲဒီအသားကျောက်ပြပွဲကို ဇွန်လ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပြပွဲ မတိုင်ခင်ကတည်းက ကျောက်စိမ်း အရောင်းအဝယ် အေးနေပြီဖြစ်ပေမယ့် ပြပွဲပြီးကာလမှာတော့ ဈေးကွက်အနေအထား ပိုမို ဆိုးရွားလာခဲ့တယ်လို့  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။   အရောင်းအဝယ် အေးနေရခြင်းနဲ့ ပတ်သက်လို့  “တရုတ် နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့်လည်း ပါမယ်။ ကျောက်စိမ်းက တရုတ်က ရောင်းရတာကိုး။” လို့ ဦးသန်းဝင်းက ဆိုပါတယ်။   မဟာအောင်မြေ…

Read More

သတင်းထောက် ခါရှိုဂျီအသတ်ခံရမှု ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်နေတယ်လို့ ကုလသမဂ္ဂဆို

ကုလသမဂ္ဂ၊ ဇွန်-၂၀-၂၀၁၉ မျိုးဆက် (VOM)   ပြီးခဲ့တဲ့နှစ်က တူရကီနိုင်ငံ အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက် ဂျမယ်ခါရှိုဂျီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ယုံကြည်ရတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့  ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။   ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ အဂ္ဂနက်ကယ်လာမာ့ ဦးဆောင်တဲ့ ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို  ဇန်န၀ါရီလက စတင်ခဲ့တာဖြစ်ပြီး  သူတို့ရဲ့ တွေ့ရှိချက်  အစီရင်ခံစာကို ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   သတင်းထောက် ခါရှိုဂျီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ပါဝင်ပတ်သက်နေတယ်ဆိုတာကို ဆော်ဒီအာရေဗျက အခိုင်အမာ ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်တယ်ဆိုတာ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  …

Read More

တမူးမြို့ ပစ်ခတ်မှုတွေကို အရပ်ဖက်အဖွဲ့အစည်းတွေ ရှုတ်ချ

တမူး၊ ဇွန် – ၂၀ – ၂၀၁၉ သစ်တော် (VOM)   စစ်ကိုင်းတိုင်း တမူးမြို့မှာ သေနတ်ပစ်ခတ်မှုနဲ့ ဗုံးပေါက်​ကွဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယခွဲထွက် လက်နက်ကိုင်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြို့လူထုက ရှုတ်ချလိုက်ပါတယ်။   ဒီဘက်နှစ်ပိုင်းတွေအတွင်း တမူးမြို့မှာ မင်းမဲ့စရိုက်ဆန်တဲ့ သေနတ်ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး အခုလ ၁၈ ရက်ညပိုင်းကလည်း မြို့လည်ခေါင်မှာပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့ ဇွန် ၁၉ ရက်မှာတော့ တမူးမြို့က လူထုအဖွဲ့အစည်းငါးခုကနေ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။   ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တမူးမြို့ကူကီးစာပေနဲ့ ယဉ်ကျေးမှု နာယက ဦးထန်းဆေးကို မေးမြန်းခဲ့ရာမှာ “တမူးမှာ အရင်ဒီလိုအဖွဲ့အစည်းတွေ မရှိခင်က ငြိမ်းချမ်းမှုရှိပါတယ်။ ဒီလိုပေါက်ကွဲမှုမျိုးလဲအရင် နှစ် ၂၀ မတိုင်ခင်မှာ မဖြစ်ခဲ့ပါဘူး။ အခုနှစ်၂၀ နောက်ပိုင်း တမူးမြို့ထဲ သေနတ်နဲ့ပြစ်သတ်မှုတွေအပါအဝင် ဗုံးပေါက်ကွဲတာလည်း…

Read More

YBS စမတ်ကဒ်တွေ အခုလကုန်မှာ စတင်ထုတ်ပေးမယ်

ရန်ကုန် ၊ ဇွန် ၂၀- ၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်မြို့မှာ YBS ယာဉ်မောင်းတွေကို တိုင်ကြားတာတွေနဲ့ပတ်သက်ပြီး အလွယ်တကူ စိစစ်မှုတွေ ပြုလုပ်နိုင်မယ့် စမတ်ကဒ်တွေကို ဒီလကုန်မှာစတင် ထုတ်ပေးတော့မယ်လို့  ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA )ကနေ သိရပါတယ်။   ကနဦးအနေနဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ ယာဉ်မောင်းတွေကို စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဒုတိယ ဦးစားပေးအနေနဲ့ ကုမ္ပဏီငယ်တွေက ယာဉ်မောင်းတွေ၊ တတိယအကြိမ်မှာတော့ တာဝန်ခံယာဉ်မောင်းတွေကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။   ” စမတ်ကဒ်တွေကို ယာဉ်လိုင်းတစ်လိုင်းချင်စီလိုက် ဆောင်ရွက်ပေးထားတယ်။ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ဘယ်ကုမ္ပဏီမှာမောင်းတယ်၊ ID နံပါတ်တွေပါမယ်။ အဲဒီနံပါတ်တွေနဲ့ နောက်ပိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စမတ်ကတ်တွေက ယာဉ်မောင်းတွေအပြင် စနစ်တစ်ခုလုံးအတွက်ပါ။ အခု ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းအင်အားအတိုးအလျော့ ရှိလာလို့ စာရင်းတွေ တိုက်ဆိုင်စစ်ဆေးနေတယ်။ ရုံးမှာပဲ ယာဉ်လိုင်းတစ်လိုင်းချင်းစီကို ထုတ်ပေးဖို့…

Read More

မလေးရှားသွားမယ့် တရားမ၀င်မြန်မာလုပ်သား ၃၅ ဦး ထိုင်းမှာ အဖမ်းခံရပြန်

ဘန်ကောက်၊ ဇွန်-၂၀-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် ထိုင်းနိုင်ငံ ဆာဒေအိုခရိုင်မှာရှိတဲ့ စိုက်ပျိုးရေးခြံတစ်ခုထဲမှာ စောင့်ဆိုင်းနေတဲ့ တရားမ၀င်မြန်မာလုပ်သား ၃၅ ဦးကို ထိုင်းရဲတွေက ဇွန် ၁၉ ရက်ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။   အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၁၄ ဦးပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ ခလောင်ငိုင်ဈေးအနောက်မှာရှိတဲ့ စိုက်ပျိုးရေးခြံတစ်ခုထဲမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပြီး ညရှစ်နာရီလောက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဖွဲ့ကို ဦးဆောင်တဲ့ နောက်ထပ်မြန်မာတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   ဒီလိုလုပ်ဆောင်တာဟာ မလေးရှားကို တရားမ၀င်မြန်မာလုပ်သားတွေ သွားရောက်နေမှုကို အဆုံးသတ်ဖို့ဖြစ်ပြီး လူကုန်ကူးသူတွေဟာ မလေးရှားသွားမယ့် မြန်မာလုပ်သားတွေကို ဘန်ကလန်၊ ဟတ်ရိုင်၊ ရက်တာဖန်နဲ့ ဆာဒေဆိုခရိုင်တွေမှာ စောင့်ဆိုင်းဖို့ အမြဲလိုလို ခေါ်ဆောင်လာတတ်တယ်လို့ ဆိုပါတယ်။   တရားမ၀င်မြန်မာလုပ်သားအများစုကတော့ မလေးရှားနိုင်ငံက စိုက်ပျိုးရေးနဲ့…

Read More

ပေါင်းတည်​မြို့ နယ်​ အခွန်​ဦးစီးဌာန ဒုဦးစီး တစ်​ဦး ကြိုးဆွဲချ​သေဆုံး

ပေါင်းတည်​၊ ဇွန်​ ၂၀- ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​မှာ မ​နေ့ည ၁၀ နာရီဝန်းကျင်​​လောက်​က အခွန်​ဦးစီးဌာန ဒု-ဦးစီး တစ်ဦး ​နေအိမ်​ အိပ်​ခန်းအတွင်းက ထုတ်​တန်းမှာ ကြိုးဆွဲချ ​သေဆုံးသွားတယ်​လို့ ပေါင်းတည်​မြို့ မရဲစခန်းက သိရပါတယ်​။   “သေဆုံးသူဟာ အာရုံကြောနဲ့ ဦးနှောက်သိပ်မကောင်းလို့ ဆေးကုနေရတယ်။ သင်္ကြန်မှာတော့ လေဖြတ်သွားသေးတယ်။ အဲဒီမှာ အာရုံကြောထိပြီး မျက်လုံးသိပ်မမြင်ရတော့ဘူး။ မိန်းမက အိမ်ပေါ်က ဆင်းသွားတယ်။ အလုပ်ကလည်း မလုပ်နိုင်တော့ စိတ်ဓာတ်ကျပြီး အခုလို သေဆုံးသွားတာ ဖြစ်နိုင်တယ်။” လို့ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောပါတယ်။   သေဆုံးသူ အခွန်ဦးစီးဌာန ဒုတိယဦးစီး ဦးရန်အောင်ဟာ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက်မှာနေထိုင်နေတာပါ။ သေဆုံးသူနဲ့…

Read More

သတင်းမီဒီယာ အခန်းကဏ္ဍ မြင့်မားမှသာ ဒီမိုကရေစီစနစ်ကို ရရှိမယ်လို့ သူရဦးရွှေမန်းပြော

မန္တလေး၊ ဇွန် ၂၀-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်း နဲ့ မန္တလေးလူထု တွေ့ဆုံပွဲမှာ သတင်းမီဒီယာ အခန်းကဏ္ဍ မြင့်မားမှသာ ဒီမိုကရေစီစနစ်ကို ရရှိမယ်လို့ သတင်းမီဒီယာနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုတဲ့အချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။   “ကျနော်တို့က လွှတ်တော်မှာ နေရာရမှ မဟုတ်ပါဘူး။ ဒီကနေ့အထိ သတင်းမီဒီယာတွေကို တန်ဖိုးထားပါတယ်၊ လေးစားပါတယ်၊ သတင်းမီဒီယာအခန်းကဏ္ဍကိုလည်း မြင့်မားစေလိုပါတယ်။ အဲလို့ ပွင့်လင်းပြီး မြင့်မားလာမှသာ ဒီမိုကရေစီစနစ်ကို ရရှိမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။   ဒီမိုကရေစီဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဖြစ်ပြီး သတင်းရယူခြင်းနဲ့ သတင်းဖြန့်ဝေခြင်းတွေက သာမာန်ပြည်သူတွေမှာမရှိဘဲ သတင်းမီဒီယာတွေဆီမှာသာ ရှိတဲ့အတွက် သတင်းမီဒီယာအခန်းကဏ္ဍ မြင့်မားဖို့လိုတယ်လို့ သူရဦးရွှေမန်းက ပြောခဲ့တာပါ။   သတင်းမီဒီယာဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေ သိချင်တဲ့ သတင်းအချက်အလက်တွေကို…

Read More

အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်ကို အီရန်စစ်ဘက် ပစ်ချ

တီဟီရန် ၊ ဇွန်-၂၀-၂၀၁၉ မျိုးဆက် (VOM)   အီရန်လေပိုင်နက်အတွင်း ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အီရန်နိုင်ငံတောင်ပိုင်း ဟော်မော့ဇ်ဂန်ပြည်နယ်ရှိ ခူမိုဘာရက်ခ်အနီးမှာ RQ-4 Global Hawk လို့ အမည်ရတဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်စစ်ဘက်က အတည်ပြုတာ၊ ငြင်းဆိုတာမျိုး မရှိသေးပါဘူး။   အီရန်တပ်ဖွဲ့ဝင်တွေရဲ့  ရန်လိုတဲ့ အပြုအမူတွေကို တုံ့ပြန်ဖို့ အရှေ့အလယ်ပိုင်းကို  အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်မံဖြန့်ကြက်ဖို့  ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပြီးနောက်မှာ အမေရိကန် မောင်းသူမဲ့ လေယာဉ် ပစ်ချခံရတာ ဖြစ်ပါတယ်။   အိုမန်ပင်လယ်ကွေ့မှာ မကြာသေးမီရက်ပိုင်းအတွင်းက ရေနံတင်သင်္ဘောနှစ်စင်းကို မိုင်းနဲ့ တိုက်ခိုက်မှု အီရန်နိုင်ငံက…

Read More
VOM News

FREE
VIEW